Related Posts Plugin for WordPress, Blogger...

 မလေးရှားနိုင်ငံ၊ ပီနန် မြို့နယ် ဘူကစ်မတာဂျမ်ရပ်ကွက် (BM)ရှိ ဆောက်လုပ်ရေးလုပ်ငန်း တစ်ခုတွင် အလုပ်သမားများအုပ် စုဖွဲ့ခိုက်ရန်ဖြစ်ပွားရာ မြန်မာနိုင် ငံသားတစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိကြောင်းသတင်းရရှိ သည်။

ဇွန်လ၁၄ရက် နံနက် ၁နာရီ ၀န်းကျင်တွင် ဘူကစ်မတာဂျမ် (BM)ရှိ ဆောက်လုပ်ရေးလုပ်ငန်း တစ်ခုတွင် လုပ်ကိုင်နေသောမြန် မာနိုင်ငံသားများနှင့် ဘင်္ဂလားဒေ့ ရှ်နိုင်ငံသားများနှစ်ဖက်အုပ်စုဖွဲ့ ခိုက်ရန်ဖြစ်ပွားရာ ဓားထိုးဒဏ်ရာ ဖြင့် မြန်မာနိုင်ငံသားတစ်ဦးသေ ဆုံးပြီး တစ်ဦးမှာ ဒဏ်ရာပြင်း ထန်စွာရရှိခဲ့ကြောင်းသတင်းရရှိ သည်။

‘‘သူ့ရဲ့ အပိုင်ရဲစန်းကို ဖုန်း ဆက်မေးကြည့်တော့ မြန်မာတွေ နဲ့ ဘင်္ဂလားတွေရန်ဖြစ်တာလို့ ပြောတယ်။ ဘယ်လိုတွေဖြစ်ကြ တယ်ဆိုတာ သူတို့လည်းမသိ သေးပါဘူး။ ရဲတွေရောက်လာ တော့ ထွက်ပြေးသွားကြတယ် ပြောပါတယ်’’ဟု မလေးရှားနိုင်ငံ ပီနန်နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ကိုဗိုလ်မြကပြောသည်။

မြန်မာနိုင်ငံသားများနှင့်ဘင်္ဂ လားဒေ့ရှ်နိုင်ငံသားများ အုပ်စုဖွဲ့ ခိုက်ရန်ဖြစ်ပွားမှုသတင်းများကို ဇွန်လ၁၄ရက် ညနေထုတ်သတင်း စာများတွင် ဖော်ပြထားကြောင်း မလေးရှားနိုင်ငံဧဒင် ဥယျာဉ်လူမှုကွန်ရက်မှ ကိုမျိုးကပြောသည်။

‘‘ဆေးရုံကိုသွားကြည့်ပါဦး မယ်။ ဒဏ်ရာရတဲ့သူက တော် တော်အခြေအနေ ဆိုးတယ်လို့ ကြားလို့ပါ။ သေဆုံးတဲ့သူရော၊ ဒဏ်ရာရတဲ့သူရော နာမည်တွေ သေချာမသိသေးပါဘူး’’ဟု ကိုမျိုး ကပြောသည်။

သေဆုံးသူအလောင်းအား Seberang Jayaဆေးရုံသို့ ပို့ ဆောင်ထားပြီး ဒဏ်ရာပြင်းထန် စွာရရှိသူကိုလည်း ထိုဆေးရုံတွင် ပို့ဆောင်ထားကြောင်းသတင်းရရှိ သည်။

7DAY DAILY

http://7daydaily.com/story/13266#.U50PwSgVdnE


Posted by Arakan News on 6/15/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ