Related Posts Plugin for WordPress, Blogger...

 ဂေါတမ မြတ်စွာဘုရား ဖွားမြင်တော်မူရာ နေရာဖြစ်သော လုမ္ဗဏီမှ ငြိမ်းချမ်းရေး နှင့် ဒီမိုကရေစီ ကမ္ဘာအနှံ့သို့ ပျံ့နှံ့သွားစေလိုဟု နီပေါရောက် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဇွန်လ ၁၅ရက်က ပြောကြားခဲ့သည်ဟု နီပေါအခြေစိုက် သည်ဟီမဲလ်လယန်းတိုင်းမ် (The Himalayan Times) သတင်းစာတွင် ဖော်ပြထားသည်။

လုမ္ဗဏီတွင် လုမ္ဗဏီဖွံ့ဖြိုးရေးအုပ်ထိန်းသူအဖွဲ့က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ တစ်ခုတွင် ဒေါ်အောင်ဆန်းစုကြည်က ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က Kapilavastu သို့ ဇွန်လ ၁၅ရက် နံနက်တွင် ရောက်ရှိလာခြင်းဖြစ်ကာ ဂေါတမ မြတ်စွာဘုရား ဖွားမြင်တော်မူရာ လုမ္ဗဏီသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် လုမ္ဗဏီဖွံ့ဖြိုးရေး အုပ်ထိန်းသူအဖွဲ့၏ အတွင်းရေးမှူး၊ အဖွဲ့ဝင်များ နှင့် ဝန်ထမ်းများကို တွေ့ဆုံခဲ့ပြီး မြန်မာဘုန်းကြီးကျောင်း  တစ်ကျောင်းကိုလည်း သွားရောက်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က နီပေါစစ်တပ်၏ ရပ်တည်မှုအနေအထား နှင့် နီပေါနိုင်ငံရေး၌ ပါဝင်ပတ်သက်သူများအကြား ညှိနှိုင်းဆောင်ရွက်ကာ ဆုံးဖြတ်ချက်များ ချမှတ်လေ့ရှိသော အစဉ်အလာကို ချီးကျူးခဲ့သေးသည်ဟု နီပေါအခြေစိုက် သတင်းစာက ဆိုသည်။

“မြန်မာစစ်တပ်အနေနဲ့ နီပေါစစ်တပ်က ပြသခဲ့တဲ့ လမ်းစဉ်ကို လိုက်သင့်ပါတယ်” ဟု ကွယ်လွန်သူနီပေါဝန်ကြီးချုပ်ဟောင်း ဘီပီကွေရာလာ (BP Koirala) ၏ အသက် ၁ဝဝ ပြည့် အထိမ်းအမှတ်အဖြစ် Hotel Hyatt Regency တွင် ကျင်းပခဲ့သော အစီအစဉ် တစ်ခုတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ကြောင်း နီပေါအခြေစိုက် သတင်းစာက ဆိုခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်သည် နီပေါနိုင်ငံသို့ ဇွန်လ၁၄ရက် နေ့လည်က ရောက်ရှိခဲ့ခြင်းဖြစ်ပြီး နီပေါနိုင်ငံက ချီးမြှင့်မည့် ငြိမ်းချမ်းရေးဆုကို လက်ခံရယူမည်ဖြစ်ကာ ကွယ်လွန်သူ နီပေါဝန်ကြီးချုပ်ဟောင်း BP Koirala ၏ အသက် ၁ဝဝ ပြည့် အထိမ်းအမှတ် အခမ်းအနားကိုလည်း တက်ရောက်ခဲ့သည်။ ယင်းအပြင် ဒေါ်အောင်ဆန်းစုကြည်သည် နီပေါလွှတ်တော်တွင် စကားပြောမည်ဖြစ်ပြီး ခတ္တမန္ဒူမြို့တွင် ကျင်းပမည့် နိုင်ငံတကာ ဆိုရှယ်လစ်ညီလာခံ၌ မိန့်ခွန်းပြောကြားမည်ဖြစ်သည်။ သူမက ဇွန်လ ၁၆ရက်တွင် နီပေါနိုင်ငံက ပြန်လည်ထွက်ခွာမည်ဖြစ်သည်။

Mizzima - News in Burmese

Posted by Arakan News on 6/15/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ