သူက
ပိန်ပိန်ပါးပါး။ ပိန်သည်မှ တကယ့်ပါးပါးလျားလျား။ သို့သော်အတွင်းစိတ်က
မာမည်ဆိုတာကိုတော့ ယုံမှားသံသယရှိစရာမလို။
သူ့မျက်နှာပေါ်မှာတမင်တကာလုပ်ယူမထားဘဲ အလိုအ လျောက်ဖြစ်နေသည့် မာန်တွေရှိ
သည်။ နှစ်ကာလကြာရှည်စွာ အကျဉ်းချခံခဲ့ရသည့်
ထိုခန္ဓာကိုယ်ပိန်ပိန်ပါးပါးအတွင်းမှာ ထက်မြက်မာကျောသော စိတ်သဏ္ဌာန်က
ကိန်းအောင်းနေခဲ့သည်။
တောင်အာဖရိက သမ္မတ ဟောင်း နယ်လ်ဆင်မန်ဒဲလားနှင့် ချက်သမ္မတဗက်ကလပ်ဟာဗဲလ်
အပါအ၀င်ကျော်ကြားသောအ ခြား နိုင်ငံရေးအကျဉ်းသမားဟောင်းတွေမှာ တွေ့ရသောအ
ရည်အချင်းတွေကဖျတ်ခနဲကြည့်လိုက်ရုံဖြင့် သူ့ဆီမှာထင်ရှားစွာမြင်နေရသည်။
သူတို့လိုပင်
သူကလည်းတိုင်းပြည်၏မျှော်လင့်ချက်များကိုပခုံးထမ်းသယ်ဆောင်လာသူဖြစ်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ကျွန်မ ပထမဆုံးအကြိမ်တွေ့စဉ် က ၂၀၁၁ခုနှစ်
ဒီဇင်ဘာ ၁ရက်ဖြစ်ပါသည်။ ကျွန်မတို့နှစ်ယောက်စလုံးအဖြူရောင်တွေကို
တိုက်တိုက်ဆိုင်ဆိုင်ဝတ်ဆင်ထားခဲ့ကြသည်။
နှစ်ပေါင်းများစွာသူ့အကြောင်းကိုတွေး။ စာတွေဖတ်ခဲ့ရာက နောက်ဆုံးတွင်
ကျွန်မတို့ မျက်နှာချင်းဆိုင်ဆုံတွေ့ကြပါသည်။ ဒေါ်စုကနေအိမ်အကျယ် ချုပ်မှ
လွတ်မြောက်ခါစဖြစ်သလို ကျွန်မကလည်း မြန်မာနိုင်ငံမှာ
ဒီမိုကရေစီရေးရာပြုပြင်ပြောင်းလဲမှုအလားအလာတွေကို သူနှင့်တွေ့ဆုံဆွေးနွေးရန်
မိုင်ပေါင်းထောင်ချီခရီးနှင်လာခဲ့ရသူဖြစ်သည်။ အမေရိကန်ကောင်စစ်ဝန်၏
အိမ်ဖြစ်သည့် သာယာသောအင်းလျားကန်စောင်းဘေး၊ ကိုလိုနီအိမ်ဟောင်းကြီး၏
အပြင်ဘက်က သီးသန့်ညစာစားပွဲမှာ ကျွန်မတို့ အတူထိုင်စားခဲ့ကြသည်။ ကျွန်မတို့
အချင်းချင်းယခုမှတွေ့သော်လည်း ကျွန်မနှင့်သူက တစ်ဘ၀လုံးသိနေခဲ့ကြသည့်
မိတ်ဟောင်းဆွေဟောင်းတွေသဖွယ်ခံစားမိသည်။
ကျွန်မမှာကလည်း မေးခွန်း တွေက တစ်ပုံတစ်ပင်။ ဒေါ်အောင်ဆန်းစုကြည်မှာလည်း
ထို့အတူ။ နှစ်ပေါင်းများစွာ ဒီမိုကရေစီရရှိ ရေးလှုပ်ရှားမှုခေါင်းဆောင်အ
ဖြစ်ရှိခဲ့ရာမှ ဒီမိုကရေစီကိုလက်တွေ့ အတွေ့အကြုံယူရန် သူကပြင်ဆင်နေပါသည်။
ဆန္ဒပြမှုတွေကနေ နိုင်ငံရေးအဖြစ် ဘယ်လိုကူးပြောင်းမှာလဲ။ ရွေးကောက်ပွဲကို
ဘယ်လိုပြင်ဆင် သွားရမလဲဆိုသည်နှင့် ကိုယ့်ကိုယ်ကိုယ်ပုံစံသစ်မှာ
အံဝင်ခွင်ကျအောင်ဘယ်လိုလုပ်ယူမလဲ။ ကျွန်မတို့ဆွေးနွေးပွဲက
ပွင့်ပွင့်လင်းလင်းနွေးနွေးထွေးထွေးရှိလှပါသည်။ မကြာပါချေ။ ကျွန်မတို့
နှစ်ယောက်မှာ စကား
များတွတ်ထိုးရင်းနှင့် မိတ်ဆွေဟောင်းတွေလို အားပါးတရရယ်မောမိကြပါသည်။
ထိုအခိုက်အတန့်သည် တ ကယ့်ကိုအရေးပါသော အချိန် တစ်ခုဆိုသည်ကို
ကျွန်မတို့နှစ် ယောက်စလုံးသိရှိကြပါသည်။ တိုင်းပြည်ကို အုပ်စိုးနေသော စစ်
ဗိုလ်ချုပ်များက မြန်မာဟုခေါ်ပြီး အတိုက်အခံများက ဘားမားဟုခေါ်သည့်
မြန်မာပြည်သည် အရှိန်အဟုန်ပြင်းသော ပြောင်းလဲမှုများအတွက်
ခြေမခိုင့်တခိုင်လှမ်းနေပါပြီ။ ယခင်ကကဲ့သို့ သွေးထွက်သံ ယိုမှုများ
ဖိနှိပ်ညှဉ်းပန်းမှုများအ ခြေအနေဆီသို့ အလွယ်တကူ
နောက်ပြန်လှည့်သွားနိုင်သည်။ အကယ်၍ ကျွန်မတို့က မှန်ကန် သော
လမ်းကြောင်းပေါ်သို့ ရောက်အောင် ကူညီပေးခဲ့ပါက ယခုတိုးတက်မည့်အလားအလာ သည်
ယခင်ခေတ်အဆက်ဆက် က အခြေအနေများထက် အများ ကြီးပိုကောင်းသွားနိုင်ပါသည်။
အမေရိကန်ပြည် ထောင်စုအတွက် မြန်မာနိုင်ငံကို စစ်အာဏာရှင်စနစ်မှ
ဒီမိုကရေစီသို့ ကူးပြောင်းခြင်းနှင့် တိုင်းပြည်ကို ပြန်လည်စုစည်းသွားအောင်
ကူညီခွင့်ရခြင်းဆိုသည့် အခွင့်အရေးက
စိတ်လှုပ်ရှားစရာဖြစ်သည်။မြန်မာနိုင်ငံကလည်း
ထိုအားထုတ်မှုနှင့်ထိုက်တန်ပါသည်။ မြန်မာနိုင်ငံက
သန်းပေါင်းများစွာသောပြည်သူလူထုသည် လွတ်လပ်ပြီးစည်ပင်
သာယာဝပြောမှုနှင့်ထိုက်တန်ပါသည်။ထို့အတူမြန်မာနိုင်ငံအပေါ်မှာ ကြီးမားသော
ဗဟာဗျူဟာဆိုင်ရာ ရည်မှန်းချက်များ လည်း ရှိနေပါသည်။ မြန်မာက
အရှေ့တောင်အာရှ၏ ဗဟိုတွင် တည်ရှိပြီး အမေရိကန်ရော တရုတ်အစိုးရကပါ
သြဇာလွှမ်းမိုးရန်အား ထုတ်နေသည့်ဒေသဖြစ်သည်။
စစ်မှန်သော ပြုပြင်ပြောင်း လဲရေးလုပ်ငန်းစဉ်ကသာ ကျွန်မ တို့
မျှော်မှန်းထားသည့် မဟာဗျူ ဟာအတွက် မှတ်ကျောက်တင် နိုင်မည်ဖြစ်ပါသည်။
ဒီမိုကရေစီ နှင့်အာရှတစ်ဝန်းက လူ့အခွင့်အ ရေးလှုပ်ရှားသူများကို အားပေးပြီး
အာဏာရှင်အစိုးရများ ဆန့်ကျင်မှုကိုအားပေးရန်ဖြစ်ပါသည်။
ကျွန်မတို့မအောင်မြင်ခဲ့လျှင်
အကျိုးဆက်များကပြောင်းပြန်ဖြစ်သွားနိုင်ပါသည်။ မြန်မာစစ်ဗိုလ်ချုပ်များက
ကျွန်မတို့အပေါ် လှည့်ဖြားကစားနိုင်သည့်အန္တရာယ်လည်းရှိပါသည်။
အောက်ခြေမှာမပြောင်းလဲဘဲ
အပေါ်ယံလူကြည့်ကောင်းရုံနည်းနည်းပါးပါးပြောင်းလဲရုံနှင့်
နိုင်ငံတကာအလယ်မှာအထီးကျန်ဖြစ်မှုကနေ ကျော်လွှားနိုင်မည်ဟု သူတို့က
မျှော်လင့်ကောင်းမျှော်လင့်နေနိုင်ပါသည်။ အမေရိကန်ပြည်ထောင်စု၌
စောင့်ကြည့်အကဲခတ်သူ အတော်များများကမြန်မာနိုင်ငံကအခြေအနေများမှာ
အဖြူအမည်းမသဲကွဲချိန်မှာ ကျွန်မကအမှားတွေ လျှောက်လုပ်ကုန်ပြီဟု ထင်ကြသည်။
ကျွန်မကလည်း ထိုအန္တရာယ်တွေကို မျက်စိရှင်ရှင်ထား ခဲ့ရ၏။ သို့သော်လည်း
အခြေအနေများကို ချိန်ဆကြည့်သည့်အခါ သည်အခွင့်အရေးကို ကျွန်မက
ဘယ်လိုလုပ်လက်လွှတ်ဆုံးရှုံးခံ နိုင်မှာလဲ။
၂နာရီနီးပါးကြာအောင်ဒေါ် အောင်ဆန်းစုကြည်နှင့် ကျွန်မတို့
ထိုင်စကားပြောခဲ့သည်။ ဒေါ်စုက လည်း အမေရိကန်ပြည်ထောင်စု အနေဖြင့်
မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲမှုများကို မည်သို့တုံ့ပြန် မည်ကို
သိချင်လှ၏။ ကျွန်မက အမေရိကန်အနေဖြင့် မြန်မာ ဘက်က ဆောင်ရွက်လှုပ်ရှားမှု
များနှင့် ကိုက်ညီအောင်တုံ့ပြန် မည်ဟု ပြောကြားခဲ့သည်။
အပြည့်အ၀သံတမန်ဆက် ဆံရေးပြန်လုပ်ခြင်းမှ အစချီ ပြီး
အရေးယူပိတ်ဆို့မှုများ ဖြေ လျှော့ပေးခြင်းနှင့် ရင်းနှီးမြှုပ်နှံမှု
များလုပ်ခြင်းစသည့် အခွင့်အရေး အတော်များများ ကျွန်မတို့က မြန်
မာကိုပေးနိုင်ပါသည်။
သို့သော်လည်းနိုင်ငံရေးအ ကျဉ်းသားများပြန်လွှတ်ခြင်း၊ တ
ရားမျှတသောရွေးကောက်ပွဲ၊တိုင်းရင်းသားလူနည်းစုများနှင့်လူ့ အခွင့်အရေးကို
ကာကွယ်ခြင်း၊ မြောက်ကိုရီးယားနှင့်စစ်ရေးအ ဆက်အသွယ်ဖြတ်တောက်ခြင်း နှင့်
ကာလကြာရှည်နေသည့်တိုင်း ရင်းသားလက်နက်ကိုင်များနှင့်
တိုက်ပွဲများအဆုံးသတ်ခြင်းတို့ကို ကျွန်မတို့က မြင်တွေ့ရန်လိုအပ်သည်။
ကျွန်မတို့လုပ်ရပ်တိုင်းသည် မြန်မာတွင် နောက်တစ်ဆင့်
တိုးတက်မှုဖြစ်လာအောင်ရည်ရွယ်ပါသည် ဟု ကျွန်မက သူ့ကိုအခိုင်အမာ
ပြောပြခဲ့ပါသည်။
ဒေါ်စုကလည်းထိုစိန်ခေါ်မှု များနှင့် မြန်မာကိုအုပ်ချုပ်နေ သည့်
စစ်ဗိုလ်ချုပ်ကြီးများအ ကြောင်းကို ကောင်းကောင်းသိပါ သည်။
ဗြိတိသျှအစိုးရလက်ထက် ကနေ နိုင်ငံလွတ်လပ်ရေးရ အောင်ဦးဆောင်တိုက်ယူခဲ့သည့်
သူ့ဖခင်ဗိုလ်ချုပ်အောင်ဆန်းပင် လျှင် ၁၉၄၇ခုနှစ်က နိုင်ငံရေးပြိုင်
ဘက်တို့၏ လက်ချက်ဖြင့်ကျဆုံးခဲ့ ရသည်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း
နိုင်ငံရေးလှုပ်ရှား မှုများကြောင့် ၁၉၈၉ခုနှစ်ဇူလိုင် လတွင်
ပထမဆုံးအကျယ်ချုပ်ကျ ခံခဲ့ရ၏။ ထိုကတည်းကစပြီးဒေါ်
စုမှာနေအိမ်အကျယ်ချုပ်ကိုထွက် လိုက်ဝင်လိုက်ဖြစ်နေခဲ့သည်။ ၁၉၉၀ပြည်နှစ်တွင်
စစ်တပ်ကရွေးကောက်ပွဲကျင်းပရာဒေါ်စု၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါ တီက
မဲအပြတ်အသတ်ဖြင့်အနိုင် ရခဲ့သည်။ စစ်ဗိုလ်ချုပ်များကအ သိအမှတ်မပြုခဲ့ပါ။
နောက်တစ်နှစ်တွင် ဒေါ် အောင်ဆန်းစုကြည်က နိုဗယ်
ငြိမ်းချမ်းရေးဆုဆွတ်ခူးခဲ့သည်။ သူ့ကိုယ်စား ခင်ပွန်းဖြစ်သူ
အောက်စဖို့ဒ်တက္ကသိုလ်၏ တိဗက် နှင့်ဗုဒ္ဓဘာသာဆိုင်ရာပါမောက္ခဒေါက်တာအဲရစ်က
သားများနှင့် အတူ တက်ရောက်လက်ခံယူခဲ့ သည်။ နေအိမ်အကျယ်ချုပ်ကျနေ စဉ်အတွင်း
ဒေါ်အောင်ဆန်းစု ကြည်မှာ မိသားစုကို တွေ့ဆုံခွင့် သိပ်မရခဲ့ပါ။
ခင်ပွန်းဖြစ်သူမိုက် ကယ်အဲရစ်ကင်ဆာရောဂါဖြင့် ဆေးကုသမှုခံယူနေစဉ်မကွယ်
လွန်မီဒေါ်စုကို တွေ့ခွင့်ရရန်ကြိုး ပမ်းရာ မြန်မာစိုးရက ပြည်ဝင်ခွင့်
မပေးခဲ့ချေ။ သူတို့က ဒေါ်အောင် ဆန်းစုကြည်ကိုသာတိုင်းပြည်မှ
သွားခွင့်ပေးခဲ့သည်။ သူသွား လျှင် မြန်မာပြည်ကိုပြန်ဝင်ခွင့်မ
ပေးမှာစိုးသဖြင့် ဒေါ်စုကလည်း ထိုအခွင့်အရေးကို ငြင်းပယ်ခဲ့ သည်။
ထို့ကြောင့် နောက်ဆုံးနှုတ် ဆက်စကားပင်ပြောခွင့်မရခဲ့ဘဲ ၁၉၉၉တွင်
မိုက်ကယ်အဲရစ်ကွယ် လွန်သွားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က မြန်မာမှာ ဒီမိုကရေစီအခွင့်အ
လမ်းဖြစ်လာနိုင်မှုများကို အစစ် အမှန်ဟုယုံကြည်ထားခဲ့သော် လည်း သတိထားပြီး
သုံးသပ်ကိုင် တွယ်ဖို့လိုသည်ဟု တွေးထားခဲ့ သည်။ ကျွန်မတို့အသေးစိတ်ကို
ဆွေးနွေးရန် နောက်တစ်နေ့မှာ တွေ့ဆုံရန်သဘောတူကြသည်။
သည်တစ်ကြိမ်တွင်တော့သူအိမ် မှာတွေ့ဆုံမည်ဖြစ်ပါသည်။
ထိုနေ့က ကျွန်မတို့နှစ် ယောက်လမ်းခွဲကြတော့ အိပ်မက် မက်နေသလားဟု
ကျွန်မကိုယ် ကျွန်မဆွဲဆိတ်ကြည့်မိပါသည်။ ၂၀၀၉ခုနှစ်
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဖြစ်သည့်အချိန်တွင် ကျွန်မကယခုလို
လာရောက်ရန်စိတ်ကူးယဉ်ခဲ့ဖူးပါသည်။
ထိုအချိန်မတိုင်မီ လွန်ခဲ့ သော ၂နှစ်၊
၂၀၀၇ခုနှစ်မှာငြိမ်းချမ်းစွာဆန္ဒပြနေသော သံဃာတော်များကို မြန်မာစစ်သားများက
သေနတ်ဖြင့် ပစ်သတ်ခဲ့ကြသည့် ကြောက်မက်ဖွယ်ရာမြင်ကွင်းများကို
ကမ္ဘာကြီးကစောင့်ကြည့်ခဲ့ရသည်။ယခုတွင်မူ မြန်မာက
ခေတ်သစ်ကိုပြောင်းဖို့ဦးတည်နေပါပြီ။
ထိုအချက်က ကမ္ဘာကြီးက သူ၏အမြင်များကိုဘယ်လောက်
မြန်မြန်ပြောင်းလဲနိုင်သလဲဆို သည်ကို သတိပြုဆင်ခြင်ဖွယ်ရာ ပင်ဖြစ်ပါသည်။
ထိုပြောင်းလဲမှုများကို ပုံစံတကျလိုက်လျောညီ ထွေဖြစ်အောင် အကူအညီပေးရန်
အမေရိကန်နိုင်ငံအတွက် မည်မျှအရေးကြီးသည်ဆိုသည် ကိုလည်း ပြသနေပါသည်။
(အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟောင်း ဟီလာရီကလင်တန်၏ မကြာသေးမီက
စတင်ဖြန့်ချိ လိုက်သော Hard Choices စာအုပ် ပါ မြန်မာနိုင်ငံအခန်းကဏ္ဍဖြစ်
သည့် Burmaမှ The Lady & Gen−erals အခန်းကိုထားထားမြင့်ဘာ
သာပြန်ဆိုသည်။)
http://www.7daydaily.com


0 comments