
ဘင်္ဂလားဒေ့ရှ်သတင်းစာတစ်စောင်က
ဇွန်လ ၁၂ ရက်တွင် မြန်မာနယ်ခြားစောင့်တပ်ဖွဲ့က
ဘင်္ဂလားဒေ့ရှ်သစ်ခုတ်သမားတစ်ဦးကို ပစ်သတ်ခဲ့သည်ဟု စွပ်စွဲရေးသားထားပြီး
မြန်မာနယ်ခြားစောင့်တပ်ဖွဲ့က ထိုသတင်းကို ငြင်းဆိုထားသည်။
မြန်မာ−ဘင်္ဂလားဒေ့ရှ်နယ်စပ်စည်းရိုးတွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေသော
နယ်ခြားစောင့်တပ်ဖွဲ့ဝင်တစ်ဦးကို ဇွန်လ ၇ ရက်ကတွေ့ရစဉ် (ဓာတ်ပုံ −
ညွန့်ဝင်း/အီးပီအေ)
ဘင်္ဂလားဒေ့ရှ်သစ်ခုတ် သမားကို မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့က ဇွန်လ ၁၂
ရက်ကပစ် ခတ်ခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ် သတင်းဌာန The Daily Star ၏
စွပ်စွဲရေးသားချက်ကို မြန်မာဘက်ကငြင်းဆန်လိုက်သည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မြို့ဖြစ်သည့် နတ်ကျောက်စာရီတွင်
ဘင်္ဂလားဒေ့ရှ် သစ်ခုတ် သမားသည် အဆိုပါရက် နေ့လယ်၁ နာရီခွဲခန့်တွင်
မြန်မာနယ်ခြား စောင့်ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကို ခံခဲ့ရခြင်းဖြစ်သည်ဟု ဘင်္ဂလား
ဒေ့ရှ်မီဒီယာတွင်ရေးသားခဲ့သည်။
The Daily Star ၏စွပ်စွဲချက် ကို ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့နှင့်
နယ်ခြားစောင့် ရဲတပ်ဖွဲ့များက ငြင်းဆန်လိုက်ပြီး
ယင်းကဲ့သို့ပစ်ခတ်မှုမျိုးမရှိခဲ့ကြောင်း 7 Day ၏ မေးမြန်းမှုကို
ပြန်လည်ဖြေကြား သည်။
The Daily Star ၏သတင်း တွင် တိုက်ခိုက်ခံခဲ့ရသည့် သစ် ခုတ်သမားသည်
ကော့ဘဇားဆေး ရုံတွင် ဆေးကုသမှုခံယူနေရဆဲ ဖြစ်သော်လည်း စိုးရိမ်စရာ
အခြေအနေမရှိကြောင်း ဆရာဝန်၏ ပြောစကားများကို ကိုးကားပြီး ရေးသားထားသည်။
မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်များသည် မေလအတွင်းက
အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ ပြီး ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်
တပ်ဖွဲ့ဝင်တစ်ဦးသေဆုံးခဲ့သည်။
ယင်းဖြစ်ရပ်များ ဖြစ်ပွား အပြီး ရက်ပိုင်းအတွင်း နှစ်နိုင်ငံ
လုံခြုံရေး အရာရှိများကနေပြည် တော်တွင် နယ်စပ်ကိစ္စများဆွေးနွေးခဲ့သည်။
ယင်းဆွေးနွေးပွဲတွင် နယ်စပ်ဒေသများ၌ ပြီးခဲ့သည့် မေလအတွင်း
ဖြစ်ပွားခဲ့သည့်ဖြစ် စဉ်များကဲ့သို့ အလားတူ ထပ်မံ မဖြစ်ပွားစေရေးအတွက်
လိုအပ် သည့်အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားရန်နှင့် နယ်စပ်ဒေသ
တစ်လျှောက်တွင် နေထိုင်သည့် ဒေသခံပြည်သူများအား နှစ်နိုင်ငံ
နယ်နိမိတ်မျဉ်းနှင့်စပ်လျဉ်းသည့် အသိပညာပေး အစီအစဉ်များ ဆောင်ရွက်ကြရန်
အပါအဝင် အချက်ကိုးချက်ကို သဘောတူ ထားသည်။
http://www.7daydaily.com

0 comments