Related Posts Plugin for WordPress, Blogger...

အေဂျင်စီများထံမှ စာရင်း ကောက်ခံထား
သော နယ်ကိုယ် စားလှယ်များ မမှန်မကန်
လုပ်သား စုဆောင်းပါက ပြည်ထဲရေးဝန်ကြီး
 ဌာနက တိုက်ရိုက်အရေးယူမည်ဟု
 အလုပ်သမား၊ အလုပ်အကိုင်နှင့်


လူမှုဖူလုံရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပြည်ပသို့ သွားရောက်လုပ် ကိုင်လိုသည့် မြန်မာအလုပ်သမား များကို လိုင်စင်ရအေဂျင်စီနှင့် ကြားမှ ချိတ်ဆက်ပေးရန် နယ် ကိုယ်စားလှယ်များ တရားဝင်ထား ရှိရန်အစိုးရက ၂၀၁၃ ခုနှစ်က တည်းက ညွှန်ကြားခဲ့ခြင်းသည်။ အေဂျင်စီများ တရားဝင်ထား ရှိမည့် နယ်ကိုယ်စားလှယ်စာရင်း တွင် ယခုနှစ် ဇွန်လအထိ အေ ဂျင်စီ နှစ်ရာကျော်အနက် နယ် ကိုယ်စားလှယ် တရားဝင်ပွဲစားဦး ရေ တစ်ရာကျော် တင်သွင်းထား သည်ဟု သိရသည်။

 အေဂျင်စီများ တရားဝင် နယ်ကိုယ်စားလှယ်များ မထားရှိ ခြင်းကြောင့် ပြဿနာဖြစ်
ပွားပါက ပွဲစားများ  ထွက်ပြေးတိမ်းရှောင်လျက်ရှိပြီး ၀န်ဆောင်ခများကို လည်း

အေဂျင်စီနှင့် အလုပ်သမား များအကြား ပိုမိုလိမ်လည်ကောက် ခံလျက်ရှိသည်။

‘‘စာရင်းသွင်းထားတဲ့ နယ် ကိုယ်စားလှယ် ပြောင်းမယ်ဆိုရင် စာရင်းပြန်လာတင်။ အကယ်၍ ပြဿနာဖြစ်လို့ အရေးယူမယ်ဆို ရင် အဲဒါက ပြည်ထဲရေးက လုပ် ရမှာ။ အလုပ်သမားဝန်ကြီးဌာန က လိုင်စင်ထုတ်ပေးထားတဲ့ အ မည်စာရင်းသွင်းတာပဲ လက်ခံ တယ်’’ ဟု အထက်ပါတာဝန်ရှိသူ က ပြောသည်။

အေဂျင်စီများထံမှ တင်သွင်း လာသည့် နယ်ကိုယ်စားလှယ်စာ ရင်းများကို ပြည်ထဲရေးဝန်ကြီး ဌာနက စိစစ်ပြီး ပြစ်မှုကင်းရှင်းမှ သာ နယ်ကိုယ်စားလှယ်လိုင်စင် ထုတ်ပေးခြင်းဖြစ်သည်။ လက်ရှိ တွင် တင်သွင်းလာသည့် ရာနှင့် ချီသော နယ်ကိုယ်စားလှယ် စာ ရင်းများအနက် ဇွန်လ ၅ ရက်အ ထိ ၁၃၀ ဦး လုပ်ကိုင်ခွင့် ပြုထား ကြောင်း သတင်းရရှိသည်။

ပြည်ပသို့ တရားမ၀င် လုပ် သားစေလွှတ်လျက်ရှိသော ပွဲစား များသည် တစ်ဖက်နိုင်ငံမှ လူပွဲစား ပူးပေါင်း၍ အလုပ်သမားများထံ မှ အခကြေးငွေ မတရားကောက် ခံသည့်အပြင် အလည်အပတ်ဗီ ဇာဖြင့် လိမ်လည်ပို့ဆောင်လျက် ရှိသည်။

7 Day News Daily

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ