Related Posts Plugin for WordPress, Blogger...

မုံရွာမြို့၊ ကွေ့ကြီးရပ်ကွက်၊ဗိုလ်ချုပ်လမ်း
မကြီးပေါ်တွင် ပါဂျဲရိုယာဉ်တစ်စီး ဆိုင်
ကယ်ရှောင်တိမ်းရာမှ အရှိန်မထိန်းနိုင်ဘဲ
ဆိုင်ကယ်လေးစီးနှင့် ကားတစ်စီးကို


ဝင်တိုက်သည့် ဖြစ်ရပ် ဇွန်လ၆ ရက် နေ့လယ်ကဖြစ်ပွားခဲ့သည်။

မုံရွာမြို့၊ ကွေ့ကြီးရပ်ကွက်၊ ဗိုလ်ချုပ် လမ်းမကြီးပေါ်တွင် မြောက်မှ တောင်သို့
 မောင်းနှင် လာသော ပါဂျဲရိုယာဉ်တစ်စီးသည် နေ့လယ် ၁၁ နာရီ ၄၅ မိနစ်က
ဆိုင်ကယ်တစ်စီးကို ရှောင်တိမ်းရာမှအရှိန်မထိန်းနိုင်ဘဲ လမ်းအနောက်ဘက်ရှိ ဓာတ်တိုင်နှင့်ဖုန်းတိုင်ကို ၀င်တိုက်မိပြီး ဆက် လက်၍ ကွမ်းယာဆိုင်ရှေ့ ရပ် ထားသည့်  ဆိုင်ကယ်သုံးစီးကို ၀င်တိုက်ခဲ့ကာ လမ်းအရှေ့လက် ခြမ်းရပ်ထားသော ဆိုင်ကယ်တစ် စီးနှင့်  ပါရာဒိုယဉ်ကိုတိုက်မိခဲ့ ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းများ တွင် ဖော်ပြသည်။

ယာဉ်တိုက်မှုကြောင့် မော်တော်ယာဉ် ၂ စီး၊ဆိုင်ကယ် ၄ စီး၊ လျှပ်စစ်ဓာတ်တိုင် ၁ တိုင်နှင့် ဖုန်းတိုင် ၁ တိုင်ပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိသူ မရှိပေ။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်းအား မုံရွာမြို့ မြို့မရဲတပ်ဖွဲ့စခန်းက အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိသည်။

‘‘ပါဂျဲ ရိုကားမောင်းတဲ့သူက အရက်မူးနေတယ်လို့သိရတယ်။ ဆိုင်ကယ်ကို ရှောင်ရင်း တိမ်း ရင်းနဲ့ ဘရိတ်နဲ့လီဗာမှားတယ်လို့ ပြောပါတယ်’’ဟု မုံရွာမြို့ မြို့မ ရဲတပ်ဖွဲ့စခန်းတာဝန်ရှိသူတစ်ဦး ကပြောသည်။

  ‘‘ကားက မြောက်ကနေ တောင်ကိုမောင်းလာတာ။ ပထမ ဆုံး လျှပ်စစ်ဓာတ်တိုင်ကို ၀င် တိုက်တယ်။ ပြီးတော့ဖုန်းတိုင် ကွန်ကရစ်တိုင်ကို ဆက်တိုက် တယ်။ ပေါက်ကြီးကွမ်းယာဆိုင် ရှေ့မှာ ရပ်ထားတဲ့ ဆိုင်ကယ် သုံး စီးဝင်တိုက်တယ်။ အရှိန်မထိန်း နိုင်ဘဲ လမ်းအရှေ့ဘက်မှာရပ် ထားတဲ့ ဆိုင်ကယ်တစ်စီးနဲ့ ပါရာ ဒိုကားတစ်စီးကို ဆက်တိုက်ပြီး လမ်းအနောက်ဘက်က ခြံဝင်းရှေ့မှာ ထိုးရပ်သွားတယ်’’ဟု မုံ ရွာမြို့ခံတစ်ဦးက ပြောသည်။


http://www.shwemyanmarmediagroup.org 

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ