Related Posts Plugin for WordPress, Blogger...

၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်
စာရင်းများကို ၂၀၁၄ ခုနှစ် ဇွန် ၇ ရက်တွင်
တစ်နိုင်ငံလုံး အတိုင်းအတာအရ ပြည်နယ်နှင့်
တိုင်းဒေသကြီး အသီးသီးရှိ စာစစ်ဌာနများတွင်
တစ်ပြိုင်နက်တည်း ထုတ်ပြန်ကြေညာခဲ့ပြီး


တစ်နိုင်ငံလုံး၏ အောင်ချက်မှာ ရာခိုင်နှုန်း ၃၀ ကျော်ရှိကြောင်း သိရသည်။

၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ တစ်နိုင်ငံလုံး အတိုင်းအတာအရ တက္ကသိုလ်ဝင်စာမေးပွဲ ၀င်ရောက်ဖြေဆိုရန် စာရင်းပေးသွင်း လျှောက်ထားသူ ဦးရေမှာ အမြင်အာရုံ ချို့ယွင်းသူ ၃၅ ဦး၊ ဆွံ့အနားမကြားသူ ၁၂ ဦး၊ ကိုယ်လက်အင်္ဂါ မသန်စွမ်းသူ ၅၂ ဦး၊ မြ၀တီနယ်စပ်ဒေသတွင် ဖြေဆိုသူ ၁၃၉ ဦး အပါအ၀င် ၅၈၈၆၁၂ ဦးရှိခဲ့ပြီး တစ်နိုင်ငံလုံး အတိုင်းအတာအရ ရာခိုင်နှုန်း ၉၀ ကျော် ၀င်ရောက်ဖြေဆို ခဲ့ကြခြင်းဖြစ်သည်။ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတွင် အောင်ချက်ရာခိုင်နှုန်းများ ကောင်းမွန်ခဲ့ကြသော်လည်း မြို့နှင့်အလှမ်းဝေးသည့် ဝေးလံခေါင်ဖျား ဒေသများတွင် အောင်ချက်ရာခိုင်နှုန်းများ ကျဆင်းကြောင်း ပညာရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်
တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းများကို ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ စာစစ်ဌာန အသီးသီးတွင် တစ်နိုင်ငံလုံး အတိုင်းအတာအရ တစ်ပြိုင်နက်တည်း ထုတ်ပြန်ကြေညာ ခဲ့ခြင်းဖြစ်ပြီး ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ တနင်္သာရီ တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသ ကြီးအတွင်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်မြို့နယ် ဒေသများရှိ စာစစ်ဌာနများမှ အောင်မြင်သူများ၏ အောင်စာရင်းများကို ဇွန် ၇ ရက် နံနက် ၈ နာရီမှစ၍ မြန်မာ့အသံမှ ထုတ်လွှင့်ကြေညာ ပေးမည်ဖြစ်သည်။

  ၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၂ ရက်တွင် မြန်မာစာ၊ မတ် ၁၃ ရက် တွင် အင်္ဂလိပ်စာ၊ မတ် ၁၄ ရက်တွင် သချာင်္၊ မတ် ၁၇ ရက်တွင် ဓာတုဗေဒ၊ မတ် ၁၈ ရက်တွင် ရူပဗေဒ၊ မတ် ၁၉ ရက်တွင် ဇီဝ ဗေဒနှင့် ဘောဂဗေဒ၊ မတ် ၂၀ ရက်တွင် ပထ၀ီ ၀င်၊ မတ် ၂၁ ရက်တွင် သမိုင်း၊ မတ် ၂၂ ရက် တွင် စိတ်ကြိုက်မြန်မာစာ စသဖြင့် သက်ဆိုင်ရာ ဘာသာတွဲအလိုက် နေ့စဉ် နံနက် ၉ နာရီမှ ၁၂ နာရီအထိ စစ်ဆေးခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ဆေးရုံတက်ရောက်၍ ဆေးဝါးကုသမှု ခံယူနေကြရသော ကျောင်းသား ကျောင်းသူများအား နစ်နာမှုမရှိ စေရေးအတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ဗဟိုအမျိုးသမီးဆေးရုံကြီးနှင့် ဝေဘာဂီအထူးကု ဆေးရုံကြီးတို့တွင် ဖွင့်လှစ်ထားသည့် ဆေးရုံစာစစ်ဌာန သုံးခုအပါအ၀င် တစ်နိုင်ငံလုံး အတိုင်းအတာအရ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီး၌ စာစစ်ဌာနပေါင်း ၁၂၈၇ ခု ဖွင့်လှစ်စစ်ဆေး ခဲ့ခြင်းဖြစ်သည်။
 
တက္ကသိုလ်ဝင် စာမေးပွဲ၌ ယခင်နှစ် မေးခွန်းဟောင်းများထဲမှ မေးခွန်းများ ပြန်လည်ထည့်သွင်း မေးမြန်းလာခြင်းကြောင့် စာမေးပွဲ စတင်စစ်ဆေးသည့် မြန်မာစာ ဘာသာရပ် ဖြေဆိုသည့်နေ့မှစ၍ စာမေးပွဲပြီး ဆုံးသည့်နေ့အထိ  ကျောင်းသားအများစုစာ မေးပွဲဖြေဆိုနိုင်ခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီးအတွင်းမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုအောင်မြင်ခဲ့ကြသူ အချို့က ဆို သည်။ ၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာ စစ်ဆေးမှုများအား ရန်ကုန်တက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ မုံရွာတက္ကသိုလ်၊ တောင်ငူတက္ကသိုလ်၊ ပုသိမ်တက္ကသိုလ် အစရှိသည့် မြန်မာတစ်နိုင်ငံလုံးရှိ ၀ိဇ္ဇာသိပ္ပံတက္ကသိုလ် ၁၀ ခု၌ စစ်ဆေးခဲ့ခြင်းဖြစ်သည်။

Eleven Media Group

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ