Related Posts Plugin for WordPress, Blogger...


ေ အေသင်အောင်

ဂျာမနီနိုင်ငံက အသက်(၂၃) နှစ်သာရှိ သေးတဲ့ ဂျိုးလ်မစ်ဂလာဟာ ခန္ဓာကိုယ်ကို အနာခံပြီး ထူးခြားတဲ့ ဖက်ရှင် ဒီဇိုင်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဂျိုးလ်မစ်ဂလာရဲ့ ပါးပြင် တစ်ဖက်စီမှာရှိတဲ့ အပေါက်ဟာ (၃၆) မီလီမီတာ အထိ ကျယ်ဝန်းပြီး၊ ရုတ်တရက် ကြည့်လို့ရင် ကြောက်စရာ ဖြစ် သွားပါလိမ့် မယ်။ ဂျိုးလ်မစ်ဂလာက သူ့ရဲ့ ဖက်ရှင်စတိုင် ကို အမည်ပေးစရာမရှိကြောင်း ပြောကြားခဲ့ ပါတယ်။ တကယ်တော့ ဂျိုးလ်မစ်ဂလာဟာ အသက် (၁၃)နှစ် အရွယ်ကတည်းက အသား အနာခံပြီး ဖက်ရှင်ဒီဇိုင်းတွေကို ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ နားတွေမှာလည်း ကြီးမားတဲ့ အပေါက်ကြီးတွေကို ဖောက် ထားတဲ့အပြင် ရင်ဘက် မှာလည်း အပေါက်ကြီး နှစ်ပေါက်ကို ဖောက်ကာ အလှ ဆင်ယင်မှုပြုလုပ်ထားပါ တယ်။ သာမန်လူတွေ အတွက် တကယ့်ကို ထိတ်လန့်စရာကောင်းတဲ့ မြင်ကွင်းဖြစ်ပေမယ့် မစ်ဂလာကတော့ ပါးပြင်က အပေါက်တွေ (၄၀) မီလီမီတာအထိ ချဲ့သွားဦးမှာ ဖြစ်ပါ တယ်။

မစ်ဂလာက ကျွန်တော်ရဲ့ ဖက်ရှင် ဒီဇိုင်းကို သီးခြားနာမည်ပေးထားရခြင်း မရှိ ပါဘူး။ ချဲ့ကားတဲ့ ပါးပြင်(သို့မဟုတ်) ကြီး မားတဲ့ ပါးပြင်လို့ ခေါ်ရင်လည်း ရပါတယ်။ ကျွန်တော်ဒီလိုဖြစ်လာဖို့ သုံးကြိမ်ကြိုးစားခဲ့ ရပါတယ်။ အခု အရွယ်အစားက (၃၆) မီလီမီတာ ရှိသွားပါပြီ။ ဆက်ပြီးချဲ့သွားဦးမှာ ဖြစ် ပါတယ် လို့ ပြောသွားခဲ့ပါတယ်။ မစ်ဂလာ ရဲ့ ပါးပြင်က အပေါက်နှစ်ပေါက်ကြောင့် ပါးစပ် ပေါက်သုံးပေါက်ပါသလို ဖြစ်နေပါတယ်။ ဒါပေမဲ့ မစ်ဂလာ က သူ့အနေနဲ့ အစားအသောက် စားသုံးရာမှာ မည်သည့်ပြဿနာမှ မကြုံတွေ့ ရကြောင်း၊ ပါးပြင်ကို ထိုးဖောက်ထားတဲ့ အရာဟာသွားကို မထိခိုက်လို့ ဘာမှ မဖြစ် ကြောင်း ပြောသွားခဲ့ပါတယ်။ ဒါ့အပြင် မစ်ဂလာက သူ့ရဲ့ဖက်ရှင် ဒီဇိုင်းကို လူတွေက နားမလည်ကြောင်း၊ မိမိကလည်း ဂရုစိုက်နေမည် မဟုတ်ကြောင်း ပြောသွားခဲ့ပါတယ်။
The Messenger
http://newmyanmarpyi.blogspot.com

Posted by Unknown on 6/03/2014

0 comments

Post a Comment


ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ