Related Posts Plugin for WordPress, Blogger...

ရန်ကုန်၊ ဇွန် ၁၈

 ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ လာမည့်ရွေးကောက် ပွဲများတွင် ကျင့်သုံးသွားရန်ရှိသည့် လွှတ်တော် ကိုယ်စား လှယ်လောင်းများ စုရုံးဟောပြောပွဲနှင့် မဲဆွယ် စည်းရုံးခွင့်ကန့်သတ်ချက် မူကြမ်း ပါအချက်များသည် မျှတမှု ရှိကြောင်း တွေ့ရှိရသော်လည်း ထိုမူကြမ်းပါ အချက်များအတိုင်း လုပ်နိုင်ဖွယ်မရှိ ဟု သံသယဖြစ်စရာ များ တွေ့ရှိရ ကြောင်း ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဥက္ကဋ္ဌဦးသုဝေက ပြောကြားလိုက် သည်။

““သူတို့ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေ မူကြမ်းဟာ တော်တော်လေး မျှပါ တယ်။ ဒါပေမဲ့ အဲဒီမူကြမ်းအတိုင်း လုပ်ဖို့ပဲ လိုတယ်။ ဘာကြောင့် အဲဒီ လိုမဖြစ်လဲဆိုတော့ မူကြမ်းအတိုင်း မလုပ်ဘူးလို့ သံသယတွေလည်းဖြစ် နိုင်စရာတွေ ရှိတယ်””ဟု ပြောသည်။ထိုသို့ သံသယဖြစ်စရာအချက် များတွင် ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့်၌ စစ်အရာရှိအငြိမ်းစား များနှင့် အင်အားကြီးပါတီတစ်ရပ် ၏လူများကို အများအပြားခန့်ထား ခြင်းကြောင့် ဖြစ်ကြောင်း၊ ထိုသို့ အခြေအနေတွင် စည်းကမ်းဥပဒေ အပေါ်တွင် ရပ်တည်သည်ထက် ဘက်လိုက်မှုများရှိနိုင်ကြောင်း ဦးသုဝေက ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ လွှတ်တော်ကိုယ်စား လှယ်လောင်းများ စုဝေးဟောပြော ခွင့်နှင့် မဲဆွယ်စည်းရုံးခွင့် မူကြမ်း ပါအချက်များနှင့် ပတ်သက်၍ နိုင်ငံ ရေးပါတီများကြား သဘောထား ကွဲလွဲလျက်ရှိသည်။… ထိုသို့ သဘောထားကွဲလွဲနေမှု အပေါ် ဦးသုဝေက ““ပြဋ္ဌာန်း ချက် တွေ၊တားမြစ်ချက်တွေ၊ လုပ်ပိုင်ခွင့် တွေဟာ တချို့ဟာတွေကျတော့ ဥပမာအားဖြင့် စည်းရုံးရေးလုပ်တဲ့ နေရာမှာ လွတ်လပ်မှုရှိတာတို့၊မရှိ တာတို့ အဲဒါမျိုး ကိစ္စတွေမှာတော့ သာမန်အချိန်မှာဆိုရင် နိုင်ငံရေး ပါတီက ဒီမိုကရေစီနည်းအရဆိုရင် ရွေးကောက်ပွဲ လုပ်မယ် ဆိုရင် အဲဒီ နိုင်ငံရေးပါတီတွေဟာ လွတ်လွတ် လပ်လပ်စည်းရုံးနိုင်တာပေါ့ဗျာ။ ပိုစတာတွေကပ် ချင်ရာကပ် မယ်။ စာ ရွက်စာတမ်းတွေ ဝေချင်သလိုဝေမယ်။ စည်းရုံးရေးတွေကို လုပ်ချင် တဲ့နေရာမှာ လုပ်မယ်။ ဒါကတော့ လွတ်လပ်မှုရှိတဲ့ တိုင်းပြည်တွေမှာ ဒါဟာလုပ်ပိုင်ခွင့်ရှိတယ်၊ အခုတော့ ကန့်သတ်ချက်တွေပါတယ်။ ဘာ ဖြစ်လို့လဲဆိုတဲ့အခါကျတော့ ကန့် သတ်ချက်တွေပါလို့ မကောင်းဘူး လားလို့ပြောလို့တော့မရဘူး။ အဲဒါ ကတိုင်းပြည်ရဲ့အခြေအနေပေါ် မူ တည်လို့။ အကယ်၍ ဒီတိုင်းပြည် မှာရှိနေတဲ့ လူထုတွေ၊ ဒီတိုင်း ပြည်မှာ ရှိနေတဲ့ နိုင်ငံရေးပါတီတွေ ဟာစည်းကမ်းရှိကြမယ်ဆိုရင် လုပ် ပိုင်ခွင့်ရှိတဲ့အထဲမှာ မှန်မှန်ကန်ကန် ပေါ့လေ။ ပဋိပက်္ခတွေမဖြစ်ဘဲနဲ့၊ ရုန်းရင်းဆန်ခတ်တွေမဖြစ်ဘဲနဲ့ ရှိ မယ်ဆိုရင်တော့ ကန့်သတ်မှုမရှိစေ ရဘူးပေါ့နော်။ ဒီမိုကရေစီကျကျ ပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ကမပြော နိုင်ဘူး။ လူထုကလည်း လုပ်ပိုင်ခွင့် ရှိတယ်ဆိုရင် အရမ်းလုပ်တော့ တာပဲ။ နိုင်ငံရေးပါတီတွေကလည်း ဒီလိုပဲ စည်းကမ်းပေါ့နော်။ အဲဒါက နိုင်ငံရေး ပါတီတင် မကဘူး အစိုးရကလည်း သူတို့လည်း စည်းကမ်း မရှိဘူး။ ဆိုတော့ ဘယ်သူမှစည်း ကမ်းမရှိဘူး။ အခုလက်ရှိ အခြေအနေမှာကတော့ စည်းကမ်း အတိုင်းလုပ်ရင် ကန့်သတ်ချက်တွေ ကို ဖြုတ်ဖို့ ကျွန်တော်တို့ အများ ကြီးပြောပြရမယ်။ စည်းကမ်းမရှိ သေးတဲ့အခါကျတော့ စည်းကမ်းရဲ့ ဘောင်ဆိုတာကတော့ ထားရမယ်။ အချိန်အခါ အခြေအနေအရမို့လို့ ထားရမယ်။ အဲဒါတွေကို ကျွန်တော် တို့ဖတ်ကြည့်လိုက်တဲ့အခါကျတော့ ဒီအချိန်ကာလမှာ သူတို့ ကန့်သတ် တဲ့စည်းကမ်းလေးတွေဟာ အလျှော့ အတင်းတော့ နည်းနည်းရှိမှာပေါ့ နော်။ လုပ်သင့်တယ်လို့ ကျွန်တော် ထင်တယ်””ဟု ပါတီဥက္ကဋ္ဌတစ်ဦး အနေဖြင့် ၎င်း၏သဘောထားကို ပြောကြားသည်။

ကော်မရှင်၏မူကြမ်းကို နိုင်ငံ ရေးပါတီများထံဖြန့်ဝေထားပြီး နိုင်ငံ ရေးပါတီများထံမှ သဘောထား မှတ်ချက် များကို တောင်းခံထားရာ ပါတီအများအပြားက ၎င်းင်းတို့၏သဘောထားကို ကော်မရှင်သို့ပေး ပို့ထားပြီးဖြစ် သည်။

မူကြမ်းတွင် မဲဆွယ်စည်းရုံး ခွင့်ကာလ၊ မဲဆွယ်စည်းရုံးရန် နည်းလမ်းများ၊ စုဝေးဟောပြောခွင့် လျှောက်ထား ခြင်း၊ လျှောက်ထား ပိုင်ခွင့်ရှိသူများ၊ စုဝေးဟောပြော ခွင့်ရှိသူများ၊ လျှောက်လွှာတွင် ဖော်ပြရမည့် အချက်များ၊ ကော်မရှင်အဖွဲ့ခွဲက စိစစ်ဆောင်ရွက်ခြင်း၊ မီဒီယာများမှတစ်ဆင့် ဟောပြော စည်းရုံးခြင်း၊ ရေးသားပုံနှိပ်ထုတ် ဝေတင်ပြခြင်း၊ တားမြစ်ချက်များ၊ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများ၊ တရားမဲ့ပြုကျင့်မှုများတို့ ပါဝင် သည်။

မြန်မာသံတော်ဆင့်သတင်းဌာန

Myanmartandawsint Newspaper

Posted by Arakan News on 6/20/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ