Related Posts Plugin for WordPress, Blogger...

ကျောက်ဖြူမြို့၊ တောင်ရင်းကျေးရွာမှ
ဦးမောင်မြင့်အောင်၊ အသက်(၄၄) နှစ်
သည် ၁၆-၆-၂၀၁၄(တင်္လာ)နေ့ တွင်
 ရွှေဇင်ယော်ဟိန်းကုမ္ပဏီိပိုင် အောင်ကြည်ဇင်


(၉၉၉) အမည်ရှိ ငါးဖမ်းသင်္ဘောပေါ်တွင် ဒေသခေါ်
နှာခေါင်းပေါက်(မြစ်ဝ) နှင့် ဆိတ်ကျွန်းအကြားရပ်နား အလုပ်လုပ်နေစဉ် လုပ်ကိုင်ရင်း ပျောက်ဆုံးသွားကြောင်း သတင်းရရှိသည်။

၎င်းဖြစ်စဉ်အားသင်္ဘောပေါ်တွင်လုပ်ကိုင်နေသူမည်သူမျှ မိသားစုသို့ ချက်ချင်း အသိပေးအကြောင်းကြားခဲ့ခြင်း မရှိဘဲ ၁၉-၆-၂၀၁၄(ကြာသပတေး)နေ့ ဆိပ်ကမ်းသို့ သင်္ဘောဆိုက်ကပ်ပြီးမှသာလျှင် ၎င်းနှင့် လုပ်ဖော်ကိုင်ဖက်ဖြစ်သူ ဦးကျော်လှိုင် အသိပေးအကြောင်းကြားခဲ့မှ မိသားစုဝင်များ သိရှိခဲ့သည်။

သင်္ဘောပေါ်တွင် ဦးကျော်လှိုင် မှ တယ်လီဖုန်းဖြင့် အကြောင်းကြားပြောကြားရန်ပြင်ဆင်ချိန် ပဲ့နင်းမှ တယ်လီဖုန်းအားအလျှင် အမြန်ပြန်တောင်းယူခဲ့သဖြင့် မိသားစုထံသို့ အကျိုးအကြောင်း ဂဃနဏ ပြောခွင့်မရ လိုက် ကြောင်း ၎င်းမှပြောဆိုသည်။

မိသားစုဝင်များမှ ရဲစခန်းသို့သွားရောက်တိုင်တန်းအမှုဖွင့်ခဲ့ရာတိုင်ကြား၍ နှစ်ရက်ခန့်ကြာ သည့်အခါကျမှ “ဒီကိစ္စကို လူပျောက်အဖြစ်အရင်ကြော်ငြာရအုံးမယ်၊ အမှုဖွင့်လို့မရသေးဘူး ဘာညာလှည့်ပတ် ပြောဆိုခဲ့ပါတယ်” ဟု မိသားစုဝင်တစ်ဦးက Coral Arakan News အားပြောကြားသည်။

“လှေသားများကိုလည်းအနည်းငယ်ခန့် စစ်ဆေးမေးမြန်းပြီးပြန်လွှတ်ခဲ့ပါတယ်ပြီးတော့ လေဘာဦးစီး နှင့် ညှိုနှိုင်းပြီး ပဲ့နင်း(လှေဦးစီး) နှင့် လျှော်ကြေးကိစ္စ ဆောင်ရွက်လိုက်ပါ” ဟုစခန်းမှူး ပြောဆိုသည် ဟု ၎င်းက ပြန်ပြောင်း ပြောပြသည်။

လေဘာဦးစီးမှ ပဲ့နင်းအားခေါ်ယူညှိုနှိုင်းမှုပြုလုပ်ခဲ့သော် ပဲ့နင်းမှ မထီမဲ့မြင်ပြုကာ “(ငါးသိန်း)ဘဲ လျှော်ကြေးပေးနိုင်မယ်။ ဒါကိုမယူဘူးဆိုရင်လည်းမတက်နိုင်ဘူး။ ကြိုက်တဲ့နေရာမှာ သွားတိုင်နိုင်တယ်” ဟုဆိုကာ ရုံးခန်းမှ ထွက်သွားခဲ့သည်ဟု ယင်းကိစ္စကိုအကျိုးဆောင်ရွက်သူ (ဦးမောင်မြင့်အောင်)
၏ သူငယ်ချင်းတစ်ဦးမှပြောဆိုခဲ့သည်။

ပဲ့နင်းမှာ ထားဝယ်မှ ဖြစ်ပြီး သင်္ဘောပိုင်ရှင်မှာ ရန်ကုန်မှ ဖြစ်ကာ ရခိုင်ဒေသသို့လာရောက် စီးပွါးရှာဖွေ နေသူများဖြစ်သည်။ (ဦးမောင်မြင့်အောင်)၏ ဇနီးနှင့်မိသားစုဝင်များသည် ဖြစ်စဉ်အား ရဲစခန်းတွင် တိုင်တန်း၍ မရသဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ လိပ်မူပြီးတိုင်းတန်းထားကြောင်းသိရှိရသည်။

( Coral Arakan News အတွက် လှိုင်းလုံးချေ ရေးသားသည်။

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ