Related Posts Plugin for WordPress, Blogger...

ရန်ကုန်၊ မေ ၃၁- တရုတ်-မြန်မာနယ်စပ်အနီး တွင် အင်အားအသင့်အတင့်ရှိသော မြေငလျင် များ ခပ်ကျဲကျဲလှုပ်ခတ်လျက်ရှိရာမှ ရက်ခြား၍ လှုပ်ခတ်လာပါက ငလျင်ကြီးများဖြစ်ပေါ်လာ နိုင်ကြောင်း မြန်မာနိုင်ငံမြေငလျင်ကော်မတီမှ ဦးစိုးသူရထွန်းက သုံးသပ်ပြောသည်။
မန္တလေးမြေငလျင်စခန်း အရှေ့မြောက် ဘက်တရုတ်-မြန်မာနယ်စပ် မြစ်ကြီးနားမြို့၏အရှေ့တောင်ဘက်အနီးတွင် မေလနောက်ဆုံး ပတ်အတွင်း အင်အားအသင့်အတင့်ရှိ မြေငလျင် နှစ်ကြိမ်ခန့်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒဌာန မြေငလျင်ဌာနမှ သတင်းထုတ်ပြန် ထားကြောင်းသိရသည်။

''ဒီဒေသမှာ ငလျင်လှုပ်တာ ဖြစ်ရိုးဖြစ် စဉ်တစ်ခုပါ။ တစ်နှစ်ခြားတစ်ခါ လှုပ်လေ့ရှိတတ် တယ်။ ဒါပေမဲ့ ခပ်ကျဲကျဲ လှုပ်ခတ်နေရာကနေ ရက်ခြားရက်ခြား လှုပ်ခတ်လာရင်တော့ ငလျင် ကြီးတွေ ဖြစ်ပေါ်နိုင်လို့ သတိထားရမှာဖြစ်ပါ တယ်''ဟု မြန်မာနိုင်ငံ မြေငလျင်ကော်မတီမှ ဦးစိုး သူရထွန်းက ပြောသည်။
မြန်မာနိုင်ငံနှင့်နီးသော နယ်စပ်တစ် လျှောက်တွင် အင်အားရစ်ခ်ျတာစကေး ၅ နှင့် ၆ ကြားရှိသော မြေငလျင်များသာ လှုပ်ခတ်လေ့ ရှိသော်လည်း တရုတ်နိုင်ငံ နယ်စပ်ဒေသများ တွင် အင်အားကြီးငလျင်များ လှုပ်ခတ်တတ် ကြောင်း သိရသည်။

''ဒီငလျင်တွေ ဘာကြောင့်ဖြစ်လာရ တာလဲဆိုတော့ အကြမ်းဖျင်းအားဖြင့် အိန္ဒိယ တိုက်ကြီးက မြောက်ဘက်ကို လွန်ခဲ့တဲ့နှစ်သန်း ပေါင်း ၆ဝ လောက်ကစပြီး တဖြည်းဖြည်းရွေ့ လာခဲ့ရာကနေ အာရှတိုက်နဲ့ တိုက်မိပြီး တောင် တန်းကြီးတွေဖြစ်လာတာ။ ယနေ့ထိလဲဆက်ရွေ့ လျားနေတဲ့အတွက် ငလျင်တွေ အမြဲတမ်း လှုပ် တယ်'' ဟု ဦးစိုးသူရထွန်းက ပြောသည်။

အဆိုပါ တရုတ်-မြန်မာနယ်စပ်အနီး တွင် မြေငလျင်များလှုပ်ခတ်လေ့ရှိသော်လည်း မြန်မာနိုင်ငံအနေနှင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ မရှိခဲ့ကြောင်း၊ သို့သော် တစ်ဖက်တရုတ်နိုင်ငံနယ် စပ်တွင်မူ လူသေဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှု၊ ဆုံး ရှုံးနစ်နာမှုများရှိခဲ့ကြောင်းသိရသည်။

တရုတ်နယ်စပ်တွင် မေ ၂၄ ရက်လှုပ် ခတ်သောငလျင်ကြောင့် လူ ၁၃ဦး ဒဏ်ရာရရှိခဲ့ ပြီး မေ ၃ဝ ရက်တွင် လှုပ်ခတ်သောငလျင်ကြောင့် လူ ၂၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးမှု ဖြစ်ပေါ်နိုင်ခြင်းမရှိဘဲ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အ ဆောက်အအုံများ ပြိုကျပျက်စီးရာမှ သေဆုံးမှု ပိုမိုဖြစ်ပေါ်တတ်ခြင်းကြောင့် မြေငလျင်ဖြစ်ပေါ် နိုင်ခြေများသည့် ဒေသများ၌ဖွံ့ဖြိုးရေးလုပ်ငန်း များပြုလုပ်ရာ၌ သတိထား၌ ပြုလုပ်သင့်ကြောင်း မြေငလျင်ပညာရှင်များက သုံးသပ်ပြောသည်။
စစ်ကိုင်းပြတ်ရွေ့မှာ မြန်မာပြည်တွင် အကြီးဆုံးဖြစ်ပြီး ရွေ့လျားနှုန်းအမြန်ဆုံးပြတ်ရွေ့ ဖြစ်ကြောင်း၊ ယင်းမှာ တစ်နှစ်လျှင် နှစ်စင်တီမီ တာနှုန်းဖြင့် ရွေ့လျားနေခြင်းကြောင့် ¤င်းနှင့် ဆက်စပ်ဒေသများဖြစ်သည့် ပဲခူး၊ နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်းတိုင်းတို့၌ ငလျင်လှုပ်ခတ်နိုင် ခြေများကြောင်း ဦးစိုးသူရထွန်းက သုံးသပ်သည်။

အင်အားရစ်ခ်ျတာစကေး ၇ ခန့်ရှိလျှင် အင်အားကြီးမြေငလျင်အဖြစ် သတ်မှတ်ထားပြီး မြန်မာနိုင်ငံတွင် အင်အားကြီးမြေငလျင်နှစ်ကြိမ် ခန့် ဖြစ်ပေါ်ခဲ့ဖူးကြောင်း၊ ၁၉၁၂ ခုနှစ်တွင် မေမြို့ ၌ အင်အားရစ်ခ်ျစကေး ၈ ရှိသည့် အကြီးဆုံး မြေငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီး၊ ယင်းအချိန်တွင် ဖွံ့ဖြိုးမှုမရှိသေးခြင်းကြောင့် လူသေဆုံးမှုမရှိခဲ့ သော်လည်း ၁၉၃ဝ တွင် ပဲခူးမြို့၌အင်အား ၇ ဒသမ ၃ ရှိသည့် အင်အားကြီးမြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ လူဦးရေ ၅ဝဝ ကျော်ခန့် သေဆုံး ခဲ့ကြောင်းသိရသည်။

စိုးချစ်ချစ်ပိုင် ၊ Flower News Journal အတွဲ(၁၀) အမှတ်(၂၁)

Yangon Media Group

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ