Related Posts Plugin for WordPress, Blogger...

လတ်တလော တိုက်ပွဲများ ဖြစ်ပွားထားသည့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီးရှိ မောင်တောမြို့သို့ နိုင်ငံသားစိစစ်ရေးကတ်ပြား မပါသူများကို ဝင်ခွင့်မပြုကြောင်း မောင်တော ဒေသခံများထံမှ သိရှိရသည်။

ဘူးသီးတောင်မြို့မှ မောင်တောမြို့သို့ သွားရာလမ်း ခြောက်မိုင်နှင့် သုံးမိုင်ဂိတ်တွင် ယင်းသို့ စစ်ဆေးနေခြင်း ဖြစ်ပြီး ယင်းအစီအစဉ်ကို ဇွန်လ ၂ ရက်နေ့တွင် စတင် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း စစ်ဆေးရေးဂိတ်မှ ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ ပြောဆိုချက်ကို ကိုးကားကာ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးက ပြောကြားသည်။

“ဒေသ အခြေအနေအရ အထက်က ညွှန်ကြားလို့ စစ်ဆေးတာပါလို့ ပြောတယ်။ မှတ်ပုံတင် မပါပေမယ့် ရခိုင်တွေကို ဒီနေ့တစ်ရက် ခြွင်းချက်ဆိုပြီး သွားခွင့်ပြုလိုက်တယ်။ နောက်နေ့ မရဘူးလို့ ပြောတယ်” ဟု ဇွန်လ ၂ ရက်နေ့ နံနက်ပိုင်းက ကြုံတွေ့ခဲ့ရပုံကို မောင်တောဒေသခံ တစ်ဦးဖြစ်သူ ၎င်းက ရှင်းပြသည်။

ယင်းအစီအစဉ်ကို ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန၊ အကောက်အခွန်၊ မူးယစ် အထူးနှိမ်နင်းရေး တပ်ဖွဲ့တို့ ပူးပေါင်းကာ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း စစ်ဆေးရေး ဂိတ်များထံမှ သိရှိရသည်။

ဘင်္ဂါလီများကိုမူ အထောက်အထား တစ်စုံတစ်ရာ မပြနိုင်ပါက သွားလာခွင့် မပြုကြောင်း ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူများထံမှ သိရှိရသည်။

မောင်တောခရိုင် ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ရွှေသန်းကမူ ဘင်္ဂါလီများကို နယ်မြေ ဖြတ်ကျော်သွားလာပါက ယခင်ကပင် စစ်ဆေးလျက် ရှိကြောင်း ဖြေကြားသည်။


မြန်မာနိုင်ငံ သမ္မတလုပ်မည်ဟု ကြွေးကြော် ထားသော်လည်း နိုင်ငံသား စိစစ်ရေးကဒ်မရှိသေးသည့် ဒေါ်အောင်ဆန်း စုကြည်မှာ ယခုရက်ပိုင်းအတွက်း ရခိုင်ပြည်နယ်သို့ သွားရန် စီစဉ်ထားသဖြင့် အခက်ကြုံ လျှက်ရှိကြောင်း သိရသည်။ အသက် ၄၃ နှစ်မှ မြန်မာနိုင်ငံသို့ ပြန်ရောက်လာခဲ့သူဖြစ်ပြီး လဝကသို့ နိုင်ငံသားစိစစ်ရေးကဒ် သွားမလုပ်ခဲ့ပေ။ အလားတူ ဒေါ်အောင်ဆန်းစုကြည်၏ သားများမှာလည်း နိုင်ငံသားစိစစ်ရေးကဒ်မရှိကြောင်း သိရသည်။ နိုင်ငံသားစိစစ်ရေးကဒ်မရှိသူများက နိုင်ငံ၏ အမြင့်ဆုံး သမ္မတမိသားစု အဖြစ် နေရာဝင်ယူလာမည်ကို လူထုက စိုးရိမ်လျှက်ရှိကြောင်း သိရပြီး ကန့်ကွက်ဆန္ဒပြမှုများလည်း နိုင်ငံအနှံ့ဖြစ်ပွားနေကြောင်း တွေ့ရသည်။



မြန်မာနယ်စပ် ခြံစည်းရိုးဘက် ပေ ၈၀ ခန့်အထိ လက်နက်ကိုင် ဝင်ရောက်မှုကြောင့် မြန်မာနယ်စပ် လုံခြုံရေးတပ်က ပစ်ခတ်၍ ကျဆုံးသွားသည့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) မှ တပ်ကြပ်တစ်ဦးကို ပြန်ပေးရန် တောင်းဆိုရာမှာ မေလ ၃၀ ရက်နေ့တွင် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး တင်းမာမှုများ မြင့်တက်ခဲ့သည်။


 .. www.MyanmarExpress.net

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ