Related Posts Plugin for WordPress, Blogger...

From : ..the voice
 
ထိုင်းစစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြမှုများ ရပ်တန့်ရန် ဘန်ကောက် မြို့လယ်သို့ စစ်သားနှင့် ရဲတပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာကို စစ်အစိုးရအဖွဲ့က စေလွှတ်လိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

ဘန်ကောက်မြို့လယ်သို့ ရဲတပ်ဖွဲ့ဝင်များနှင့် စစ်သား ၅၇၀၀ ကိုစေလွှတ်လိုက်ပြီး ဖြစ်ပေါ်လာနိုင်သည့် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြမှုများကို ရပ်ဆိုင်းနိုင်ရန် အရေးပေါ် ကိုင်တွယ်ဖြေရှင်းရန် တပ်ဖွဲ့များလည်း စေလွှတ်ထားကြောင်း ထိုင်းရဲတပ်ဖွဲ့ ဒုတိယ အကြီးအကဲ ဆွန်ရော့ပွန်ပန်မောင်က ပြောကြားသည်။

ထိုင်းအာဏာပိုင်များက ဆန္ဒပြမှုများ နေရာအနှံ့တွင် ဖြစ်ပေါ်လာနိုင်သည်ဟု ခန့်မှန်းထားပြီး ယခုကဲ့သို့ စစ်သားများကို ကြိုတင် တပ်ဖြန့်ထားခြင်း ဖြစ်သည်။

ထို့အပြင် နိုင်ငံရေးရာ အကြောင်းနှင့် ဆက်နွှယ်၍ လူငါးဦးထက်ပို၍ စုဝေးခြင်း မပြုရန်လည်း ပိတ်ပင် ထားမြစ်ထားသည်။

ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်ကို ဆန္ဒပြသမားများက လပေါင်းများစွာ ကြာအောင် ဆန္ဒပြခဲ့ပြီး ဝန်ကြီးဌာနများ ပိတ်သိမ်းထားရမှု၊ စီးပွားရေး ထိခိုက်မှုတို့ ဖြစ်ပေါ်ပြီးသည့် နောက်တွင် ထိုင်းတပ်မတော်က မေလ ၂၂ နေ့တွင် အာဏာသိမ်းလိုက်သည်။

ယင်းအချိန်မှစ၍ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြမှုများ ဘန်ကောက် မြို့တော်တွင် ဆက်တိုက်နီးပါး ဖြစ်ပွားခဲ့သော်လည်း ဆန္ဒပြမှုများမှာ ပမာဏသေးငယ်ပြီး ခဏတာ ကြာမြင့်သည့် စုဝေးမှုလေးများ ဖြစ်သည်။

ပြည်သူဟု အဓိပ္ပာယ်ရသည့် မျက်နှာဖုံး တပ်ဆင်ထားသည့် အမျိုးသမီးတစ်ဦး ဘန်ကောက်မြို့ လမ်းဆုံတစ်နေရာတွင် ထိုင်လျက် တွေ့ရှိခဲ့ရသော်လည်း မိနစ်ပိုင်းအတွင်း ရဲတပ်ဖွဲ့ဝင်များက အဆိုပါ အမျိုးသမီးကို ဖယ်ရှားသွားခဲ့သည်။

အဆုက်ရှိ Terminal 1 ဈေးဝယ်စင်တာတွင် လူ ၃၀ စုဝေးပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် လက္ခဏာဖြစ်သည့် လက်ချောင်းသုံးခု ထောင်ပြနေသည်ကိုလည်း တွေ့ခဲ့ရကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
အဆိုပါ လက်ချောင်း သုံးချောင်းမှာ လွတ်လပ်မှု၊ ညီမျှမှုနှင့် ညီရင်းအစ်ကို ချစ်ကြည်မှု၊ ရင်းနှီးမှုတို့ကို ဖော်ညွန်းသည်ဟု ဆန္ဒပြသမားများ ကဆိုသည်။

ထိုင်းတော်ဝင် အသိုင်းအဝိုင်း၊ စစ်တပ်၊ အစဉ်အလာ ချမ်းသာသော မိသားစုဝင်များ၊ ဗျူရိုကရက်များနှင့် နိုင်ငံမြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းရှိ ဆင်းရဲသော လယ်သမားများ၏ အားပေးထောက်ခံမှု ရရှိထားသည့် ဆက်သွယ်ရေးလုပ်ငန်း သူဌေးကြီး (ယခင်ဝန်ကြီးချုပ်ဟောင်း) သက်ဆင်ရှင်နာဝပ်ထရာတို့ကြား နိုင်ငံရေးရာ အားပြိုင်မှုများကြောင့် အရှေ့တောင်အာရှ၏ ဒုတိယမြောက် စီးပွားရေး အင်အားကြီး ထိုင်းနိုင်ငံတွင် မတည်ငြိမ်မှုများ ဖြစ်ပွားလာခြင်း ဖြစ်သည်။

ထိုင်းတပ်မတော် အကြီးအကဲနှင့် စစ်အာဏာသိမ်းမှု ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ပရာရွတ်ချန်အိုချာက သုံးလတာ ကြာမြင့်မည့် အမျိုးသား ပြန်လည် သင့်မြတ်ရေး ဖြစ်စဉ် စတင်သွားမည်ဟု သောကြာနေ့တွင် ပြောကြားသွားသည်။

ထို့နောက်တွင် ယာယီအခြေခံ ဥပဒေ၊ ကြားဖြတ် ဝန်ကြီးချုပ်၊ ကြားဖြတ် အစိုးရတို့ကို ရွေးချယ်သွားမည် ဖြစ်ပြီး အနာဂတ်ကာလ တစ်ခုတွင် ရွေးကောက်ပွဲတစ်ရပ် ကျင်းပပြုလုပ် ပေးသွားမည်ဟု ထိုင်းစစ်အာဏာသိမ်း ခေါင်းဆောင်က ဆိုသည်။

.. www.MyanmarExpress.net

Posted by Unknown on 6/03/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ