Related Posts Plugin for WordPress, Blogger...

From// Eleven Media Group
ယူနီဆက်ဖ် ရုံးခန်းငှားရမ်းမှု ပြဿနာအပြီး
ကုလသမဂ္ဂ အဖွဲ့အစည်း နောက်ထပ်တစ်
ခု၏ မေးခွန်းထုတ်စရာ ရုံးခန်းငှားရမ်းမှု
အဖြစ် ယခင်တပ်မတော် ထိပ်
တန်းခေါင်းဆောင်ဟောင်း တစ်ဦး၏သမီး


ပိုင်ဆိုင်သည့်အိမ်ကို တစ်လလျှင် ဒေါ်လာရှစ်သောင်းနှုန်း (တစ်နှစ်လျှင် ဒေါ်လာတစ်သန်းခန့်) ဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ငှားရမ်းထားကြောင်း သတင်းများ ထွက်ပေါ်လျက် ရှိနေသည်။

အဆိုပါသတင်းများ ထွက်ပေါ်လျက်ရှိသည့် နေအိမ်မှာ ယခုအခါ WHO ရုံး၏ ဌာနချုပ်အဖြစ် ဖွင့်လှစ်ထားပြီး ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်၊ ၇ မိုင်ခွဲ၊ ပါရမီလမ်းနှင့် ပြည်လမ်းထောင့်တွင် တည်ရှိသည်။ ယင်းအိမ်မှာ ယခင်တပ်မတော် ထိပ်တန်းခေါင်းဆောင်ဟောင်း တစ်ဦး၏သမီး ပိုင်ဆိုင်သည့် အိမ်ဖြစ်ကြောင်းနှင့် တစ်လလျှင် ဒေါ်လာရှစ်သောင်း ငှားရမ်းခအဖြစ် ပေးချေရကြောင်း သတင်းများထွက်ပေါ် နေခြင်းဖြစ်သည်။

ဇွန် ၃ ရက်တွင် ထွက်ရှိခဲ့သည့် Tomorrow သတင်းဂျာနယ်တွင် လက်စောင်းထက် ကလောင်နာမည်ဖြင့် ရေးသားခဲ့သည့် “ရန်ကုန်အိမ်ခြံမြေဈေးကွက်ကို ကိုင်လှုပ်နေတဲ့ မူးယစ်ခရိုနီ” ဆောင်းပါးထဲတွင် ရေးသားခဲ့ရာ၌ “အေဒီလမ်းထိပ်က မြန်မာ့လေကြောင်းပိုင် မြေနေရာမှာ လုံးချင်းနဲ့ကွန်ဒိုတွေ ဆောက်လုပ်ခွင့်ရခဲ့တယ်။ လုံးချင်းအိမ်တွေကိုတော့ သာဂေါင်ကြီးလို့လည်းခေါ်တဲ့ သာဂိကြီးလို့လည်းခေါ်တဲ့ စစ်အာဏာရှင်ရဲ့ သမီးတွေကို တစ်လုံးစီ ဆောက်ပေးခဲ့တယ်။ အဲဒီအိမ်တစ်လုံးဆိုရင် သာဂိကြီးသမီးက ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ်ကို ငှားစားထားတာ တစ်လကို ဒေါ်လာရှစ်သောင်း (ကျပ်သိန်း ၈၀၀) လစဉ်ရနေတယ်။ ဟိုတလောက ဂျာနယ်တွေမှာပါတဲ့ ၀န်ကြီးတစ်ပါးအိမ်ကို ယူနီဆက်ဖ်က သိန်း ၈၇၀ နဲ့ ခုနစ်နှစ်ငှားတာနဲ့ နင်လားငါလားပဲ။ ဒီတော့ တိုင်းပြည်ရဲ့ ၀င်ငွေအများစုက ဘယ်သူတွေလက်ထဲ ရောက်နေလဲဆိုတာ သိလောက်ပါပြီ” ဟု ရေးသားထားခဲ့သည်။

အဆိုပါသတင်းများ ထွက်ပေါ်နေမှုနှင့် ပတ်သက်၍ အတည်ပြုချက် ရယူနိုင်ရန်အတွက် The Daily Eleven သတင်းစာအနေဖြင့် WHO မြန်မာကိုယ်စားလှယ်ထံသို့ အီးမေးလ်ဖြင့်ရော ဖုန်းဖြင့်ပါ ဆက်သွယ်မေးမြန်းခဲ့ရာတွင် ပြန်လည်အတည်ပြုချက် မရရှိခဲ့သောကြောင့် WHO ရုံးချုပ်သို့ လူကိုယ်တိုင်သွားရောက် မေးမြန်းရာတွင်လည်း တာဝန်ခံဖြေကြားပေးမည့် တာဝန်ရှိသူများ မရှိသောကြောင့် နောက်မှပြန်ဆက်သွယ်ရန်သာ ပြောဆိုခဲ့သည်။

ယခုဖြစ်စဉ်သည် နိုင်ငံတကာ NGO အဖွဲ့အစည်းများအနေဖြင့် ရုံးခန်းငှားရမ်းရန်အတွက် ငွေအမြောက်အမြား အသုံးပြုနေကြောင်း စွပ်စွဲမှုများ ထွက်ပေါ်လာပြီးနောက် ဒုတိယဖြစ်စဉ် တစ်ခုဖြစ်သည်။ မေလအတွင်းကလည်း ကုလသမဂ္ဂ ကလေးသူငယ်များ ရန်ပုံငွေအဖွဲ့ (Unicef) က စစ်အစိုးရခေတ် လယ်/ဆည်ဝန်ကြီးဟောင်း ဦးညွန့်တင်သမီးတစ်ဦး ပိုင်ဆိုင်သည့်အိမ်ကို တစ်လလျှင် ဒေါ်လာ ၈၇၀၀၀ နှုန်းဖြင့် ခုနစ်နှစ်စာချုပ်ချုပ်ဆို ငှားရမ်းထားမှုကို ဧရာဝတီသတင်းဌာနက ဖော်ထုတ်ခဲ့အပြီး ယူနီဆက်ဖ်အပေါ် ဝေဖန်မှုများ မြင့်တက်ခဲ့ကာ နိုင်ငံတကာ အဖွဲ့အစည်းများ အနေဖြင့် ပြည်သူလူထုအတွက် လှူဒါန်းထားသည့် အလှူငွေများကို မဆင်မခြင် အသုံးပြုနေခြင်းများအပေါ် ပြည်သူများအကြား ထောက်ပြပြောဆိုမှုများ ရှိခဲ့သည်။



Arakan Express Daily

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ