Related Posts Plugin for WordPress, Blogger...

From Yangon Media Group
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တွင် မကြာ
ခဏဖြစ်ပေါ်နေသော တိုက် ခိုက်လုယူမှု
များကြောင့် ဒေသခံများအနေ ဖြင့် စိုးရိမ်
ထိတ်လန့်မှုများ ရှိနေကြောင်း သိရသည်။
မြစ်ကြီးနားမြို့ခံများ၏ ပြောပြချက် များအရ


တိုက်ခိုက်လုယူသူအများစုမှာ လူ ပြတ်သောနေရာများ၌ ဆိုင်ကယ်စီးလာသူ များအား လုယူရန်တားဆီးရာတွင် အလွယ် တကူရပ်မပေးပါက ခဲများဖြင့်ပေါက်ကာ၊ တုတ်၊ ဓားနှင့် အခြားလက်နက်များဖြင့် တိုက် ခိုက်ကာ ပါလာသည့်ပစ္စည်းများကို လုယူ ကြကြောင်း သိရသည်။

မကြာသေးမီ မေလအတွင်းက မြစ် ကြီးနားမြို့တွင် လုယူခံခဲ့ရဖူးသည့် ကိုကျော် ဇောအောင်က''အဲဒီနေ့က ဂေါက်ကွင်း၊ တပ် ကုန်းဘက်မှာ ကျွန်တော်က ဆိုင်ကယ်နဲ့ရှေ့မှာ၊ ကျွန်တော့်သူငယ်ချင်း တစ်ယောက် ကိုလဲ လူတွေအများကြီး ဝိုင်းထားတာကို တွေ့ရတယ်။ သူကတော့ လူကိုတော့ဘာ မှမလုပ်နဲ့ဆိုပြီး ပိုက်ဆံပေးလိုက်တယ်။ ကျွန်တော့်ကိုကျတော့ ခဲတွေနဲ့ ဝိုင်းပေါက် တယ်။ ခေါင်းလဲပေါက်သွားတယ်။ မျက်ခုံး လဲပေါက်သွားတယ်။ သူတို့ကတော့ ပိုက် ဆံရရင် ပိုက်ဆံပေါ့။ ဆိုင်ကယ်ရရင်လဲ ဆိုင်ကယ်ယူမှာပေါ့။ ကျွန်တော်လဲ အဲဒီနေ့ ကျမှ ကြုံဖူးတာ''ဟု ပြောသည်။

ယင်းက မြစ်ကြီးနားမြို့တွင် ယခုလို တိုက်ခိုက် လုယူနေသောနေရာများရှိကြောင်း၊ များသောအားဖြင့် တပ်ကုန်းနှင့် စီတာပူ ရပ်ကွက်တို့တွင် အများဆုံးကြားရကြောင်း ပြောပြသည်။
မြစ်ကြီးနားမြို့ခံ အမျိုးသမီးတစ်ဦး ကလည်း ''ကမ်းနားဘက်ဆိုရင် မိန်းကလေး တွေလဲ မသွားသင့်တော့ဘူး။ စုံတွဲတွေသွား ရင်လဲ အန္တရာယ်ရှိတယ်။ အခုမိန်းကလေး တွေ တော်တော်များများဆိုရင် သွားဖို့လာ ဖို့ကို သတိထားသင့်တယ်''ဟု ပြောသည်။

ယင်းကိစ္စများနှင့်ပတ်သက်၍ မြစ်ကြီး နားမြို့မရဲစခန်းသို့ ရန်ကုန်တိုင်းမ် ဂျာနယ် မှ ဆက်သွယ်မေးမြန်းရာတွင် တာဝန်ကျ ဒုရဲအုပ်အဆင့်ရှိသူတစ်ဦးက ''ဒီကိစ္စတွေ ဟုတ်လားဆိုတော့ ဟုတ်တော့ဟုတ်ပါတယ်။ လုံခြုံရေးနဲ့ပတ်သက်လို့ အားလုံးက အေး အေးဆေးဆေးပါပဲ''ဟု ဖြေကြားခဲ့သည်။

အဆိုပါဖြစ်စဉ်များနှင့်ပတ်သက်၍ မြို့ခံအချို့ကလည်း လုံခြုံရေးကောင်းမွန်ရန် လိုအပ်ကြောင်း၊ သွားရေးလာရေး ကိစ္စများ တွင် စိုးရိမ်ကြောက်ရွံ့မှုများ ဖြစ်ပေါ်နေ ကြောင်း၊ ယခုကဲ့သို့ တိုက်ခိုက်လုယူမှုများ မကြာခဏဖြစ်ပွားနေခြင်းအပေါ် ရဲတပ်ဖွဲ့ အနေဖြင့်အလေးထားကာ အရေးယူမှုများ ပြုလုပ်သင့်ကြောင်းပြောသည်။

Arakan Express Daily

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ