Related Posts Plugin for WordPress, Blogger...

From Yangon Media Group
နယ်စပ်တိုက်ပွဲများကြောင့် မောင်တော
 မြို့သို့ နိုင်ငံသားစိစစ်ရေးကတ်ပြား မပါသူ
များ ကို ဝင်ခွင့်မပြုဆိုခြင်းမှာ မဟုတ်မှန်ဟု
 မောင် တောမြို့နယ်ရဲစခန်းမှ မြို့နယ်မှူး
ကပြောသည်။


''မှတ်ပုံတင်ကတ်ပြားပါမှ မြို့ထဲကို ဝင် လို့ရတယ်ဆိုတာ မဟုတ်ပါဘူး။ ဒေသခံတိုင်း ရင်းသားတွေက ပုံမှန်အတိုင်း သွားနေကြတာ ပဲ။ ဘင်္ဂါလီဆိုရင်တော့ လဝကဥပဒေ လုပ်ထုံး လုပ်နည်းအရ မြို့နယ်ကျော်ပြီး သွားမယ်ဆိုရင် ပုံစံ(၄)ပါမှ ခွင့်ပြုပါတယ်''ဟု ယင်းကဆိုသည်။

ပြီးခဲ့သောရက်ပိုင်းအတွင်းက မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် မြန်မာနယ်စပ်ခြံ စည်းရိုးဘက်သို့ ဘင်္ဂလားဒေ့ရှ်ဘက်မှ လက် နက်ကိုင် ဝင်ရောက်မှုကြောင့် မြန်မာနယ်စပ် လုံခြုံရေးတပ်မှ ပစ်ခတ်၍ ဘင်္ဂလားဒေ့ရှ်ဘက် မှ လက်နက်ကိုင်တစ်ဦး ကျဆုံးခဲ့ပြီး နှစ်ဖက်တင်း မာသော အခြေအနေတစ်ခု ဖြစ်ပွားခဲ့သည်။

မောင်တောမြို့နယ် နတ်မြစ်တစ်လျှောက် တွင်ရှိသော နယ်စပ်ဂိတ်များမှ တစ်ဖက်နိုင်ငံ သို့ ကူးသန်းသွားလာနေသည့် ဘင်္ဂါလီများ၏ အဝင်အထွက်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက တိတိကျကျ၊ ဂရုတစိုက်စိစစ်မှုများ မပြုလုပ်ဘဲ ငွေကြေးတောင်းခံရယူမှုများ နယ်စပ်ဂိတ်များ တွင် လုံခြုံရေးတပ်ဖွဲ့များက လုပ်ဆောင်လျက် ရှိနေကြောင်း ရခိုင်အမျိုးသားပါတီမှ မောင် တောမြို့နယ်တာဝန်ခံ ဦးခင်မောင်သန်းက ပြော သည်။

''လုံခြုံရေးတပ်ဖွဲ့ဝင်တွေက နယ်မြေမကျွမ်း ကျင်တာတစ်မျိုး၊ စကားနားမလည်တာ တစ် မျိုး၊ သူတို့ရဲ့စရိုက်သဘာဝကို မသိတာတစ်မျိုး ထွက်သွားတာက အယောက် ၁ဝဝ ဆိုရင် ပြန် ဝင်လာလို့ရှိရင် ၃ဝဝ လောက် ဝင်လာတယ်။ ဘာတွေပါလာလဲဆိုတာကို တိတိကျကျ မစိ စစ်နိုင်ဘူး။ ငွေတစ်ထောင်၊ နှစ်ထောင် ပေးရင် လွှတ်ပေးလိုက်တာပဲ နောက်တစ်ခုက ၈၂ နိုင်ငံ သားဥပဒေကို ဘူးသီးတောင်မောင်တောမှာ အမြန်ဆုံး အကောင်အထည်မဖော်ရင် သူတို့ ကို နယ်မြေခွဲပေးရလိမ့်မယ်''ဟု ဦးခင်မောင် သန်းက ဆိုသည်။

နိုင်ငံသားစိစစ်ရေးကတ်ပြားမပါသူများ ကို မောင်တောသို့ ဝင်ရောက်ခွင့်မပြုဘဲ စိစစ် မှုများ ပြုလုပ်နေသည်ဆိုသော သတင်းများကို အွန်လိုင်းစာမျက်နှာများနှင့် ပြည်တွင်းထုတ် နေ့စဉ်သတင်းစာတချို့တွင် ဖော်ပြခဲ့သည်။

Arakan Express Daily

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ