Related Posts Plugin for WordPress, Blogger...


ကွီဘက်ခ်- ကနေဒါရဲတပ်ဖွဲ့သည် ရဟတ်
ယာဉ်တစ်စီး၏ အကူအညီဖြင့် ကွီဘက်ခ်မြို့ 
အကျဉ်းထောင်တစ်ခုမှ ထွက်ပြေး
လွတ်မြောက်သွားခဲ့သော အကျဉ်းသား
သုံးဦးကို ရှာဖွေနေသည်ဟု ရဲတပ်ဖွဲ့က ဇွန်လ ၇ ရက် ညတွင် ပြောသည်။
ယိဗ်ဒန်းနစ်၊ ဒန်းနစ် လီဖက်ဗ်ရီနှင့် ဆာ့ဂ်ပိုမာလူးတို့သည် အစိမ်းရောင်ရဟတ်ယာဉ်ဖြင့် ည ၇ နာရီ ၄၅ မိနစ်တွင် Orsainville အကျဉ်းထောင်မှ လွတ်မြောက်သွားခဲ့သည်။
ကနေဒါရဲတပ်ဖွဲ့သည် အကျဉ်းသားများ လွတ်မြောက်မှု အသေးစိတ်အခြေအနေများကို ထုတ်ဖော်ပြောကြားခြင်း မရှိသေးသော်လည်း အကျဉ်းသားများအား မြင်တွေ့လျှင် ရဲတပ်ဖွဲ့သို့ အကြောင်းကြားရန် သတိပေးနှိုးဆော်ထားသည်ဟု ကနေဒါနိုင်ငံ စီဘီစီသတင်းက ဖော်ပြသည်။
ကွီဘက်ခ်မြို့ အမျိုးသားရဲ တပ်ဖွဲ့သည် အကျဉ်းသားများ လွတ်မြောက်မှုကို စုံစမ်းနေကြောင်းနှင့် နံပါတ်တစ် ဦးစားပေးမှာ ရဟတ်ယာဉ်ကို ရှာတွေ့ ရန်ဖြစ်ကြောင်း အမျိုးသားရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ရဲတပ်ဖွဲ့ဝင်များသည် အနီရောင်နှင့် အဖြူရောင်အမှတ်အသားများပါသော အစိမ်းရောင် ရဟတ်ယာဉ်ကို ရှာဖွေနေသည်ဟု အမေရိကန် အင်န်ဘီစီသတင်းက ဖော်ပြသည်။
လွတ်မြောက်သွားသော အကျဉ်းသားများမှာ လူသတ်မှု၊ မူးယစ် ဆေးဝါးမှောင်ခိုကူးမှုတို့ဖြင့် တရားစွဲခံထားရသူများဖြစ်သည်ဟု The Barrier Examiner သတင်းက ဖော်ပြသည်။
၎င်းတို့ကို လာမည့် စက်တင်ဘာလတွင် အမှုစစ်ဆေးရန် စီစဉ်ထားပြီး အကြိုစစ်ဆေးမှုကို ဇွန်လ ၁၇ ရက်တွင် စတင်မည်ဖြစ်သည်။
ရဟတ်ယာဉ်ဖြင့် ထောင်ဖောက်ပြေးမှုမှာ ဒုတိယအကြိမ် ဖြစ်ပွားခြင်းဖြစ်ပြီး ၂၀၁၃ မတ်လကလည်း ကွီဘက်ခ်ဒေသ St- Jerome အကျဉ်းထောင်မှ အကျဉ်းသားနှစ်ဦးသည် ရဟတ်ယာဉ်၏ အကူအညီဖြင့် ထောင်ဖောက်ပြေးခဲ့ဖူးသည်။
ယင်းဖြစ်စဉ်တွင် လူနှစ်ဦးသည် ရဟတ်ယာဉ်မောင်းကို သေနတ်ဖြင့် ခြိမ်းခြောက်၍ ထောင်ဖောက်ရာတွင် ကူညီခိုင်းခဲ့ခြင်း ဖြစ်သည်။
ထိုစဉ်က ရဟတ်ယာဉ်ဖြင့် ထောင်ဖောက်ပြေးမှုတွင် ပါဝင်ခဲ့သူ လေးဦးလုံးကို နာရီပိုင်းအတွင်း ဖမ်းမိခဲ့သည်ဟု သိရသည်။
—Ref: Daily Mail, AP
7day news daily

Posted by Unknown on 6/08/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ