Related Posts Plugin for WordPress, Blogger...



Tuesday, May 27, 2014


မြန်မာနိုင်ငံ ရိုဟင်ဂျာလူငယ်များအဖွဲ့ချုပ် မှ ပုဒ်မ ၄၃၆ ဖျက်သိမ်းရေး ဆန္ဒဖော်ထုတ်ပွဲများအား ထောက်ခံကြောင်း ကြေငြာချက် ထုတ်ပြန်ခဲ့ပြီး ပုဒ်မ ၅၉(စ)နှင့် ၈၂ ခုနှစ် နိုင်ငံသား ဥပဒေ ပြင်ဆင်ပေးရန် ဖိအားပေး တောင်းဆိုလိုက်ကြောင်း သိရှိရသည်။

ပုဒ်မ ၅၉(စ) ပြင်ဆင်ရေး ဆောင်ရွက်သည့်အခါ အမျိုး ဘာသာ သာသနာ ကာကွယ်စောင့်ရှောက်သူများနှင့် ထိပ်တိုက်ရင်ဆိုင်မိသဖြင့် ဒေါ်အောင်ဆန်း စုကြည်၏ ဥပဒေအကြံပေး ပညာရှင် တရားလွှတ်တော် ရှေ့နေ ဦးကိုနီ အကြံဥာဏ်ကို ရယူ၍ ပုဒ် ၄၃၆ ပြင်ဆင်ရေးကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ခဲ့ကြောင်း၊ ယင်းလူထုဆန္ဒခံယူပွဲများသို့ ဘင်္ဂလီလူငယ်များအဖွဲ့ချုပ်မှ အင်အားများပြားစွာ ပါဝင်တက်ရောက်ခဲ့ကြောင်း၊ ဘင်္ဂလီများမှ လူအင်အားနှင့် ငွေအင်အား နောက်ကွယ်မှ ပံ့ပိုးကူညီကာ NLD က ယင်းတို့ အလိုရှိရာ ပြင်ဆင်ပေးရန် ဖြစ်ကြောင်း သိရှိရသည်။

ဘင်္ဂလီတို့၏ ကြေညာချက်တွင် “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ပွင့်လင်း လူ့အဖွဲ့အစည်းခေါင်းဆောင် ကိုမင်းကိုနိုင်တို့ ဟောပြောချက်များအား မြန်မာနိုင်ငံရို ဂျာလူငယ်များအဖွဲ့ချုပ်မှ လုံးဝ(လုံးဝ) ထောက်ခံ ပါသည်။” ဟူ၍ ဖော်ပြထားသည်။

၎င်းအပြင် “ နောင်ပြုလုပ်မည့် ပုဒ်မ(၄၃၆) ဖျက်သိမ်းရေး၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား သမ္မတဖြစ်ခွင့်မရှိအောင် တားမြစ်ပိတ်ပင်ထားသည့် (၅၉)စ ဖျက်သိမ်းရေး လှုပ်ရှားမှုများအား တက်ကြွစွာ ပူးပေါင်းဆောင်ရွက်သွားပါမည်။ ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ပွင့်လင်းလူ့အဖွဲ့အစည်း တို့အနေဖြင့်
ခေတ်ကာလနှင့် မလျော်ညီတော့သည့် ၁၉၈၂ နိုင်ငံသားဥပဒေ ပြင်ဆင်ရေးကိုပါ လုပ်ဆောင်သွားသင့်ကြောင်း ထုတ်ပြန်ကြေငြာအပ်ပါသည်” ဟူ၍ အလ်ဟာဂ်ျ မြင့်နိုင်အမည်ဖြင့် အတိအလင်း ကြေညာထားခြင်း ဖြစ်သည်။

ယင်းကြေညာချက်သည် NLD နှင့် ၈၈ မျိုးဆက်ကျောင်းသားဟောင်းများ၏ ရှေ့ဆက်မည့် ခြေလှမ်းကို လိုသထင်ရှား ထုတ်ပြန်လိုက်ခြင်း ဖြစ်၍ အထူးသတိထားရမည့် အချိန်အခါသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ အနီးကပ်ဆုံး ရန်သူကို ရှာတိုက်ကြရမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ အမျိုးသားရေးတက်ကြွလှုပ်ရှားသူ လူငယ်များ ကွန်ရက် ဥက္ကဌ ဖြစ်သူ ကိုသာကီသွေးနောင် က ထုတ်ဖော် ပြောကြားသည်။

“အခုဆိုရင် ဘင်္ဂလီတွေဟာ သူတို့ရဲ့ ရည်မှန်းချက်တွေကို အတိအလင်း ထုတ်ဖော်ကြေညာထားပြီး NLD နဲ့ ၈၈ ကို နောက်ကွယ်ကနေ ထိန်းချုပ်ထားပြီ။ ဒါကို ကျွန်တော်တို့ နိုင်ငံသားတွေ အမှန်အတိုင်း ကြည့်မြင်နိုင်ကြဖို့ သိပ်ကို အရေးကြီးနေပါပြီ။ ကျွန်တော်တို့အနေနဲ့ ဆရာတော် သံဃာတော်တွေ၊ အမျိုးချစ်တဲ့သူတွေ၊ အမျိုး စစ်တဲ့သူတွေနဲ့ တတ်နိုင်သမျှ ပူးပေါင်းဆောင်ရွက်သွားဖို့ လိုပါတယ်။ ဒီအန္တရာယ်ကြီးဟာ နိုင်ငံရေးပါတီတွေကို အသုံးချပြီး လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း သူ သမ္မတ ဖြစ်ရင် ပြီးရော ဆိုတဲ့ သဘောမျိုးတွေ တွေ့နေရတော့ ကျွန်တော်တို့ သိပ်ကို စိုးရိမ်မိပါတယ်။ ဒါဟာ အမျိုးသားရေးအန္တရာယ်ပါ။ တစ်မျိုးသားလုံး အတွက် ဘေးသင့်မယ့် ချောက်ကမ်းပါးကြီးပါ။ ပုဒ်မ ၄၃၆ ဟာ ဘာသာရေး လူမျိုးရေး ထောင်ချေက် ဖြစ်တယ် ဆိုတာ ကျွန်တော်တို့ ကျယ်ကျယ်ပြန့်ပြန့် သတိပေးဖို့ လိုပြီ။ ပြည်သူလူထုကို တပ်လှန့်နှိုးဆော်ဖို့ လိုအပ်နေပါပြီ။ တတ်နိုင်သမျှ ၀ိုင်းဝန်းကူညီကြဖို့ လိုပါတယ်။ အမျိုးစစ်မှ မျိုးချစ်မှာကို သတိပြုကြဖို့ လိုပါတယ်” ဟု ၄င်းက ပြောဆိုသည်။

ယနေ့ပြုလုပ်ခဲ့သည့် နေပြည်တော် ဟောပြောပွဲတွင်လည်း ပျဉ်းမနား မြို့မဈေးကြီးအတွင်းရှိ ဘင်္ဂလီလူမျိုးပိုင် ရွှေဆိုင်များမှ လိုအပ်သည့် ငွေကြေးနှင့် ယာဉ်များ ပံ့ပိုးကူညီခဲ့ကြောင်း သိရှိရသည်။

P-84765389930
http://www.oppositeyes.info 

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ