Related Posts Plugin for WordPress, Blogger...

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဧ။် အဓိက သော့ချက်ဖြစ်သည့်
ပုဒ်မ ၄၃၆ အားပြင်ဆင်လိုခြင်းမှာ ရိုးသားမှုမရှိဟု တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် တင့်ဆန်းက The Street View သို့ ပြောသည်။

ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ဧ။် လူထုဟောပြောပွဲများတွင် တပ်မတော်ကို ပါဝင်ရန်ဖိတ်ခေါ်နေသည့်အပေါ် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်တင့်ဆန်းအား သဘောထားမှတ်ချက်ကို မေးမြန်းကြည့်ရာတွင် ၄င်းက ယခုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။
“ဖွဲ့စည်းပြင်ဆင်ရေး ၁၀၉ ဦးကော်မတီထဲမှာလည်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေပါပါတယ် ကိုယ်တို့ဘက်ကလည်း တင်နေတာတွေရှိတယ်။ ၄၃၆ ပြင်ရေးနဲ့ပတ်သက်ပြီးပြောရရင် ၄၃၆ ပြင်ရေးက သဘောက အဲ့ဒါမရိုးသားတာပဲ ၄၃၆က ပြင်မယ်ဆိုရင် ပုဒ်မ ၁ ကနေပြီးသွားရမှာ ပြင်မယ်မပြင်ဘူးဆိုတာကို” ဟု တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်တင့်ဆန်းက ပြောသည်။

ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့်ပတ်သက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးကမှု ဖွဲ့စည်းပုံအခြေခံဥပဒေအား
ပြင်သင့်ပြင်ထိုက်သည်များကိုပြင်ဆင်ရမည်ဟု ပြောဆိုခဲ့သည်။ ဖွဲ့စည်းပုံပြင်ဆင်ရေးဧ။် အဓိက အတားအဆီးဖြစ်သည့် ပုဒ်မ ၄၃၆ သည်ပြင်သင့်ပြင်ထိုက်သည့် ပုဒ်မ ဟုတ်ခြင်း မဟုတ်ခြင်းကိုမှု ၄င်းအနေဖြင့် မှတ်ချက်ပြုမပြောနိုင်ကြောင်းပြောဆိုခဲ့ပြီး တစ်ဦးနှင့်တစ်ဦး သဘောထားတူညီနိုင်မည်မဟုတ်ကြောင်း နမိတ်ပြပြောဆိုခဲ့သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ၀င်တစ်ဦးဖြစ်သူ ဦးဝင်းသန်းက မှု ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပုဒ်မ ၄၃၆ တင်မကဘဲ ပြင်ဆင်ရမည့်အရာများ များစွာ ရှိနေကြောင်း ပြောသည်။

“ပုဒ်မ ၄၃၆ တင်မကပါဘူး ပြင်ရမယ့် အရာတွေအများကြီးတွေ့လာတယ် လုပ်ရင်းကိုင်ရင် အဆင်မပြေတော့တာတွေလည်းရှိလာတယ်” ဟု ဦးဝင်းသန်းက ပြောသည်။
လက်ရှိအချိန်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၂ ပါ ပုဒ်မ ၄၃၆ အားပြင်ဆင်ရေး လူထုလက်မှတ်ထိုးတောင်းဆိုမှုများကို NLD နှင့် ၈၈မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းတို့က ဦးဆောင် လှုပ်ရှားလျှက်ရှိနေသည်။
ပုဒ်မ ၄၃၆ သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ရခက်စေရန် ထည့်သွင်းထားခြင်းဖြစ်သည်ဟု ဝေဖန်ပြောဆိုလျှက်ရှိကြသည်။

The Street View
http://www.oppositeyes.info

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ