Related Posts Plugin for WordPress, Blogger...

ရန်ကုန်၊ မေ ၂၃

၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) ကို တည်ထောင်ခဲ့သူ ဒေါက်တာသန်းငြိမ်း၏ ဈာပန အခမ်းအနားကို နိုင်ငံရေးလောကမှ ထင်ရှားသော လွှတ်တော် ကိုယ်စားလှယ်များ၊ ပါတီခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။

အသည်းကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့သော ဒေါက်တာသန်းငြိမ်း၏ ဈာပန အခမ်းအနားကို မေလ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီက မြောက်ဥက္ကလာပ မြို့နယ် ရေဝေးသုသာန်တွင် ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး တပ်မတော် ထောက်လှမ်းရေး အကြီးအကဲ (ဗိုလ်ချုပ်ကြီးဟောင်း) ဦးခင်ညွန့်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နာယက တစ်ဦးဖြစ်သူ ဦးတင်ဦး၊ အမျိုးသားဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေ၊ နိုင်ငံရေးစာပေများ ရေးသားသူ စာရေးဆရာ ကျော်ဝင်းနှင့် အခြားနိုင်ငံရေး ပါတီများမှ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေး အကူးအပြောင်း ကာလဖြစ်သည့် ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းမှစ၍ အတူတူ အလုပ်လုပ်ခဲ့သည့် အတွေ့အကြုံများအရ ဒေါက်တာသန်းငြိမ်းမှာ အမြော်အမြင် ကြီးသည့် နိုင်ငံရေးသမား တစ်ယောက် ဖြစ်သည့်အတွက် မြန်မာနိုင်ငံအတွက် ဆုံးရှုံးမှု တစ်ခုဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အတွင်းရေးမှူး ဦးဦးလှစောက ပြောကြားသည်။
“တကယ် အမြော်အမြင်ကြီးတဲ့ နိုင်ငံရေးသမား တစ်ယောက်ပါ။ ရိုးရိုးရှင်းရှင်း တွေးခေါ်တတ်တဲ့ သူတစ်ဦးလည်း ဖြစ်တယ်။ ဒါဟာ ဘာမှ သံသယ ရှိစရာ မလိုပါဘူး။ တကယ်ဆုံးရှုံးမှုပါပဲ။ ကိုယ်ကျိုးစွန့်လွှတ်မှု အတိုင်းအတာမှာလည်း အများနည်းတူ စွန့်လွှတ်ခဲ့တယ်။ မြန်မာနိုင်ငံအတွက် ဆုံးရှုံးမှုတစ်ခုပါပဲ” ဟု ၎င်းကဆိုသည်။

အချိုးကျ ကိုယ်စားပြု မဲပေးစနစ် (PR) စနစ် ကျင့်သုံးရန် ဦးဆောင်ခဲ့သူ ဖြစ်သည့် ဒေါက်တာသန်းငြိမ်းသည် လူကြီးဆန်ပြီး ရင့်ကျက်သူ တစ်ဦးဖြစ်ကာ တိုင်းပြည်အတွက် မှန်မှန်ကန်ကန် အလုပ်လုပ်သူ တစ်ဦးဖြစ်၍ နိုင်ငံအတွက် ဆုံးရှံးမှု တစ်ခုဖြစ်ကြောင်း အမျိုသားဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက ဆိုသည်။

“ကျွန်တော့်အတွက်က အရမ်းရင်းနှီးတဲ့ မိတ်ဆွေဆိုတော့ လူပုဂ္ဂိုလ်အရလည်း ဆုံးရှုံးမှုတစ်ခုပါပဲ။ သူဦးဆောင်ပြီး လုပ်ဆောင်ခဲ့တဲ့ PR စနစ် ဆိုတာလည်း နိုင်ငံတကာမှာလည်း ကျင့်သုံးနေတယ်။ တိုင်းပြည်အတွက် အခု မလုပ်နိုင်သေးဘူး ဆိုပေမယ့် နောက်တစ်ချိန်မှာ ကျင့်သုံးအောင် လုပ်ဖို့ တိုက်တွန်းချင်တယ်” ဟု ၎င်းက တိုက်တွန်း ပြောကြားသည်။

ဒေါက်တာသန်းငြိမ်းသည် ရန်ကုန်ဆေးတက္ကသိုလ်မှ ဆရာဝန်ဘွဲ့ကို ၁၉၆၃ ခုနှစ်တွင် ရရှိခဲ့ပြီး ကုလသမဂ္ဂ စေတနာ့ဝန်ထမ်း ဆရာဝန်အဖြစ် သိရိလင်္ကာနိုင်ငံတွင် (၁၉၈၄-၈၆ အထိ) ဆောင်ရွက်ခဲ့သော်လည်း ၁၉၈၈ အရေးတော်ပုံတွင် ပါဝင်မှုဖြင့် ဖယ်ခုံရဲစခန်းတွင် အချုပ်ခံရပြီးနောက် ပင်စင် အပေးခံခဲ့ရသည်။

ကျောက်တန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ) သို့ ပါတီဝင် တစ်ဦးအဖြစ် စတင် ဝင်ရောက်ခဲ့ပြီး မြို့နယ်ဥက္ကဌ တာဝန်ကို ထမ်းဆောင်ခဲ့ကာ ၁၉၉၀ ရွေးကောက်ပွဲတွင် ကျောက်တန်းမြို့နယ် မဲဆန္ဒနယ်မြေမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် တင်မြှောက်ခံရသည်။

၁၉၉၇ ခုနှစ် အောက်တိုဘာလတွင် မရမ်းကုန်းမြို့နယ် လူငယ်ဖွဲ့စည်းရေးကိစ္စ ဆောင်ရွက်မှုဖြင့် ထောင်ဒဏ် ၁၀ နှစ်နီးပါး ကျခံခဲ့ရပြီး ၂၀၀၈ ခုနှစ်၊ စက်တင်ဘာတွင် အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်ခဲ့ကာ NLD ပါတီ ရန်ကုန်တိုင်း ဒုတိယ ဥက္ကဋ္ဌအဖြစ် လုပ်ဆောင်ခဲ့ပြီး ၂၀၁၀ ခုနှစ်တွင် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် အဖြစ် တာဝန်ပေးအပ် ခံရသည်။

၂၀၁၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကို NLD ပါတီမှ ဝင်ရောက် ယှဉ်ပြိုင်ခြင်း မပြုသောကြောင့် နှုတ်ထွက်ခဲ့ပြီး ၂၀၁၀ ခုနှစ် ဇွန်လအတွင်း တည်ထောင်ခဲ့သော အမျိုးသားဒီမိုကရေစီအင်အားစု (NDF ပါတီ) တွင် ဗဟိုအလုပ်အမှုဆောင် ကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သော်လည်း ၂၀၁၂ ခုနှစ်တွင် ကျန်းမာရေး အခြေအနေအရ ဥက္ကဋ္ဌ နေရာမှ နုတ်ထွက်ပြီး ပါတီခေါင်းဆောင် တာဝန်ကို ပြောင်းလဲ ထမ်းဆောင်ခဲ့သည်။

ကွယ်လွန်သွားချိန်တွင် အသက် ၇၆ နှစ်ရှိပြီ ဖြစ်သော အမျိုးသားဒီမိုကရေစီ အင်အားစု NDF ပါတီ ဥက္ကဋ္ဌဟောင်း ဒေါက်တာသန်းငြိမ်းသည် အချိုးကျ ကိုယ်စားပြု မဲပေးစနစ် PR ကို မြန်မာပြည်တွင် ကျင့်သုံးသင့်ကြောင်း စတင် အရေးဆိုခဲ့သူ တစ်ဦးဖြစ်ကာ နိုင်ငံရေးစာပေများကို ရေးသားခဲ့ပြီး ရွှေဂုံတိုင်ရှင်းတမ်း စာတမ်းနှင့် တောဆရာဝန်ဘဝ အတွေ့အကြုံ စာအုပ်ကို ထုတ်ဝေခဲ့သည်။

ဒေါက်တာသန်းငြိမ်းသည် မေလ ၂၁ ရက်နေ့ နံနက် ခြောက်နာရီခွဲတွင် အသည်းကင်ဆာ ရောဂါဖြင့် ဒဂုံမြို့သစ်မြောက်ပိုင်း ပင်လုံဆေးရုံတွင် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။

The Voice Weekly

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ