Related Posts Plugin for WordPress, Blogger...

ထိုင်းစစ်တပ်အာဏာသိမ်းပြီးနောက် အစိုးရဆန့်ကျင်ဆန္ဒပြသူများ စခန်းချရာနေရာမှ ထွက်ခွာရန် ပြင်ဆင်နေကြသည်ကို မေလ ၂၂ ရက်က တွေ့ရစဉ် (Damir Sagolj/REUTERS)

ထိုင်းနိုင်ငံတွင် စစ်တပ် ကအာဏာသိမ်းပြီး ညမထွက်ရ အမိန့်ထုတ်ပြန်ထားရာ ညပိုင်း အလုပ်ဆင်းရလေ့ရှိသော အလုပ် များပိတ်ထားသောကြောင့် အချိန် ပိုအလုပ်မဆင်းရတော့၍ ထိုင်း နိုင်ငံရောက်မြန်မာလုပ်သားများ  သည် ညမထွက်ရအမိန့်ကာလ ရှည်ထုတ်ထားမည်ကို စိုးရိမ်နေ ကြောင်း သတင်းရရှိသည်။

ထိုင်းနိုင်ငံတွင် စစ်အုပ်ချုပ် ရေးကြေညာပြီး နှစ်ရက်အကြာ မေလ ၂၂ ရက်၌ စစ်တပ်က အာဏာသိမ်းလိုက်ပြီး တစ်နိုင်ငံ လုံး ည ၁၀ နာရီမှ နံနက် ၅ နာရီ အထိ အပြင်မထွက်ရအမိန့်ထုတ် ပြန်ခဲ့သည်။ ယင်းသို့ထုတ်ပြန် သောကြောင့် ညပိုင်းအချိန် အလုပ်ဆင်းရသော ရွှေ့ပြောင်း မြန်မာလုပ်သားများမှာ အခက်အခဲများဖြစ်ပေါ်ခဲ့သည်။ အချိန်ပို ဆင်းရမည့်အလုပ်များလည်း ပိတ်ထားသောကြောင့် ညမထွက်ရအမိန့် ရက်ကြာရှည်ပိတ်ထား မည်ကို စိုးရိမ်နေကြောင်း ထိုင်းနိုင်ငံရောက်  ရွှေ့ပြောင်းမြန်မာလုပ်သားများက ပြောသည်။

‘‘ဒီမှာက ညပိုင်းဆင်းရမယ့် အလုပ်သမားတွေရှိတယ်။ သူတို့ ဆိုရင် အလုပ်မဆင်းရတော့ဘူး။ အချိန်ပိုဆင်းရမယ့်သူတွေလည်း မဆင်းရတော့ဘူး။  အဓိက,က အိုတီဆင်းရတာပဲ။  အိုတီသာ မဆင်းရဘူးဆိုရင် မလွယ်ဘူး။ အဲဒီလိုသာ အကြာကြီးဖြစ်နေရင် နေထိုင်ဖို့အတွက် အခက်အခဲ တွေအများကြီးဖြစ်လာမယ်’’ဟု ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် လုပ်ကိုင်နေသော ကိုမျိုးကြီးက ပြောသည်။

ညမထွက်ရအမိန့်ထုတ်ပြန် ပြီးနောက်  မြန်မာလုပ်သားများ အများဆုံးလုပ်ကိုင်နေသော ယုံဝ လညဈေးနှင့် ဘောဗေးညဈေး များ ပိတ်ထားကြောင်း ထိုင်းနိုင်ငံ ရောက် ရွှေ့ပြောင်းမြန်မာလုပ် သားများက ပြောသည်။

  ‘‘ညဈေးတွေလည်းပိတ် ထားတော့ ဘာမှကိုမလုပ်ရတော့ ဘူး။ ဒီအတိုင်းကြီးအကြာကြီးဖြစ် နေမယ်ဆိုရင် မြန်မာပြည်ကိုပြန် လာရမှာပဲ။ အလုပ်ချိန်များများ ရမှ ကိုယ့်အတွက်ကျန်တာလေ’’ ဟု ထိုင်းနိုင်ငံ ဘောဗေးညဈေး တွင် လုပ်ကိုင်နေသော ကိုကျော် သူက ပြောသည်။

    စစ်တပ်မှအာဏာသိမ်း လိုက်သော်လည်း  ကုန်ဈေးနှုန်းမတက်၍ စိတ်ပူပန်မှုတစ်ခုလျော့သွားကြောင်း ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းမြန်မာလုပ်သားများကဆိုသည်။

‘‘တခြားအခက်အခဲတွေဖြစ် ပေမယ့် ကုန်ဈေးနှုန်းတွေမတက် တော့ တော်သေးတယ်။ ထမင်း တစ်ထုပ်ငါးဘတ်၊ ဟင်းတစ်ထုပ် ဘတ် ၂၀၊ ကန်စွန်းရွက်တစ်စည်း ငါးဘတ်ဈေးနှုန်းက အရင်အတိုင်း ပဲ။ ခုလောလောဆယ် ကျွန်တော် တို့ကျောင်းလည်း ပိတ်ထားတယ်’’ ဟု ထိုင်းနိုင်ငံချစ်သော မြန်မာ ပြည်ကျောင်းမှ သင်တန်းဆရာ ကိုအောင်စိုးဦးက ပြောသည်။

ထိုင်းနိုင်ငံတွင် သွားရောက် လုပ်ကိုင်နေသော တရားဝင်နှင့် တရားမဝင်မြန်မာလုပ်သားစုစု ပေါင်း  သုံးသန်းဝန်းကျင်ရှိနေ ကြောင်း သတင်းရရှိသည်။

Author: ငြိမ်းချမ်း

7DAY DAILY

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ