Related Posts Plugin for WordPress, Blogger...

အလွန်ထူးဆန်းတဲ့အခြေအနေတစ်ခုကို ကာဇစတန်နိုင်ငံရဲ့ Kalachi ရွာဒေသတစ်ဝိုက်နဲ့ ရုရှားနိုင်ငံရဲ့ ဆိုဗီယက် လက်ကျန်မြို့ဟောင်း Krasnogorsk တို့မှာ ကြုံတွေ့နေရတယ် လို့ဆိုပါတယ်။

ဒီဒေသတစ်ဝိုက်မှာ နေထိုင်တဲ့လူတွေဟာ ဘာကြောင့် ရုတ်တရက် အိပ်ပျော်ကုန်ကြတယ်ဆိုတာကို ပညာရှင်တွေဟာ အဖြေရှာမရဖြစ်နေပြီး ဒီလိုအိပ်ပြောတယ်ဆိုရင်လည်း ၆ ရက်လောက်ကြာတတ်တယ်လို့ ဆိုပါတယ်။

လျှို့ဝှက်သည်းဖို ဝတ္ထုတွေထဲကလိုဖြစ်နေတဲ့ ဒီအခြေအနေရဲ့ နောက်ကွယ်က အကြောင်းအရင်းကို ဘယ်သူမှ မသိသေးပါဘူး။

ဒီအခြေအနေဟာ တစ်ချိန်လုံးဖြစ်နေတာ မဟုတ်ဘဲ လှိုင်းတွေလို တစ်ခုပြီးမှတစ်ခု လာတတ်တယ်လို့ဆိုပါတယ်။ ပထမဆုံးဖြစ်ခဲ့တာက မတ်လ ၂၀၁၃ မှာ ဖြစ်ပြီး မေလမှာ ထပ်မံ ပေါ်ပေါက်လာခဲ့ပါတယ်။ လက်ရှိ ၂၀၁၄ ခုနှစ်အတွင်းမှာလည်း သုံးကြိမ်ထက်မက ဖြစ်ခဲ့ပြီးပါပြီ။

ဒီဒေသဟာ လူဦးရေသိပ်မများပေမဲ့ ဖြစ်လာပြီဆိုရင် လူပေါင်း ၄၀ ကနေ ၆၀ ထိ ခံစားရတယ်လို့ဆိုပါတယ်။

အနီးနားမှာရှိတဲ့ ယူရေနီယမ် သတ္တမိုင်းကြောင့် ဖြစ်တယ်လို့ ယုံကြည်ခဲ့ကြပြီး မြေ၊ ရေ၊ လေ၊ သွေး၊ ဆံပင်၊ လက်သည်း တို့အပါအဝင် ဒေသထွက် အရက်ကစလို့ ဓာတ်ရောင်ခြည်တွေထိ စမ်းသပ်မှုပေါင်း ၇၀၀၀နီးပါး ပြုလုပ်ခဲ့ပြီးပေမဲ့ ကျွမ်းကျင်သူတွေဟာ ခုချိန်ထိ အဖြေရှာမတွေ့သေးပါဘူး။

အသက် ၅၀ အရွယ် နွားနို့ထွက်ကုန် အလုပ်သမား Maria Felk ဟာ ဒီအခြေအနေကို ခံစားခဲ့ရတဲ့ ပထမဆုံးလူတွေထဲက တစ်ယောက်ပါ။

“ပုံမှန်အတိုင်းပဲ ကျွန်မ နွားနို့ညစ်နေတာ။ မနက် အစောကြီးပေါ့။ နောက်တော့ ကျွန်မအိပ်ပျော်သွားကော။ ဘာမှ မမှတ်မိဘူး။ ကျွန်မ ပြန်နိုးလာတော့ ဆေးရုံပေါ်မှာ။ နာစ့်မက ကျွန်မကိုပြုံးပြီး ပြောတယ်။ အိပ်ပျော်နေတဲ့မင်းသမီးလေး ကြိုဆိုပါတယ်။ နောက်ဆုံးတော့ နိုးလာပြီပေါ့တဲ့။ ကျွန်မ ဘာမှတ်မိသေးလဲဆိုတော့ ဘာမှမမှတ်မိဘူး။ နှစ်ရက်နှစ်ည အိပ်ခဲ့တယ်” လို့ Maria Felk က ပြောပါတယ်။

ဒီအခြေအနေဟာ ဒေသခံတွေတင်မဟုတ်ပဲ ဒီဒေသထဲ အလည်လာမိသူတွေကိုပါဖြစ်နေတယ် လို့ဆိုပါတယ်။

ဒီဒေသရဲ့ခရိုင်ဆရာဝန် Kabdrashit Almagambetov က “လူနာတွေ နိုးလာရင် သူတို့က ဘာမှမမှတ်မိဘူး။ သူတို့ ဇာတ်လမ်း က တစ်ပုံစံတည်းတွေကြည့်ပဲ” လို့ဆိုပါတယ်။

.

Posted by Unknown on 5/26/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ