Related Posts Plugin for WordPress, Blogger...

From : .. 7day
တရားခံပြေးလာဖမ်း သော ရဲနှစ်ဦးကို ရွာသားများက ဖမ်းဆီးပြီး ရိုက်နှက်ကာ ရဲကင်း ကို မီးရှို့မှု စစ်ကိုင်းတိုင်းဒေသကြီး  ဗန်းမောက်မြို့နယ်တွင် ဖြစ်ပွားခဲ့ ကြောင်း သတင်းရရှိသည်။

မေလ ၂၂ ရက်ညနေက ဗန်း မောက်မြို့နယ်၊ မန်စီကြီးရဲစခန်း ပိုင် နယ်မြေ လိတ်စောရဲကင်းမှ ရဲတပ်သားနှစ်ဦးသည် ဟော့ယော ကျေးရွာတွင်ရှိနေသည့် တရားခံ ပြေးတစ်ဦးအား သွားရောက်ရှာ ဖွေခဲ့ရာ မတွေ့သဖြင့် ကျေးရွာ အုပ်ချုပ်မှူးနှင့်အတူ ရွာလမ်း အတိုင်းပြန်လာစဉ် အောင်ရွှေ ဆိုသူ ဦးဆောင်သည့် ရွာသား ဆယ်ဦးခန့်က အော်ဟစ်ကာ ၀ိုင်းလာသောကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူး၏ အိမ်ထဲတွင် ၀င်ပုန်းခဲ့ရသည်။

 သို့သော် ရွာသားများက အိမ်ထဲသို့ဝင်၍ ဖမ်းဆီးပြီး ရွာ လမ်းပေါ် ဆွဲထုတ်ကာ ၀ိုင်းရိုက် ကြသောကြောင့် ဒဏ်ရာပြင်းထန် စွာရခဲ့ပြီး ထွက်ပြေးခဲ့ကြောင်း ဗန်းမောက်မြို့မရဲစခန်းမှ ရဲအရာ ရှိတစ်ဦးကပြောသည်။

‘‘ရဲကင်းဆိုတော့ တပ်ဖွဲ့ဝင် အင်အားနည်းတယ်။ ရှိတဲ့ ရဲတွေ တောင် ထွက်ပြေးလာခဲ့ရတာ။ ရွာသားတွေက ဆယ်ယောက် ကျော်တယ်။ သူတို့ထဲက တစ် ယောက်မှတော့ မဖမ်းနိုင်သေး ဘူး’’ဟု အဆိုပါရဲအရာရှိက ပြော ကြားသည်။

ရွာသားများက သစ်သား အဆောက်အအုံရဲကင်းတစ်ခုလုံး အပြင် ဆိုင်ကယ်နှစ်စီးကိုလည်း မီးရှို့သွားခဲ့သည်ဟုဆိုသည်။ ဦး ခေါင်းနှင့် ခန္ဓာကိုယ်အနှံ့ဒဏ်ရာ ပြင်းထန်စွာရခဲ့သည့် ရဲတပ်သား နှစ်ဦးမှာ ကြောင်လည်တိုက်နယ်ဆေးရုံ၌ ကုသခံနေရပြီး ရဲများကို တိုက်ခိုက်ခဲ့သော ရွာသားဆယ်ဦးခန့်ကိုလည်း ဖမ်းမိနိုင်ရန် ခရိုင်ရဲမှူး၏ ညွှန်ကြားမှုဖြင့် ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

‘‘တော်တော်ဆိုးရွားတဲ့ ဖြစ် စဉ်ပါ။ တရားခံပြေးလာဖမ်းတဲ့ ရဲ ကို ရိုက်ပြီး ရဲကင်းကိုပါ မီးရှို့လိုက်တာကတော့ တော်တော်ကို စည်း လွတ်ဝါးလွတ်ဖြစ်တာပါ။ ဒီဖြစ် စဉ်ကို အထက်အရာရှိတွေ ဘယ် လိုအရေးယူမလဲဆိုတာ သိချင်ပါ တယ်’’ ဟု ဗန်းမောက်မြို့နယ် ရဲစခန်းမှ အမည်မဖော်လိုသည့် ရဲတပ်သားတစ်ဦးက ပြောကြားသည်။

အဆိုပါအမှုတွင် ပါဝင်သူ များအား လူစုလူဝေးဖြင့် ရိုက်နှက် မှု၊ မီးရှို့မှု၊ တာဝန်ဝတ္တရားနှောင့် ယှက်မှု၊ အကျိုးဖျက်ဆီးမှု ပုဒ်မ ၁၁၄/၄၃၆/၃၃၃/၄၂၇ ဖြင့် မန်စီကြီး နယ်မြေရဲစခန်း၌ အမှု ဖွင့်ထားသည်။

ဗန်းမောက်မြို့နယ်တွင် ရဲ တပ်ဖွဲ့ဝင်များ အကြမ်းဖက်ခံရသ ကဲ့သို့ ဖြစ်စဉ်များမှာ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်တွင် နေပြည်တော်၊ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံ မြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသ ကြီး မော်လိုက်မြို့၌ ဖြစ်ပွားခဲ့ ဖူးသည်။
 

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ