Related Posts Plugin for WordPress, Blogger...

နေပြည်တော် မေ ၂၂
ယနေ့ ည ၉ နာရီအချိန် တိုင်းထွာချက် များအရ ဘင်္ဂလား ပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ ဂွမြို့၏ အနောက်ဘက် မိုင် ၁၅ဝခန့်၊ စစ်တွေမြို့၏ အနောက်တောင်ဘက် ၁၆၅ မိုင်ခန့်နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ စစ်တကောင်း မြို့၏ တောင်ဘက် မိုင်၂၉ဝခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။
အဆိုပါ မုန်တိုင်းငယ်သည် မြောက်- အနောက်မြောက် ဘက်သို့ ဆက်လက် ရွေ့လျား နိုင်သည်ဟု ခန့်မှန်းရသည်။
မုန်တိုင်းငယ်သည် မြောက်- အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျားမည်ဟု ခန့်မှန်း ရသော်လည်း ရခိုင်ကမ်း ရိုးတန်းနှင့် အလွန်နီးကပ် နေသဖြင့် လိမ္မော် ရောင် အဆင့်ဟု သတ်မှတ်သည်။
မုန်တိုင်းငယ်၏ အရှိန်ကြောင့် ဧရာဝတီတိုင်း ဒေသကြီးနှင့် ရခိုင်ပြည်နယ် တို့တွင် နေရာ အနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက် မိုးကြီးနိုင်သည်။
မြစ်ဝကျွန်းပေါ်၊  ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။   မိုးသက် လေပြင်း ကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄ဝမှ ၄၅မိုင် အထိ တိုက်ခတ်နိုင်သည်။
မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေ ယာဉ်များ၊ သင်္ဘောများ အနေဖြင့် မုန်တိုင်း အန္တရာယ်ကို
ကြိုတင် သတိပြုရန် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ အကြံပြု ထားသည်။
မုန်တိုင်း သတိပေး ကြေညာချက်အား မြန်မာ့အသံ ရေဒီယို၊ မန္တလေး FM၊ ပဉ္စဝတီ FM၊ ရွှေFM ၊ ပတ္တမြားFM ၊ ချယ်ရီ FM ၊ FMပုဂံတို့မှ ၁၅ မိနစ်လျှင် တစ်ကြိမ်၊ မြန်မာ့ ရုပ်မြင်သံကြား (MRTV)  မှ မိနစ် ၃ဝလျှင်တစ်ကြိမ် မပြတ် ထုတ်လွှင့် ပေးနေပါသည်။
သို့ဖြစ်ပါ၍ မုန်တိုင်း အန္တရာယ် ဖြစ်ပေါ်နိုင်သည့် ဒေသများတွင် နေထိုင်ကြသည့် ပြည်သူများ အနေဖြင့် ရုပ်မြင်သံကြား၊ FM ရေဒီယိုများကို ကြည့်ရှု နားထောင်၍ မုန်တိုင်းအန္တရာယ် ကာကွယ်ရေး လမ်းညွှန်ချက်များ နှင့်အညီ လိုက်နာ ဆောင်ရွက် သွားကြပါရန်နှင့် မြန်မာ့ပင်လယ် ငါးလုပ်ငန်း ရေပြင်အတွင်း ငါးဖမ်း လုပ်ငန်း လုပ်ကိုင် ဆောင်ရွက်နေသော ကမ်းနီး ငါးဖမ်းလှေများ၊ ပြည်တွင်း/ ပြည်ပ ကမ်းဝေး ငါးဖမ်းရေယာဉ်များ အနေဖြင့်လည်း အဆိုပါ မုန်တိုင်း အန္တရာယ်မှ ရှောင်ရှား ကာကွယ် နိုင်ရန်အတွက် အောက်ဖော်ပြပါ တည်နေရာ များတွင် အချိန်မီ ခိုလှုံကြပါရန်-
(က)   ရခိုင်ပြည်နယ်၊ ပေါက်တော မြို့နယ်၊ ဖရုံကာကျွန်း (မြောက်လတ္တီတွဒ် ၂ဝ ဒီဂရီ ဝဝ မိနစ်နှင့် အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ဝဝ မိနစ်)
( ခ) ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ သပြုချိုင်  (ANDREW BAY) (မြောက်လတ္တီတွဒ် ၁၈ ဒီဂရီ ၂ဝ မိနစ်နှင့်အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၂ဝ မိနစ်)
( ဂ) ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ငလပွေ့ချောင်း (မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၂၄ မိနစ်နှင့် အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၃၃ မိနစ်)
(ဃ) ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ဆင်ခေါင်းဆိပ်ကမ်း(မြောက်လတ္တီတွဒ် ၁၈ ဒီဂရီ  ၃၁ မိနစ်နှင့်အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၁၃ မိနစ်)
( င) ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ သင်္ဘောဆိပ် (မြောက်လတ္တီတွဒ် ၁၈ ဒီဂရီ ၁၅ မိနစ်နှင့်အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၁၃ မိနစ်)
( စ) ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ တင်းတောကျေးရွာအုပ်စု၊ အမော်ချိုင်(မြောက်လတ္တီတွဒ် ၁၇ ဒီဂရီ ၃၇ မိနစ်နှင့် အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၃၄ မိနစ်)
(ဆ) ဧရာဝတီတိုင်း ဒေသကြီး၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်း HAINGYI  ISLAND (မြောက်လတ္တီတွဒ် ၁၅ဒီဂရီ ၅၈ မိနစ်နှင့်အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ၂ဝမိနစ်)
( ဇ ) ဧရာဝတီတိုင်း ဒေသကြီး၊ ငပုတော မြို့နယ်၊ ပြင်ခရိုင်၊ ချောင်းဝ ကျေးရွာ (မြောက်လတ္တီတွဒ် ၁၆ ဒီဂရီ ဝဝ မိနစ်နှင့် အရှေ့လောင် ဂျီတွဒ် ၉၄ ဒီဂရီ ၂၄ ဒသမ ၄ဝ မိနစ်)
( ဈ) ဧရာဝတီတိုင်း ဒေသကြီး၊ ကဒုံကနိ ကျေးရွာ (မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၄၈ မိနစ်နှင့် အရှေ့လောင်ဂျီတွဒ် ၉၅ဒီဂရီ ၁၆မိနစ်) ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်း ဒေသကြီးရှိ ကမ်းနီးငါးဖမ်း ရေယာဉ်များသည် ငါးဖမ်းဆီး ထွက်ခွာခြင်း မပြုကြရန်နှင့် နီးစပ်ရာ လုံခြုံသည့် ကျွန်းများတွင် ကျွန်းခိုကြရန် ဖြစ်ကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက် ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီး ဌာနမှ ထုတ်ပြန် ထားသည်။   

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ