ရန်ကုန် မေ ၂၂
ငါးမွေးကန်များ အတွင်း အပူချိန် မြင့်တက်မှုကြောင့် ရေများ
ခန်းခြောက်လာခြင်း နှင့်အတူ အပူအအေး မမျှတခြင်း ကြောင့် ငါးများ သေဆုံးမှု
ပိုမိုများပြားလာသည့် အတွက် ဗီယက်နမ် နိုင်ငံ ဘိုင်အိုစတပ် ကုမ္ပဏီမှ
ဒေါက်တာ ဘာသာမှ လာရောက်၍ ငါးသေဆုံးမှုနှင့် မွေးမြူ ထုတ်လုပ်မှုကို ထိန်းညှိ
ပေးနိုင်သော ဆေးဝါး ဖော်စပ်မှုကို ကူညီ ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း
မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ သိရသည်။ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ်
အတွင်း ရေထွက်ကုန် ပစ္စည်း ပြည်ပ တင်ပို့မှုမှ ယခု ပထမဆုံးလ အတွင်း ၈ ဒသမ
၂သန်း ခန့် လျော့နည်းလျက် ရှိရာ အဆိုပါ ပမာဏသည် ယခင်နှစ်က ထက် နှစ်ဆနီးပါး
လျော့နည်းခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် အမှုဆောင်
ဒုတိယ ဥက္ကဋ္ဌ ဦးဟန်ထွန်းက ပြောကြားခဲ့သည်။
ထို့ပြင် မြန်မာ့ ပင်လယ် ရေအောက် ကြမ်းပြင်ရှိ နေရာများကို ၁၉၈၉ ခုနှစ်က
တိုင်းတာ ရာတွင် ရေပေါ် ငါး အရေအတွက် အားဖြင့် တန်ချိန် တစ်သန်း
တစ်သိန်းနှင့် ရေအောက်ငါး အရေအတွက် အားဖြင့် တန်ချိန် ခုနစ်သိန်းခန့် အထိ
ရှိခဲ့သော်လည်း ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ်၏ တိုင်းတာချက်အရ ရေပေါ်ငါး
တန်ချိန်မှာ တစ်သိန်းတစ်သောင်းသာ ရှိသည့်အတွက် ယခင်ထက် ၉ဝ ရာခိုင်နှုန်းခန့်
လျော့နည်း သွားခဲ့ပြီး ရေအောက်ငါး အရေအတွက်သည်လည်း နှစ်သိန်း ရှစ်သောင်း
ခန့်သာ ကျန်ရှိတော့ကြောင်း သုတေသန စစ်ဆေးချက်များ အရ သိရသည်။
မိုးမိုးကြည်
0 comments