Related Posts Plugin for WordPress, Blogger...


လွတ်လပ်ရေးသူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်း၏ သားသမီးများဖြစ်သည့် ဦးအောင်ဆန်းဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့(၂)ဦးအကြား ဖြစ်ပွားနေသည့် တရားမမှုနှင့်ပတ်သက်၍ မူလရုံး၏ ဆုံးဖြတ်ချက်ကိုမကျေနပ်သဖြင့် ဒေါ်အောင်ဆန်းစုကြည်မှတရားလိုပြု၍ အထူးအယူခံအဖြစ် ပြည်ထောင်စုတရားလွှတ်တော် ချုပ်သို့ လျှောက်ထားခဲ့သည်။

အဆိုပါအထူးအယူခံမှုအား နေပြည်တော်ရှိပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ပြည်ထောင်စုတရား
လွှတ်တော်ချုပ် တရားသူကြီး(၁)ဦးရှေ့မှောက်၌ (တစ်ပါးထိုင်)ကြားနာစစ်ဆေးခဲ့ပြီးဖြစ်ကာ မေလ (၃၀)ရက် နေ့တွင် အပြီးသတ်စီရင်ချက် အမိန့်ချမှတ်မည်ဖြစ်သည်။

ဖြစ်စဉ်မှာ နအဖ စစ်အစိုးရလက်ထက်တွင် ဗိုလ်ချုပ်အောင်ဆန်း၏သားကြီးဖြစ်သူ အမေရိကန်နိုင်ငံတွင် နေထိုင်သည့် ဦးအောင်ဆန်းဦးကညီမဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် လက်ရှိနေထိုင်နေသည့် တက္ကသိုလ်ရိပ်သာလမ်း အမှတ်(၅၄) နေအိမ်အား အမွေဆိုင် အဖြစ် ထုခွဲ ရောင်းချရန်တရားရုံးတွင် တရားမမှုအဖြစ်စွဲဆိုခဲ့ခြင်းဖြစ်သည်။

ထိုအချိန်က နအဖ အစိုးရသည် ၉၀ပြည့်နှစ်ရွေးကောက်ပွဲတွင် လွှတ်တော်အမတ်နေရာအများစုဖြင့် ပြတ်ပြတ် သားသားအနိုင်ရထားသောအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို အာဏာလွဲပေးရန်ငြင်းဆန်ခဲ့သည်။

ထို့ပြင်ပါတီခေါင်းဆောင်တစ်ဦးဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်အားနိုင်ငံအတွင်းမှထွက်သွားရန်ဖိအားပေး ခံနေရချိန်ဖြစ်သည်။

နေအိမ်အကျယ်ချုပ်ချထားခြင်းခံနေရသော ဒေါ်အောင်ဆန်းစုကြည်အား စစ်အစိုးရက စိတ်ဓာတ်ရေးရာအရ ဖိအားပေးရန် ရည်ရွယ်ချက်ဖြင့် ပြည်ပတွင်နေထိုင်သည့် အစ်ကိုရင်းဖြစ်သူ ဦးအောင်ဆန်းဦးက ညီမအရင်းဖြစ်သူကို တရားစွဲဆိုရန်စီမံခြင်းဖြစ် သည်ဟု နိုင်ငံရေး သုံးသပ်သူများနှင့်မြန်မာနိုင်ငံသားအများစုက ယူဆကြသည်။

ပြည်ထောင်စုမြန်မာနိုင်ငံတော် ၂၀၁၀ တရားစီရင်ရေးဥပဒေအရ ဒေါ်အောင်ဆန်းစုကြည် တရားမအထွေထွေ လျှောက်လွှာ ၄၄၁/၂၀၁၃ ဖြင့် လျှောက်ထားခဲ့ သဖြင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှ အထူးအယူခံမှု အဖြစ် လက်ခံစစ်ဆေးပေးနေခြင်းဖြစ်သည်။

တရားဥပဒေအရ နစ်နာသောနိုင်ငံသားများသည် နိုင်ငံတော်၏အမြင့်ဆုံးတရားလွှတ်တော်သို့ အထူးအယူခံ အဖြစ်လျှောက်ထားခွင့်ရှိသည်။ ထို့ကြောင့်တရားလိုဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ဘက်မှ တရားလွှတ်တော် ရှေ့နေဦးညဏ်ဝင်းက ဥပဒေဆိုင်ရာအချက်အလက်များဖြင့် လျှောက်လဲခဲ့ခြင်းဖြစ်သည်။

တရားပြိုင်ဖြစ်သော ဦးအောင်ဆန်းဦးက လူကိုယ်တိုင်လာရောက်ခြင်းမရှိဘဲ ဦးစိုးညွန့်နိုင်ဆိုသူအား ၎င်း၏ အခွင့်ရ ကိုယ်စားလှယ်အဖြစ် တရားခွင်တွင်ခုခံလျှောက်လဲစေခဲ့သည်။ ဦးအောင်ဆန်းဦးဘက်မှ လိုက်ပါ ဆောင်ရွက်သည့်ရှေ့နေမှာဦးအေးလွင်ဖြစ်သည်။


http://www.oppositeyes.info 

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ