Related Posts Plugin for WordPress, Blogger...

From : သာနောင်



ဒေါ်အောင်ဆန်းစုကြည် သမီးခင်ရွှန်းလဲ့ဝေပြောတဲ့ သူမအကြောင်း


"ကျမအကြောင်းပြောရမယ်ဆိုရင် 

ကျမကမိခင် ဒေါ်အောင်ဆန်းစုကြည်လို သိပ်ပြီးတော့ မထူးချွန်ပါဘူး စိတ်ထဲမှာ တစ်ခုခု ဖြစ်ခဲ့ရင်တောင်မှ ချက်ချင်းမေ့ပစ်လိုက်တဲ့ လူတစ်ယောက်ပါ သိပ်ပြီးတော့ တန်ဖိုးမထားဘူး ဒါပေမယ့် မာနတော့ကြီးတယ်(အမေတူသမီးလို့ပြောရမှာပေါ့) ကိုယ့်ကို ချိုးချိုးနှိမ်နှိမ်ဆက်ဆံတာမျိုး ပြီးတော့ ကိုယ့်အပေါ်အထက်ဆီးက ဆက်ဆံတာမျိုးဆို ကျမ သိပ်မုန်းတယ် နောက်တစ်ခုက ကျမကို သူငယ်ချင်းတွေတော်တော်များများက ပြောကြပါတယ် ကျမ ကဒေါ်အောင်ဆန်းစုကြည်သမီးဆိုတော့  အမေစု လိုမျိုးသွးအေးပြီးတော့ ရက်စက်တတ်တယ်တဲ့ (ဟဲဟဲဟဲ ကြောက်တော့မကြောက်နဲ့နော် သူတို့က အဲဒီလိုဘဲ) ကျမကိုယ် ကျမ သိနေတယ် ကျမ မရက်စက်တတ်ပါဘူး ခုနက ပြောသလိုဘဲ ကျမကို ချိုးချိုးနှိမ်နှိမ်ပြောရင်တော့ မပြောတတ်ဘူး(ဒါလည်း အမေစုနဲ့တူတယ်) ကျမ မှာ အားသာချက်တစ်ခု နဲ့ အားနည်းချက် တစ်ခုရှိပါတယ် အားသာချက်တစ်ခု ကတော့ ကျမကိုအားလုံးကဒေါ်အောင်ဆန်းစုကြည်  ၏သမီးဆိုတာ သိနေကြတော့ နွေးနွေးထွေးထွေးဆက်ဆံကြတယ် ပြီးတော့ကြိုဆိုကြတယ် အားလုံးရဲ့ကမ်းလှမ်းတာကိုခံရတယ် ကိုယ့်ကိုကူညီပေးမယ့်သူတွေ အဆင်သင့်ရှိတယ် ဒါက အားသာချက်ပေါ့ အားနည်းချက်ကတော့ ကျမ ဘာဘဲလုပ်လုပ်အဆင်ကိုမပြေဘူး ကျမဘာဘဲလုပ်လုပ်မအောင်မြင်ဘူး အလုပ်တစ်ခု ကို ထိထိရောက်ရောက်လုပ်နိုင်အောင် ဘယ်တော့မှ အကောင်အထည်မဖော်နိုင်ဘူး ဒါကျမ ရဲ့ အားနည်းချက်လေးတစ်ခုပါ ကျမကကိုရီးယားတစ်ဝက် မြန်မာတစ်ဝက်ပေါ့ အဖေဖြစ်သူဒေးဗစ်လှမြင့်က အခုကိုရီးယားရောက်နေတာလေ တစ်ချို့ကတော့ကျမကို အရမ်းအားကြ ကျတယ်ဘာဖြစ်လို့လဲဆိုတော့ ကျမက ကိုရီးယားသွေး တစ်ဝက်ပါနေလို့ပေါ့(ကိုရီးယားလူမျိုး စစ်စစ်ဆိုရင်ကောင်းတာပေါ့ အခုက အဖေဒေးဗစ်လှမြင့်သွေးလေ) မွေးချင်းသုံးယောက်ရှိတယ်(အမေတူ အဖေကွဲ ၂ ယောက်အပါအ၀င်)ကျမက အငယ်ဆုံးလေးပေါ့ အမေစုကလည်း အရမ်းချစ်တယ် အရမ်းလည်းအလိုလိုက်တယ် အဲ့ဒါကြောင့်ကျမကအရမ်းလည်းစိုးတယ်စိတ်က အေးအေးချမ်းချမ်းလည်းရှိတယ် ဒါပေမယ့် တစ်ခါတစ်ခါမှာ အေးအေးဆေးဆေး အေးစက်စက် ဖြစ်လွန်းတော့လည်းမကောင်းဘူး။ ကျမဘ၀ မှာ ဘာမဆိုတောင်းတိုင်းရတယ် ကိုယ်လိုချင်ပြီဟေ့ဆိုရင်လည်း မရရအောင်ယူတတ်တဲ့လူမျိုး မလိုချင်ဘူးဆိုရင် တစ်သတ်လုံးမယူတော့ဘူး ကျမမိဘတွေဖြစ်တဲ့ ဦးဒေးဗစ်လှမြင့်နဲ့ဒေါ်အောင်ဆန်းစုကြည်က တော့ကျမ ကိုအငယ်ဆုံးဆိုပြီးတော့ အရမ်းအလိုလိုက်ကြတယ် အရမ်းချစ်ကြတယ် အလိုလိုက်တာများလွန်းလွန်းဆိုးတောင်ဆိုးနေပြီ ထိန်းမနိုင်တော့ဘူး ကျမ မိဘတွေကလည်း ကျမလိုချင်တာ ကို အမြဲတမ်းဖြည့်ဆည်းပေးခဲ့ပါတယ်။ နောက်တစ်ခု က ကျမဘယ်သူလဲဆိုတာ ကိုယ့်ကိုကိုယ်တောင်မသိဘူး(အမေစု လွှတ်တော်အမတ်ဖြစ်ပြီးကတည်းက) တစ်ခါတစ်လေ မေ့မေ့သွားတယ်(ခိခိ) သူငယ်ချင်းတွေနဲ့ အပြင်သွားတယ်Shopping ထွက်တယ် မုန့်တွေဝယ်စားတယ် တစ်ခါတစ်လေ သူငယ်ချင်းတွေကပြောတယ် {ဟဲ့ နင်ဒါစားလို့ဖြစ်ပါ့မလား တော်ကြာဗိုက်အောင့်နေဦးမယ် ဟဲ့ အဲဒါ အချဉ်လေ နင်နဲ့တည့်လို့လား } အဲဒီလို ပြောကြတယ် တစ်ခါတစ်လေ စိတ်ညစ်တယ် ကိုယ်စားချင်တာတောင်မှ လွတ်လွတ်လပ်လပ်မစားရတဲ့ဘ၀ နောက်တစ်ခုက ကျမကအရမ်းကြောက်တတ်တယ် ကြောက်သွေးပါတယ် (ဒါလည်း အမေစုနဲ့သွားတူတယ်)တစ်ခုခုဖြစ်လိုက်ရင်ပြေးပြီ မရှိတော့ဘူး အဲဒီလိုလူမျိုး ပြီးတော့ မာနလည်းအရမ်းကြီးတယ် တစ်ခါတစ်လေသူငယ်ချင်းတွေက မာနခဲမလေး လို့ခေါ်ကြတယ် အရမ်းလဲရွံတတ်တယ် တစ်ခြားသူတွေကတော့ ကိုယ့်ကိုဇီဇာကြောင်တယ်လို့ထင်ကြတယ် ဘာတွေဘဲထင်ထင်ကျမ ဂရုမစိုက်ပါဘူး ဘာဖြစ်လိုလဲဆိုတော့ ဒီအကျင့်တွေက ငယ်ငယ်လေးထဲက ပါလာတာလေ လုပ်ယူထားတာမှမဟုတ်တာ ဒါကြောင့်ကျောင်းက တစ်ချို့လူတွေက ဇီဇာကြောင်တယ်လို့ပြောကြတယ် ကျမကဘာသာရေးလည်းအရမ်းလိုက်စားတယ် တစ်ပတ်တစ်ခါ ဘုန်းကြီးကျောင်းမှာ ဆွမ်းကပ်တယ် ၀ါတွင်းရောက်ပြီဆိုရင်တော့ ဥပုဒ်နေ့တိုင်း ဥပုဒ်စောင့်တတ်တဲ့အကျင်းတစ်ခုရှိတယ် ဒါကလည်း ငယ်ငယ်လေးထဲက အဖွားက အကျင့်လုပ်ပေးထားတယ် အပတ်တိုင်း ဘိုးဘွားရိပ်သာတို့ မိဘမဲ့ကျောင်းတို့ မျက်မမြင်ကျောင်းတို့မှာ စတုဒီသာကျွေးလေ့ရှိတယ် ဒါကလည်းကောင်းမှူကုသိုလ်တစ်ခုပါဘဲ ကျမ ဘ၀လေးကပျော်စရာတော့ကောင်းတယ် ဒါပေမယ့်စိတ်ညစ်တယ် အိပ်ကချုပ်ချယ်လွန်းအားကြီးတယ်လေ ချုပ်ချယ်တာများရင်လည်း လွတ်ထွက်သွားနိုင်တယ် ကြိုးတစ်ချောင်းတောင်မှာ တင်းနေအောင်ချည်ထားရင် ပြတ်ထွက်သွားနိုင်တယ်လေ အဲဒီလိုဘဲ လူတစ်ယောက်ကိုချုပ်ချယ်တာများလွန်းရင်လည်း လွတ်ထွက်သွားနိုင်တယ် ကျမ ကတော့ ကျမကိုယ်ကျမထိန်းတယ် မပျက်ဆီးအောင်ပေါ့ ကျမအခု နေရာတစ်ချို့မှာ အရေးပါတဲ့သူတစ်ယောက်ဖြစ်လာတယ် ဒါကလည်းကျမကျောင်းမှာ သင်ဆရာ မြင်ဆရာ ကြားဆရာတွေ က သွန်သင်ဆုံးမခဲ့လို့ဘဲ တစ်ချို့ကိစ္စတွေဆို ကျမဘယ်သူ့ကိုမှပြောလေ့မရှိဘူး ကျမ ကိုယ်တိုင် ရအောင်လုပ်တယ် မဖြစ်ဖြစ်အောင်ကိုလုပ်တယ် ကျမ မိဘတွေရဲ့ ဂုဏ်သိက္ခာကရှိသေးတယ်လေ ဒါလေးတွေကတော့ ကျမရဲ့ခံစားချက်လေးတွေပေါ့ အခုလိုအချိန်ပေးပြီးဖတ်ပေးတဲ့ အတွက် အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နော်"

 Myanmar Express

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ