Related Posts Plugin for WordPress, Blogger...

From : .. Western Gate Guard


ယခုလအတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက်တွင် RSO သောင်းကျန်းသူ လက်နက်ကိုင်များနှင့် နယ်စပ်လုံခြုံရေးတပ်ဖွဲ့ဝင်များအကြား မကြာခဏတိုက်ပွဲဖြစ်ပွားနေမှုကြောင့် ကျဆုံးမှုများ ဖြစ်ပေါ်လျှက်ရှိရာ မေလ (၂၈) ရက်နေ့က မိုင်တိုင် (၅၂)နှင့် (၅၃)ကြား သောင်းကျန်းသူ လက်နက်ကိုင်များနှင့် မြန်မာနယ်စပ်လုံခြုံရေးတပ်များအကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် နှစ်ဖက်နယ်စပ်အခြေအနေမှာ တင်းမာမှု ရှိနေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်မှ စစ်ရေးပြင်ဆင်မှုများကို ပြုလုပ်နေကြောင်း သတင်းများအရ သိရသည်။

တဖက်နိုင်ငံခိုင်လုံသော သတင်းရပ်ကွက်များမှ လာသည့်သတင်းများအရ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ် (BGB) တပ်ရင်းသို့ တင့်ကား (၆)စီး၊ တာပေါ်လင်အမဲအလုံပိတ်ထားသော ဆယ်ဘီးကား (၃)စီး၊ တပ်အင်အား (၅၀၀)ကျော်မှာ ဘင်္ဂလားဒေ့ရှ်ဖက်ကမ်း နယ်စပ်သို့ ရောက်ရှိနေကြောင်း၊ ဘင်္ဂလားဒေ့ရှ် စစ်တပ်မှ လည်း နယ်စပ်တစ်လျှောက် တပ်စွဲထာကြောင်း သိရသည်။

မေလ (၂၈) ရက်နေ့က မြန်မာနယ်စပ်ဖက်သို့ ၀င်ရောက်လာသည့် အ၀ါရောင် ပြောက်ကျားဝတ် သောင်းကျန်းသူ လက်နက်ကိုင် တစ်ဦးသေဆုံးခဲ့မှုနှင့် ပတ်သက်၍ နှစ်နိုင်ငံမှ ကန့်ကွက်စာများကို အပြန်အလှန် ပေးပို့ခဲ့ပြီး သေဆုံးခြင်းဖြစ်စဉ်နှင့်အတူ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ဝင် တစ်ဦးမှာလည်း ပျောက်ဆုံးနေကြောင်း၊ သေဆုံးသူမှာ BGB တပ်ဖွဲ့ဝင်ဖြစ်နိုင်ကြောင်း၊ အဆိုပါ BGB တပ်ဖွဲ့ဝင်ပျောက်ဆုံးနေမှုနှင့် အသက်ရှင်လျှက်ရှိပါက ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်သို့ ပြန်လည်လွှဲပြောင်းပေးရန် တောင်းဆိုထားကြောင်း ဖော်ပြထားသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ ဘင်္ဂလာဒေ့ရှ် ကော့ပဇားသတင်းစာတွင် သေဆုံးသူမှာ BGB တပ်ဖွဲ့ဝင်ဖြစ်သည်ဟု ဖော်ပြထားကြောင်း ဆိုသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ယခုကဲ့သို့ ပြောကြားခြင်း၊ စစ်ရေးပြင်ဆင်ခြင်းနှင့် ပတ်သက်၍ မြန်မာနယ်စပ်လုံခြုံရေးမှ တစ်စုံတစ်ရာ ဆောင်ရွက်ခြင်းမျိုးမရှိသေးကြောင်း သတင်းရရှိသည်။ အလားတူ ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျှောက်တွင်လည်း ကင်းစခန်း (၁၂)ခုကို တိုးချဲ့တည်ဆောက်နေကြောင်း သိရသည်။

 .. www.MyanmarExpress.net

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ