Related Posts Plugin for WordPress, Blogger...

(နိရဉ္စရာ- ၃၀ မေလ ၂၀၁၄) / မောင်အေး
Bangladesh_Myanmar flagနယ်စပ်တွင် မြန်မာတပ်ဖွဲ့နှင့် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ပျောက်ဆုံးနေသော ဘင်္ဂလာ နယ်ခြားစောင့် အရာရှိတစ်ဦးနှင့် ပတ်သတ်ပြီး ဒက္ကားရှိ မြန်မာသံအမတ်ကြီးကို ဘင်္ဂလာဒေခ်ျ့ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ယမန်နေ့က ဆင့်ခေါ်ခဲ့ကြောင်း သတင်း ရရှိသည်။
ယင်းသို့ ဆင့်ခေါ်ပြီးနောက် မြန်မာတပ်ဖွဲ့၏ တိုက်ခိုက်မူကြောင့် ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တစ်ဦး နယ်စပ်တွင် ပျောက်ဆုံးနေမူနှင့် ပတ်သက်ပြီး ဖြေရှင်းချက်ပေးရန် တောင်းဆိုခဲ့သည်ဟု သိရသည်။
ယင်းဖြစ်ရပ်နှင့် ပတ်သက်ပြီး ကန့်ကွက်စာ တစ်စောင်ကိုလည်း မြန်မာဘက်သို့ ပေးအပ်ခဲ့သည်ဟု သတင်းများတွင် ဖေါ်ပြသည်။
မေလ ၂၈ ရက် လွန်ခဲ့သော ဗုဒ္ဓဟူးနေ့ နံနက်က မြန်မာ-ဘင်္ဂလာဒေခ်ျ့နယ်စပ် မိုင်တိုင် (၅၂) အနီးတွင် မြန်မာလုံခြုံရေး တပ်ဖွဲ့တစ်ခုနှင့် BGB ( Border Guard Bangladesh) ဟု ခေါ်သော ဘင်္ဂလာဒေခ်ျ့ နယ်စပ်လုံခြုံရေး တပ်ဖွဲ့နှင့် ထိတွေ့ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး BGB အရာရှိ တစ်ဦးဖြစ်သူ မီဇာနူရ် ရာဟာမန် ပျောက်ဆုံးနေခဲ့သည်ဟု ဆိုသည်။
၎င်းအရာရှိအား မြန်မာဘက်မှ ဖမ်းဆီထားသည်ဟု ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက ယူဆထားပြီး အမြန်ဆုံး ပြန်လည် လွှဲပြောင်းပေးအပ်ရန် ဘင်္ဂလာဒေခ်ျ့ နိုင်ငံက မြန်မာသို့ တောင်းဆိုကြောင်း မြန်မာ သံအမတ်ကြီးအား ပြောဆိုသည်ဟု သိရသည်။
မြန်မာသံအမတ်ကြီးကမူ ယင်းကိစ္စအား သက်ဆိုင်ရာ မြန်မာအာဏာပိုင် တာဝန်ရှိသူများထံတင်ပြပြီး အမြန်ဆုံး ပြန်လည် အကြောင်းပြန်ကြားပေးမည်ဟု ပြောကြားခဲ့သည်ဟု သိရသည်။
အလားတူ ရန်ကုန်ရှိ ဘင်္ဂလာဒေခ်ျ့ သံရုံးကလည်း မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာနအား ကန့်ကွက် စာတစ်စောင် ယမန်နေ့က ရေးသားပေးပို့ခဲ့ပြီး ယင်းဖြစ်စဉ်အား အမြန်ဆုံး စစ်ဆေးပေးရန် တောင်းဆိုခဲ့သည်ဟု သိရသည်။
လွန်ခဲ့သည့် ဗုဒ္ဓဟူးနေ့ နံနက်ပိုင်း ဘင်္ဂလားမြန်မာနယ်စပ် နယ်စပ်မှတ်တိုင် ၅၂ အနီးတွင် ပုံမှန် လုံခြုံရေးတာ ၀န် ထမ်းဆောင်နေသည့် ဘင်္ဂလာ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များကို မြန်မာနယ်ခြားစောင့်တပ်မှ ပစ်ခတ်ခဲ့သည့် အတွက် ဘင်္ဂလာနယ်ခြားစောင့် အရာရှိဖြစ်သူ မီဇာနူရ် ရာဟာမန် ပျောက်ဆုံးနေကြောင်း ဘင်္ဂလာတာ ၀န်ရှိသူ များမှ ပြောဆိုသည်။
ပျောက်ဆုံးနေသည့် ဘင်္ဂလာနယ်ခြားစောင့်တပ် အရာရှိဖြစ်သူ မီဇာနူရ် ရာဟာမန်နှင့်အတူ အမ်း ၂၂ ရိုင်ဖယ် တစ်လက်နှင့်အတူ ကျဉ်ဆန် ၁၂၀ ပျောက်ဆုံးနေကြောင်းဆိုသည်။
မြန်မာ-ဘင်္ဂလာနယ်စပ်တွင် မေလ ၁၃ ရက်နေ့က တစ်ကြိမ်၊ ၁၇ ရက်နေ့က တစ်ကြိမ် ဘင်္ဂလာဒေခ်ျ့ နယ်မြေတွင် ခိုအောင်းနေသော လက်နက်ကိုင် မူဆလင် အဖွဲ့တစ်ခုနှင့် မြန်မာ လုံခြုံရေး တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ယင်းတိုက်ပွဲတွင် မြန်မာဘက်ကမှ ရဲတပ်ဖွဲ့ဝင် (၄) ဦးကျဆုံးခဲ့ရသော်လည်း လက်နက်ကိုင် အကြမ်းဖက် အုပ်စုများအား ခိုလုံခွင့်ပေးထားသော ဘင်္ဂလာဒေခ်ျ့နိုင်ငံ အပေါ် မြန်မာ နိုင်ငံခြားရေး ၀န်ကြီးဌာမှ လူသိရှင်ကြား တစ်စုံတစ်ရာ ကန့်ကွက်ခဲ့မူ မရှိကြောင်း သိရသည်။

Posted by Unknown on 5/30/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ