Related Posts Plugin for WordPress, Blogger...

မြန်မာနိုင်ငံအပေါ် စီးပွားရေးအရေးယူ ဒဏ်ခတ်မှုအချို့ကို သမ္မတအိုဘားမား သက်တမ်းတိုး

    လွန်မင်းမန် ဘာသာပြန်သည်

အမေရိကန်သမ္မတ ဘားရက်ခ်အိုဘားမားက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေးအရ
ဒဏ်ခတ်အရေးယူ ပိတ်ဆို့မှုအချို့ကို မေလ ၁၅ရက်နေ့က နောက်ထပ်တစ်နှစ်သက်တမ်းတိုး
လိုက်ကြောင်း သိရသည်။

အရွေးကောက်ခံအစိုးရတက်လာပြီး၊ နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခြင်း၊ တစ်နိုင်ငံလုံး
အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေးအပါအ၀င် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ခြင်းနှင့်
အလုပ်သမားအခွင့်အရေးသတ်မှတ်ပြဌာန်းရန် ခြေလှမ်းစတင်ခြင်း စသည့် နိုင်ငံရေးအရပြုပြင်
ပြောင်းလဲမှုမျာုး လုပ်ဆောင်နေချိန်တွင် အမေရိကန်အစိုးရသည် အမေရိကန်ျှမြန်မာနှစ်နိုင်ငံ
ဆက်ဆံရေုး တိုးတက်ကောင်းမွန်စေရန်အတွက် အစိုးရအရာရှိကြီးများ၊ ၎င်းတို့နှင့်ရင်းနှီးသော
စီးပွားရေးသမားများနှင့် ၎င်းတို့၏ဆွေမျိုးအသိုင်းအ၀ိုင်းများကို အမေရိကန်ပြည်ဝင်ခွင့်ဗီဇာပိတ်
ပင်မှုအား လွန်ခဲ့သော တစ်နှစ်ခန့်က ပယ်ဖျက်ပေးခဲ့သည်။

" ပြုပြင်ပြောင်းလဲမှုတွေ မြင်တွေ့ရပြီဆိုပေမယ့် ပြည်တွင်းဖြစ်ပျက်နေတဲ့ ပုံမှန်မဟုတ်တဲ့အခြေ
အနေတွေဟာ တကယ်လို့ အမေရိကန်အနေနဲ့ မြန်မာနဲ့ စီးပွားရေးအရစပ်ယှက်မယ်ဆိုရင်
ကျွန်တော်တို့ရဲ့ အမျိုးသားအကျိုးစီးပွားနဲ့ နိုင်ငံခြားရေးမူဝါဒတွေကို ခြိမ်းခြောက်လာနိုင်ပါတယ်"
ဟု ၎င်းက ပြောကြားခဲ့သည်။

"နိုင်ငံရေးအရပြုပြင်ပြောင်းလဲမှုတွေဟာ အားရကျေနပ်စရာကောင်းပါတယ်။ ဒါပေမယ့် လူနည်းစု
နေထိုင်ရာဒေသတွေ အထူးသဖြင့် ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့ လူအခွင့်အရေးချိုးဖောက်မှု
တွေနဲ့ ပဋိပက္ခတွေဟာ ဆက်ရှိနေသေးတယ်။ နောက်ပြီး တိုင်းပြည်ရဲ့ နိုင်ငံရေးနဲ့ စီးပွားရေးကဏ္ဍ
တွေမှာ စစ်တပ်က ပါဝင်ပတ်သက်နေတာတွေ ရှိနေသေးတယ်" ဟု အိုဘားမားက ထပ်မံပြောကြား
ခဲ့သည်။

ရိုက်တာလွန်မင်းမန် ဘာသာပြန်သည်

ရိုက်တာ

Posted by Unknown on 5/30/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily

Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ