နေစဥ့် အာဏာသိမ်း စစ်အစိုးရအား ဆန္ဒပြရန် လွပ်လပ်ရေး ကျောက်တိုင်အား
ဗဟိုပြု၍ ညနေ ၄နာရီ နောက်ပိုင်း လူစု၍ ဆန္ဒပြခြင်းကို နေ့စဉ် ပြုလုပ်လျက်
ရှိနေသည့် အပေါ် ရပ်ဆိုင်းရန် ပြောကြား လိုက်ခြင်း ဖြစ်သည်။ ထို့ပြင်
လွပ်လပ်ရေး ကျောက်တိုင်သို့ ဝင်ရောက် နိုင်မည့် အဓိက လမ်းမကြီး များကိုလည်း
ပိတ်ပင် လိုက်ပြီ ဖြစ်သည်။
ပြီးခဲ့သည့် ထိုင်းစံတော်ချိန် ညနေ (၄) နာရီ ခန့်မှ စ၍
ထိုင်းစစ်တပ်နှင့် ရဲအင်အား ရာဂဏန်းများစွာ ချထားပြီး လွတ်လပ်ရေး
ကျောက်တိုင် ပတ်ဝန်းကျင်အား ဝင်ရောက် နေရာယူ၍ လုံခြုံရေး ယူထားပါသည်။
အချုပ်ကားပေါင်း ၁၄ စီးကျော် အဆင်သင့် စောင့်ဆိုင်းလျက် ရှိသည်။
လက်ရှိ အာဏာသိမ်း အဖွဲ့အား ဆန့်ကျင် ဆန္ဒပြရန် လှုံ့ဆော် နေသူများမှ
ဆန္ဒပြသူများကို အခကြေးငွေပေး၍ ဆန္ဒပြပွဲတွင် ဝိုင်းဝန်းပါဝင်ရန် လှုံ့ဆော်မှု
ပြုနေကြောင်း အာဏာသိမ်း အဖွဲ့၏ ဒုတိယ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး
နတ်ထဝါဒ် ဂျန်းစရိမ်းက မေလ ၂၆ ရက် ညတွင် ကြေငြာချက် ထုတ်ပြန်ခဲ့သည်။
“ နောက်ကွယ်က နေပြီးတော့ လူထုတွေ အုံကြွမှု ဖြစ်အောင်၊ ပါဝင် ဆန္ဒပြအောင်
လှုံ့ဆော် နေမှုတွေကို ကျွန်တော်တို့ စုံစမ်း သိရှိထားရ ပါတယ်၊ အခကြေးငွေ
အဖြစ် ဆန္ဒပြသူ တစ်ဦးကို ထိုင်းဘတ်ငွေ ၄ဝဝ ကနေ ၁ဝဝဝ အထိ ပေးနေတာ ရှိပါတယ်၊
ရံပုံငွေ စနစ်တကျ စုဆည်းပြီး လှုံ့ဆော်မှုတွေ ပြုနေတာကို တွေ့နေရပါတယ်” ဟု
ဒုတိယ ပြောရေး ဆိုခွင့် ရှိသူ ဗိုလ်မှူးကြီး နတ်ထဝါဒ် ဂျန်းစရိမ်းက
အာဏာသိမ်း အဖွဲ့အား ကိုယ်စားပြု၍ ၂၆ ရက်နေ့က ကြေငြာချက် ထုတ်ပြန်ခဲ့သည်။
လှုံ့ဆော်သူများ အနေဖြင့် ထိုင်းနိုင်ငံတွင် ပြည်သူလူထုများ
အသုံးများသည့် Facebook နှင့် LINE ကဲ့သို့သော လူမှု ကွန်ယက်များကို
အသုံးပြု၍ အချင်းချင်း ချိတ်ဆက် ဆက်သွယ်ကာ ဆန္ဒပြရန် လှုံ့ဆော်မှု
ပြုကြကြောင်း ဆိုသည်။
ထို့ကြောင့် ထိုင်းပြည်သူများ အနေဖြင့် အဆိုပါ လှုံ့ဆော်သူများ၏
နိုင်ငံရေး သားကောင်အဖြစ် အသုံးချ မခံရ စေရန် သတိပြုသင့်ကြောင်း ထုတ်ပြန်
သတိပေးထားပြီး ဖြစ်သည်။
Mizzimaburmese News


0 comments