Related Posts Plugin for WordPress, Blogger...

Photo: ထိုင်းစစ်တပ်က အစိုးရအဖွဲ့ကို ကြိုတင်အသိမပေးဘဲ မာရှယ်လော ကြေညာ

ထိုင်းနိုင်ငံတွင် စစ်တပ်က မေ ၂ဝ ရက်တွင်
တစ်နိုင်ငံလုံး၌ မာရှယ်လော ကြေညာချက်
ထုတ်ပြန်ခဲ့သည်။ လွန်ခဲ့သည့် ခြောက်
လကတည်းက စတင်ဖြစ်ပေါ်ခဲ့သော အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများအတွင်း

လူသေဆုံးမှုများဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက်မှုများကြောင့် မငြိမ်မသက်ဖြစ်နေသည့် အနေအထားကို ထိန်းသိမ်းရန်အတွက် စစ်တပ်က မာရှယ်လောထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ထိုင်းဝန်ကြီးချုပ်၏ လက်ထောက်တစ်ဦးက စစ်တပ်သည် မာရှယ်လောထုတ်ပြန်မည်ကို အစိုးရအဖွဲ့အား ကြိုတင်သတိပေးခဲ့ခြင်း မရှိဟုဆိုသည်။

“သူတို့က ဒါကို တစ်ဖက်သတ်လုပ်ခဲ့တာပါ။ ဒါနဲ့ပတ်သက်ပြီး အစိုးရအဖွဲ့က အထူးအစည်းအဝေးတစ်ရပ် ကျင်းပနေပါတယ်။ စစ်တပ်အကြီးအကဲအနေနဲ့ သူရဲ့ကြေညာချက်က တရားမဝင်သေးဘူးဆိုတဲ့အချက်ကို လေးစားလိုက်နာမှုရှိရဲ့လားလို့ ကျွန်တော်တို့ စောင့်ကြည့်ရပါလိမ့်မယ်” ဟု ဝန်ကြီးချုပ်၏ လက်ထောက်က ပြောကြားခဲ့ပြီး ထိုင်းနိုင်ငံ၏ လက်ရှိအနေအထားကို “တစ်ဝက်တစ်ပျက် အာဏာသိမ်းမှု” ဟုရှင်းပြခဲ့သည်။

သို့သော် ဒုတိယဗိုလ်ချုပ်ကြီး နီပက်သွန်ဂလက်က ယခုလုပ်ရပ်သည် စစ်အာဏာသိမ်းမှု မဟုတ်ဟု CNN သတင်းဌာနသို့ ပြောကြားခဲ့သည်။ သူက “အုပ်စုအားလုံးနဲ့ ပါတီအားလုံးအတွက် စစ်တပ်က ငြိမ်းချမ်းမှု၊ အမိန့်နဲ့ ပြည်သူလုံခြုံရေးကို ထိန်းသိမ်းဖို့ ရည်ရွယ်တာပါ။ ဆိုးဆိုးရွားရွား ထိခိုက်အောင် မလုပ်ဖို့နဲ့ သူတို့ရဲ့ လုပ်ငန်းတာဝန်တွေကို အရင်လိုပဲ ဆက်လက်ဆောင်ရွက်နိုင်ဖို့ ပြည်သူလူထုကို တောင်းဆိုလိုက်ပါတယ်။

မာရှယ်လော ကြေညာတာဟာ အာဏာသိမ်းတာ မဟုတ်ပါဘူး” ဟု ထိုင်းစစ်တပ်၏ ရုပ်သံချန်နယ်က ကြေညာခဲ့သည်။ မာရှယ်လောသည် မေ ၂ဝ ရက် နံနက် ၃ နာရီမှ အာဏာ စတင်သက်ဝင်ကြောင်းလည်း ကြေညာခဲ့သည်။

ထိုင်းနိုင်ငံ၏ ရုပ်သံဌာနအားလုံးကို စစ်တပ်က လုံခြုံရေးချထားခဲ့ပြီး ထိုင်းပြည်သူ့ ရုပ်သံဌာနက စစ်သားများနှင့် သံချပ်ကာ ကားများ ဘန်ကောက်မြို့ရှိ အသံလွှင့်ဌာနများ အပြင်ဘက်၌ နေရာယူနေသည့် ဓာတ်ပုံများကို ထုတ်လွှင့်ပြသခဲ့သည်။

ထိုင်းရုပ်သံဌာနမှ ကြေညာချက်တစ်ရပ် ဖတ်ပြရာတွင် စစ်တပ်က ထိုင်းနိုင်ငံ၏ ရေဒီယိုနှင့် ရုပ်သံဌာနအားလုံး ၎င်းတို့၏ ပုံမှန်အစီအစဉ်များကို လိုအပ်သည့်အချိန်၌ ရပ်ဆိုင်းထားရမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ဘန်ကောက်မြို့တွင် နိုင်ငံရေးအကြမ်းဖက်မှုများ မြင့်တက်လာခဲ့ပြီးနောက် စစ်တပ်အကြီးအကဲက သတိပေးချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီးနောက် ရက်အနည်းငယ်အကြာတွင် ယခုကဲ့သို့ ကြေညာချက်များ ထွက်ပေါ်လာခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံတွင် လက်ရှိနိုင်ငံရေး သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်လာစေရာ၌ အဓိကကျသူဖြစ်သည့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာက မာရှယ်လောကြေညာချက်သည် ဒီမိုကရေစီကို ဖျက်ဆီး၍ရမည်မဟုတ်ကြောင်း မေ ၂ဝ ရက်တွင် ပြောကြားခဲ့သည်။

“မာရှယ်လော ကြေညာလိမ့်မည်လို့ မျှော်လင့်ထားပြီးသားပါ။ ဒါပေမဲ့ ဘယ်ဘက်ကမှ လူ့အခွင့်အရေးကို မချိုးဖောက်ဖို့နဲ့ နောက်ထပ် ဒီမိုကရေစီကို ဖျက်ဆီးတာမျိုးမလုပ်ဖို့ ကျွန်တော်မျှော်လင့်ထားပါတယ်” ဟု တွစ်တာမှတစ်ဆင့် ပြောကြားခဲ့သည်။

Ref:CNN,AFP
Eleven Media Group

Posted by Unknown on 5/21/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily

Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ