Related Posts Plugin for WordPress, Blogger...

Photo: ကျိုင်းတုံမြို့ နည်းပညာတက္ကသိုလ်မှ ကျောင်းသားလေးဦး တစ်ပြိုင်နက်တည်း ရေနစ်သေဆုံး

ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ ကျိုင်းတုံ -
လွိုင်မွေလမ်းရှိ နမ့်လတ်ရေအားပေးစက်
ရုံချောင်းနှင့် (၄)မိုင်ခန့်ဝေးသည့် ချောင်းတွင်
၂၀၁၄ခုနှစ် မေလ(၁၉)ရက် နံနက်(၁၀)နာရီ
ခန့်က ကျိုင်းတုံမြို့ နည်းပညာတက္ကသိုလ်မှ

ကျောင်းသားလေးဦး တစ်ပြိုက်နက်တည်း ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ရေနစ်မှုဖြစ်သည့် နေရာသည် နမ့်လတ်ရေအားပေးစက်ရုံချောင်းနှင့် (၄)မိုင်ကျော် နီးပါးဝေးလံပြီး လမ်းကြမ်းဖြစ်သည့်အတွက် မော်တော်ယာဉ်တစ်စီးသာ သွားနိုင်သောလမ်းဖြစ်ကြောင်းနှင့် အဆိုပါ ရေနစ်သည့်နေရာသို့ ကျိုင်းတုံမြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ နှင့် ကျိုင်းတုံမြို့ရှိ နှလုံးပိုင်ရှင်များ (အခမဲ့)လူမှုကူညီရေးအသင်းတို့မှ သွားရောက် ဆယ်ယူပေးကြတာဖြစ်ကြောင်း သိရသည်။

ရေနစ်သေဆုံးမှုဖြစ်ပွားသည့် ရေကန်သည် အကျယ် (၂၅)ပေခန့်ရှိပြီး ရေ၏အနက်မှာ (၁၅)ပေခန့်ရှိကြောင်း သိရပြီး လေးဦးတစ်ပြိုင်နက် ရေထဲဆင်းကူးရာမှ ယခုလို ရေနစ်သေဆုံးတာဖြစ်ကြောင်း အဆိုပါ ဖြစ်စဉ်သို့ သွားရောက်ကြည့်လာသူ တစ်ဦးမှ တာချီလိတ်အွန်လိုင်းသို့ ပြောသည်။

ရေနစ်သေဆုံးသည့်နေရာသည် ဖုန်းလိုင်းမမိသည့်အပြင် အနီးအနားတွင် အကူအညီတောင်းခံရန် လူတစ်ဦးတစ်ယောက်မှ မရှိသည့်အတွက် ရေနစ်မှုကို အချိန်မီ မကယ်တင်လိုက်နိုင်တာဖြစ်ကြောင်းလည်း သိရသည်။

ရေနစ်သေဆုံးသူများကို ဆယ်ယူခြင်းနှင့် ပတ်သက်၍ " မီးသတ်တပ်ဖွဲ့နဲ့ ကျွန်တော်တို့တွေ နေ့လည် (၂)နာရီလောက်မှာ အလောင်း (၁)လောင်းကို ရှာတွေ့တယ်၊ ရှာတွေ့ပြီးပြီးခြင်း ဆေးရုံကို သွားပို့တယ်၊ ညနေ (၅)နာရီဝန်းကျင်မှာ ကျန်တဲ့ အလောင်းတွေကို (၅)မိနစ်ခြား (၁)လောင်းစီရှာတွေ့တယ်.."ဟု ကျိုင်းတုံမြို့ရှိ နှလုံးပိုင်ရှင်များ (အခမဲ့)လူမှုကူညီရေးအသင်း ဥက္ကဌ ဦးကျော်သူအောင်မှ တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။

သေဆုံးသွားသည့် ကျောင်းသား(၄)ဦးမှာ ကျိုင်းတုံမြို့ နည်းပညာတက္ကသိုလ်မှ အောင်ပြည့်ကျော်-တတိယနှစ်(MP)၊ အောင်ကျော်ဖြိုး-တတိယနှစ်(CIVIL)၊ ငြိမ်းချမ်းပိုင် တတိယနှစ် (MP)၊ သီဟစိုး ဒုတိယနှစ်(MP) တို့ဖြစ်ပြီး ၎င်းတို့လေးဦးသည် တစ်ဦးနှင့်တစ်ဦး လက်ချင်းချိတ်လျက် ရေထဲဆင်းကြရာမှ ယခုလို ရေနစ်သေဆုံးတာဖြစ်ကြောင်း သိရှိရသည်။

သတင်း။   ။ ကိုဇောင်း

တာချီလိတ်
ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ ကျိုင်းတုံ - လွိုင်မွေလမ်းရှိ နမ့်လတ်ရေအားပေးစက်
ရုံချောင်းနှင့် (၄)မိုင်ခန့်ဝေးသည့် ချောင်းတွင် ၂၀၁၄ခုနှစ် မေလ(၁၉)ရက် နံနက်(၁၀)နာရီ
ခန့်က ကျိုင်းတုံမြို့ နည်းပညာတက္ကသိုလ်မှ ကျောင်းသားလေးဦး  တစ်ပြိုက်နက်တည်း ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ရေနစ်မှုဖြစ်သည့် နေရာသည် နမ့်လတ်ရေအားပေးစက်ရုံချောင်းနှင့် (၄)မိုင်ကျော် နီးပါးဝေးလံပြီး လမ်းကြမ်းဖြစ်သည့်အတွက် မော်တော်ယာဉ်တစ်စီးသာ သွားနိုင်သောလမ်းဖြစ်ကြောင်းနှင့် အဆိုပါ ရေနစ်သည့်နေရာသို့ ကျိုင်းတုံမြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ နှင့် ကျိုင်းတုံမြို့ရှိ နှလုံးပိုင်ရှင်များ (အခမဲ့)လူမှုကူညီရေးအသင်းတို့မှ သွားရောက် ဆယ်ယူပေးကြတာဖြစ်ကြောင်း သိရသည်။

ရေနစ်သေဆုံးမှုဖြစ်ပွားသည့် ရေကန်သည် အကျယ် (၂၅)ပေခန့်ရှိပြီး ရေ၏အနက်မှာ (၁၅)ပေခန့်ရှိကြောင်း သိရပြီး လေးဦးတစ်ပြိုင်နက် ရေထဲဆင်းကူးရာမှ ယခုလို ရေနစ်သေဆုံးတာဖြစ်ကြောင်း အဆိုပါ ဖြစ်စဉ်သို့ သွားရောက်ကြည့်လာသူ တစ်ဦးမှ တာချီလိတ်အွန်လိုင်းသို့ ပြောသည်။

ရေနစ်သေဆုံးသည့်နေရာသည် ဖုန်းလိုင်းမမိသည့်အပြင် အနီးအနားတွင် အကူအညီတောင်းခံရန် လူတစ်ဦးတစ်ယောက်မှ မရှိသည့်အတွက် ရေနစ်မှုကို အချိန်မီ မကယ်တင်လိုက်နိုင်တာဖြစ်ကြောင်းလည်း သိရသည်။

ရေနစ်သေဆုံးသူများကို ဆယ်ယူခြင်းနှင့် ပတ်သက်၍ " မီးသတ်တပ်ဖွဲ့နဲ့ ကျွန်တော်တို့တွေ နေ့လည် (၂)နာရီလောက်မှာ အလောင်း (၁)လောင်းကို ရှာတွေ့တယ်၊ ရှာတွေ့ပြီးပြီးခြင်း ဆေးရုံကို သွားပို့တယ်၊ ညနေ (၅)နာရီဝန်းကျင်မှာ ကျန်တဲ့ အလောင်းတွေကို (၅)မိနစ်ခြား (၁)လောင်းစီရှာတွေ့တယ်.."ဟု ကျိုင်းတုံမြို့ရှိ နှလုံးပိုင်ရှင်များ (အခမဲ့)လူမှုကူညီရေးအသင်း ဥက္ကဌ ဦးကျော်သူအောင်မှ တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။

သေဆုံးသွားသည့် ကျောင်းသား(၄)ဦးမှာ ကျိုင်းတုံမြို့ နည်းပညာတက္ကသိုလ်မှ အောင်ပြည့်ကျော်-တတိယနှစ်(MP)၊ အောင်ကျော်ဖြိုး-တတိယနှစ်(CIVIL)၊ ငြိမ်းချမ်းပိုင် တတိယနှစ် (MP)၊ သီဟစိုး ဒုတိယနှစ်(MP) တို့ဖြစ်ပြီး ၎င်းတို့လေးဦးသည် တစ်ဦးနှင့်တစ်ဦး လက်ချင်းချိတ်လျက် ရေထဲဆင်းကြရာမှ ယခုလို ရေနစ်သေဆုံးတာဖြစ်ကြောင်း သိရှိရသည်။

သတင်း။ ။ ကိုဇောင်း

တာချီလိတ်

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily

Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ