Related Posts Plugin for WordPress, Blogger...

မေလ ၂၈ ရက် ၂၀၁၄
ဓါတ်ပုံ-အရိုက်ခံရသူ နောင်ဇန့်ရွာသူ

သျှမ်းပြည်မြောက်ပိုင်းမူစယ်မြို့နယ် ဇယ်လန့်အုပ်စု နမ့်ဇန့်ရွာတွင် သမီးရည်းစားစုံတွဲအား ဌာနေ ပြည်သူ့ စစ် ဝတ်စုံဝတ်ဆင်ထားသည့် တပ်ဖွဲ့ဝင်က ဖမ်းဆီးရိုက်နှက်သဖြင့် ၂ ဦးစလုံး ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

“ နမ့်ဇန့်ရွာက လော်ဂျာနဲ့ မာပန် သမီးရည်းစားက ည ၁၀ နာရီကျော် ရွာစပ်က တဲတခုမှာ ချိန်းတွေ့ကြ တယ်။ အဲ့ဒီအချိန်မှာ ပြည်သူ့စစ်ဝတ်စုံနဲ့လူ ၂ ယောက်က သူတို့၂ ယောက်ကိုတွေ့ပြီး ဖမ်းဆီးလက် ထိပ်ခတ်တယ်။ ကောင်လေးကို ပါးစပ်တွေပိတ် မျက်လုံးတွေပိတ်စည်းထားတယ်။ အရိုက်ခံရလို့ ၂ ယောက်စလုံးမှာ တကိုယ်လုံး ညိုမည်း ဒဏ်ရာတွေနဲ့။ သူတို့ ၂ ယောက်လုံးရဲ့ လက်ဝတ်ရတနာတွေ ချွတ်ယူပြီး သူတို့ရဲ့ အဝတ်အစားတွေကိုလည်း စုတ်ပြတ်အောင် ဖြတ်ညှပ်ထားတယ်။” ဟု မူစယ်မြို့နယ် လုံးအိုက်ကျော် ကပြောသည်။

အဆိုပါ လူငယ်အတွဲထံမှ ငွေကျပ် ၃ သောင်းကျော်နှင့် အဖိုးတန် ရွှေလက်စွပ် ၃ ကွင်းကိုပါ ပြည်သူ့ စစ်တပ်ဖွဲ့က ဓါးပြတိုက်ယူဆောင်သွားခဲ့ကြောင်း လွှတ်မြောက်လာသည့်လူငယ်စုံတွဲက ပြောပါသည်။

“ ပြည်သူ့စစ် ၂ ယောက်က နောင်စန့်ရွာကဘဲ။ သူတို့ကို မြင်ဖူး သိဖူးနေတာဘဲ တယောက်က ဗမာ တယောက်က တအာင်း၊ ကောင်မလေးကို ပြည်သူ့စစ်တယောက်က အဓမ္မပြုကျင့်မလို့ဆွဲလားရမ်းလား လုပ်တော့ တအာင်းက ဗမာကိုပြောတယ်။ ကောင်မလေးက ငယ်သေးလို့ မလုပ်ပါနဲ့ တားတယ်။ ဗမာတယောက်က နားမထောင်ဘူး။ ဒါပေမယ့် ကောင်မလေးက အလျှော့မပေးဘူး။ အတင်းရုန်းကန် ထွက်ပြေးတယ်။ ပြည်သူ့စစ် ၂ ယောက်က လိုက်ရိုက်လို့ မျက်လုံးတွေမှာ မျက်နှာတွေ မှာပါ မည်းညို နေတာ။ မုဒိန်းကျင့် မခံရတာကံကောင်းသွားတယ် ” ဟု လူငယ် ၂ ဦး၏ ပြောပြချက်အတိုင်း အမျိုး တော်စပ်သူတဦးက သျှမ်းသံတော်ဆင့်အား ပြန်လည်ပြောပြသည်။

နမ့်ဇန့်ရွာသည် မူစယ်-နမ့်ခမ်း အသွားလမ်း ဇယ်လန့်အုပ်စုအတွင်းတွင်တည်ရှိပါသည်။ အဆိုပါဒေသ တွင် နမ့်ခမ်းမြို့ မြို့မပြည်သူ့စစ်လက်အောက်ခံ နမ့်ဇန့်ရွာအခြေစိုက် ပြည်သူ့စစ်ကပင် လှုပ်ရှားနေခဲ့ ပါသည်။

သို့သော်အဆိုပါပြည်သူ့စစ်၏လက်ချက် ဟုတ်မဟုတ်ကိုမူ သျှမ်းသံတော်ဆင့်မှ သီးခြားအတည်ပြုချက် မရရှိသေးပေ။

သျှမ်းသံတော်ဆင့်

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ