Related Posts Plugin for WordPress, Blogger...

နေပြည်တော်၊ မေ ၂၈

၂၀၁၄ ခုနှစ်၊ မေလ ၂၇ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန် ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၊ ပျဉ်ကြယ်တောင်တွင်ယာဉ်တိမ်းမှောက်၍ သေဆုံးသူများနှင့် ဒဏ်ရာရလူနာများ နေပြည်တော်၊ ကုတင် (၁၀၀၀)ဆေးရုံသို့ ရောက်ရှိနေကြောင်းသတင်းအရ ကိုးကွေ့ရဲကင်းရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ပင်လောင်းမြို့နယ်၊ ကျောက်မိုး ရွာနေ အောင်ကြီး (၃၃)နှစ်နှင့် မခင်စန္ဒာဝင်း(၃၇)နှစ်တို့ ၂ ဦးအား ဦးခေါင်းကွဲဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရပြီး တစ်ရွာတည်းနေ ချစ်စမ်းမောင်(၂၇)နှစ်ပါ ကျား ၇ ဦး၊ မ ၆ ဦး၊ စုစုပေါင်း(၁၃)ဦးတို့တွင် ဖူးရောင်ပွန်းပဲ့ ပေါက်ပြဲနာကျင်ဒဏ်ရာများဖြင့် ဆေးဝါးကုသမှုခံယူနေသည်ကိုတွေ့ရှိရသည်။

စစ်ဆေးချက်အရ ယင်းနေ့ နံနက် ၉ နာရီအချိန် ပျဉ်ကြယ်တောင်(၄)မိုင်မှ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ၀န်ပြိုင်ရွာရှိ အလှူပွဲသို့ အဆိုပါသေဆုံးသူများနှင့်ဒဏ်ရာရရှိသူများ စုစုပေါင်း(၁၅)ဦးလိုက်ပါပြီး ယာဉ်မောင်း ကိုဇင် မောင်းနှင်လာသည့် 5G/xxxx လေးလုံးထိုးထော်လာဂျီယာဉ်သည် ကိုးကွေ့-ပျဉ်းမနားလမ်းအတိုင်း မောင်းနှင်လာစဉ် ပျဉ်ကြယ်တောင်ကုန်းဆင်း၊ မိုင်တိုင်အမှတ်(၁၀/၄)သို့အရောက်၌ အရှိန်မထိန်းနိုင်ဘဲ လမ်း၏၀ဲဘက်ခြမ်း ပေ(၃၀)ခန့်အနက်ရှိချောက်ထဲသို့ ထိုးကျတိမ်းမှောက်ခဲ့ပြီး ကိုဇင်မှာ ထွက်ပြေး တိမ်းရှောင်သွားခဲ့ကြောင်း သိရှိရသဖြင့် ပင်လောင်းမြို့မရဲစခန်း ယာဉ်(ပ)၁၀/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/ ၃၃၈/၃၀၄-က/၂၀၂ ဖြင့် အမှုဖွင့်အရေးယူထားပြီး ထွက်ပြေးတိမ်းရှောင်နေသူ ကိုဇင်အား ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ