
ထို့ပြင် ယနေ့အထိ မည်သည့် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ သစ္စာခံအဖြစ် မပြုလုပ်ခဲ့ဖူးဘဲ နိုင်ငံတော်နှင့်နိုင်ငံသားများ၏ သစ္စာကိုသာ ခံယူခဲ့သည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သူ သူရဦးအောင်ကိုက ဆိုသည်။
‘‘ပြည်ခိုင်ဖြိုးပါတီ တည်ထောင်ခဲ့တဲ့ သမိုင်းကြောင်းနောက်ခံ ဘယ်လိုပင်ရှိစေကာမူ ပြည်ခိုင်ဖြိုးပါတီကလည်း နိုင်ငံတော်နဲ့ နိုင်ငံသားများအကျိုးအတွက် လုပ်ဆောင်နေတာဖြစ်လို့ ပါတီရဲ့သစ္စာကို ခံယူနေတယ်လို့ ပြောနိုင်ပါတယ်’’ ဟု သူရဦးအောင်ကိုက ပြောသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲလိုသူသည် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနှင့် မိမိတို့သာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတွင် ရှိနေကြောင်း သူရဦးအောင်ကိုက မီဒီယာသို့ ထုတ်ဖော်ပြောကြားမှု ရှိခဲ့သည်။
7DAY DAILY
0 comments