Related Posts Plugin for WordPress, Blogger...

တစ်နိုင်ငံလုံးရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်
အလိုက် အမျိုးဘာသာ သာသနာ
 စောင့်ရှောက်ရေး လုပ်ငန်းစဉ် အခက်အခဲများ
ကို ညှိနှိုင်း ဖြေရှင်းရန်အတွက် အမျိုးဘာသာ
 သာသနာ စောင့်ရှောက်ရေးအဖွဲ့ ညီလာခံကို


ဇွန်လအတွင်း ပြုလုပ်သွားမည် ဖြစ်ကြောင်း အဆိုပါအဖွဲ့ မှတ်တမ်းနှင့် သုတေသနဌာန ဗဟိုအလုပ်အမှုဆောင် ဦးအောင်မြိုင်က ပြောကြားသည်။

အဆိုပါ ညီလာခံကို ဇွန်လ ၂၁ ရက် နှင့် ၂၂ ရက်တို့တွင် ပြုလုပ်မည် ဖြစ်ပြီး အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) ဥက္ကဋ္ဌ အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက် ဆရာတော် တိလောကဘိဝံသ အပါအဝင် သံဃာတော် ခုနစ်ပါးဖြင့် ညီလာခံ ကျင်းပရေး ဦးဆောင်ကော်မတီကို မေလ ၂၃ ရက်နေ့တွင် ဖွဲ့စည်းလိုက်ကြောင်း ၎င်းက ရှင်းပြသည်။

“တစ်မြို့နယ်ကို ဆရာတော် နှစ်ပါးစီ ညီလာခံမှာ တက်ရောက် ဆွေးနွေးဖို့ ဖိတ်ကြားသွားမှာပါ။ ညီလာခံအတွက် အသေးစိတ်ကိစ္စကို ထပ်မံ ဆွေးနွေးရဦးမှာပါ” ဟု ၎င်းကဆိုသည်။

ထို့အပြင် အဆိုပါ ညီလာခံတွင် သီတဂူဆရာတော် အရှင်ဉာဏိဿရထံမှ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့က သြဝါဒ ခံယူမည် ဖြစ်ကြောင်း အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) ထံမှ သိရသည်။

အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့က တိုက်တွန်း တောင်းဆိုမှုကြောင့် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလအတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ကိုးကွယ်ခြင်း၊ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ၊ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေနှင့် လူဦးရေ တိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေများကို ပြဋ္ဌာန်းပေးရေး သုံးသပ် စဉ်းစားပေးရန် ပြည်ထောင်စုလွှတ်တော် နာယကထံ သဝဏ်လွှာ ပေးပို့ခဲ့သည်။

ထို့အပြင် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့၏ လုပ်ငန်းစဉ်များသည် သာသနာတော် တည်တံ့ပြန့်ပွားရေးကို အထောက်အကူပြု ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကမ္ဘာအေးကုန်းမြေ မဟာပါသာဏ လိုဏ်ဂူတော်အတွင်း မေလ ဒုတိယပတ်အတွင်း ပြုလုပ်သော သတ္တမအကြိမ် နိုင်ငံတော် ဗဟိုသံဃာ့ ဝန်ဆောင်အဖွဲ့ ဒုတိယ အထူးအစည်းအဝေးတွင် သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်က ပြောကြားထားသည်။

The Voice Weekly

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ