Related Posts Plugin for WordPress, Blogger...

ရန်ကုန်၊ မေ ၂၈

လှိုင်သာယာမြို့နယ် အမှတ် (၆) ရပ်ကွက် သစ္စာလမ်းပေါ်တွင် မေလ ၁၁ ရက်နေ့က ခွင့်ပြုချက်မရှိဘဲ လူစုလူဝေးဖြင့် ဒီမိုကရေစီအရေးနှင့် လူအခွင့်အရေးဆိုင်ရာများ ဟောပြောပွဲ ပြုလုပ်ခဲ့သည်ဟု ဆိုကာ မြန်မာနိုင်ငံ တောင်သူလယ်သမားသမဂ္ဂ အဖွဲ့အစည်း ကော်မတီ တာဝန်ခံ ဒေါ်စုစုနွေးကို မေလ ၂၇ ရက်နေ့က လှိုင်သာယာမြို့မ ရဲစခန်းက ပုဒ်မ ၁၈ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ သိရှိရသည်။

ဒေါ်စုစုနွေးက ငြိမ်းချမ်းစွာ စုဝေးခွင့်ကို တရားဝင် တင်ပြတောင်းခံခြင်း မပြုဘဲ အများပြည်သူဆိုင်ရာ လမ်းပေါ်တွင် လူ့အခွင့်အရေးဆိုင်ရာ ဟောပြောဆွေးနွေးပွဲ စာတမ်း ရေးထိုးထားသည့် ဗီနိုင်းစကို နောက်ခံထားပြီး စင်မြင့်မှ ဒီမိုကရေစီအရေးနှင့် လူအခွင့်အရေးဆိုင်ရာများကို အသံချဲ့စက်ဖြင့် လူအင်အား ၆၀ ခန့်ကို ဦးဆောင် ဟောပြောခဲ့ကြောင်း၊ ယင်းကြောင့် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ခဲ့ခြင်း ဖြစ်ကြောင်း လှိုင်သာယာမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“ရပ်ကွက်က မြေကွက်တွေ နေရာဦးပြီး ကိုယ်ကျိုးစီးပွားအတွက် ရောင်းစားနေသူတွေနဲ့ အိမ်သာတွေကို အခြားသူ အိမ်ရှေ့မှာ ဆောက်လုပ်နေသူတွေ ရှိတာကြောင့် လာဟောပြောပေးဖို့ ဖိတ်ခေါ်လို့ သွားခဲ့တာ။ မဏ္ဍပ်ဆောက်ခွင့် မပြုတာကြောင့် လမ်းပေါ်မှာ ဟောပြောခဲ့ပြီး ကျွန်မ ပြောခဲ့တာက နိုင်ငံရေးအကြောင်း မဟုတ်ဘူး၊ မြေကွက်တွေ နေရာဦး မရောင်းချဖို့ရယ်၊ ငါးအိမ်တစ်တွဲ ယင်လုံအိမ်သာ ဆောက်လုပ်ဖို့နဲ့ ဝမ်းရောဂါ သတိထားဖို့ ဟောပြောခဲ့တာ။ ဒါကို သတင်းလာယူတဲ့ သက်ဆိုင်ရာအဖွဲ့တွေ ရှိတယ်” ဟု ဒေါ်စုစုနွေးက ရှင်းပြသည်။

အဆိုပါ ဟောပြောပွဲ ပြုလုပ်ခဲ့သော ရပ်ကွက်မှာ ၂၀၁၂ ခုနှစ် ဇွန်လခန့်က ကျူးကျော်နေထိုင်မှုဖြင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များက ရပ်ကွက်တွင်း နေထိုင်သူများအနက် ၂၈ ဦးကို ဖမ်းဆီးခဲ့ပြီး လှိုင်သာယာမြို့နယ် တရားရုံးတွင် တရားစွဲဆိုခဲ့ကြောင်း၊ ယင်းတရားစွဲဆိုမှုကို တောင်သူလယ်သမားသမဂ္ဂ အဖွဲ့မှ ရှေ့နေအကျိုးဆောင်များက ကူညီ ဆောင်ရွက်ပေးခဲ့ပြီး ၂၀၁၃ ခုနှစ် စက်တင်ဘာလပိုင်းတွင် တရားရုံးမှ ရပ်ကွက်ပုံစံ အတည်ဖြစ်နေသောကြောင့် ဆက်လက် နေထိုင်ခွင့် ပြုခဲ့ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“အမှုနိုင်ပြီး နောက်ပိုင်း ရပ်ကွက် အကျိုးကိစ္စတွေကို အုပ်ချုပ်ရေးအဖွဲ့နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ ရပ်ကွက်အကျိုးဆောင် ကော်မတီအဖွဲ့ကို ဖွဲ့ပေးခဲ့ပေမယ့် ဒီအဖွဲ့ထဲက လူတစ်ချို့က အုပ်ချုပ်ရေးပိုင်းနဲ့ ပေါင်းပြီး မြေကွက်တွေ ရောင်းစားနေလို့ ပြဿနာတွေ ဆက်မဖြစ်အောင် ကျွန်မကို လာဆုံးမပေးဖို့ ဖိတ်ခေါ်တာကြောင့် သွားဟောပြောခဲ့တာ” ဟု ဒေါ်စုစုနွေးက ရှင်းပြသည်။

တောင်သူလယ်သမားသမဂ္ဂ အဖွဲ့မှာ နိုင်ငံရေး အဖွဲ့အစည်း မဟုတ်ကြောင်း၊ ယခု အရေးယူခံရသော ပုဒ်မ ၁၈ နှင့် ပတ်သက်၍ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ၈၈ နှင့် NLD ပူးပေါင်း ဆောင်ရွက်နေစဉ် မိမိပါ NLD နှင့် ပူးပေါင်း ဆောင်ရွက်မည်ကို စိုးရိမ်သောကြောင့် အမှုဖွင့် အရေးယူခြင်း ဖြစ်နိုင်ကြောင်း ၎င်းက သုံးသပ် ပြောကြားသည်။

The Voice Weekly

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ