Related Posts Plugin for WordPress, Blogger...

ရန်ကုန်၊ မဇ္ဈိမ။           ။ DVB(Democratic Voice of Burma) ၏ သတင်းထောက် ကိုဇော်ဖေ (သူရသက်တင်)ကို ပိုင်နက်ကျူးလွန်မှု၊ ဝတ်တရားနှောက်ယှက်မှုများဖြင့် စွဲဆိုကာ ဧပြီလ ၇ရက်တွင် မကွေးတိုင်း တရားရုံးက ထောင်ဒဏ် နှစ်နှစ် ချမှတ်လိုက်သည်ဟု DVBသတင်းဌာန၏ ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက မဇ္ဈိမကိုပြောသည်။

"အခုအပြစ်ပေးလိုက်တဲ့ ပုဒ်မနှစ်ခုက မတရားဘူးလို့ ယူဆတယ်လေ။ အစိုးရ၀န်ထမ်းတစ်ယောက်ကို နည်းမျိုးစုံနဲ့ ဟန့်တားတာကို ၀တ္တရားနှောင့်ယှက်တယ်လို့ ယူဆတယ်၊ အခုက အစိုးရ၀န်ထမ်းတစ်ယောက်ကို သတင်းသွားမေးတာပဲ ၀တ္တရားနှောင့်ယှက်မှုလို့ သတ်မှတ်လို့မရဘူး၊ အိမ်ကျော်နင်းမှုဆိုတာက ပုဂ္ဂလိကနဲ့ပဲဆိုင်တယ်လို့ ယုံကြည်တယ်။ ပညာရေးမှူးရုံးဆိုတာက Publicဧရိယာ ရုံးချိန်အတွင်း လူတိုင်းဝင်ထွက်ခွင့်ရှိတဲ့ကိစ္စမျိုး အိမ်ကျော်နင်းမှုနဲ့ တရားစွဲဆို ထောင်ချတယ်ဆိုတာ တရားသူကြီးတွေက ဥပဒေကို တစ်လွဲအသုံးချတယ်လို့ သတ်မှတ်ပါတယ်၊၊ အယူခံတင်မှာပဲ" ဟု ဦးခင်မောင်ဝင်းက ပြောသည်။
DVBသတင်းထောက် ကိုဇော်ဖေကို မကွေးမြို့ ပညာရေးဌာနက တရားလိုပြုကာ ကျောင်းသားမိဘ တစ်ဦးဖြစ်သူ ကိုဝင်းမြင့်လှိုင်ကို ဝတ္တရားနှောက်ယှက်မှု ပုဒ်မ ၃၅၃၊ ပညာရေးမှူးရုံးအတွင်း ဝင်ရောက် သတင်းယူသည့်အတွက် ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၈၈တို့ဖြင့် ၂၀၁၂ခုနှစ်ကလည်းက တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ၂၀၁၄ခုနှစ် ဧပြီ ၇ရက်တွင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
ယင်းသို့ ကိုဇော်ဖေကို ထောင်ဒဏ်နှစ်နှစ် အမိန့်ချခဲ့ခြင်းကို DVB မြန်မာပိုင်းတာဝန်ခံ ကိုတိုးဇော်လတ်က မကွေးခရိုင် တရားရုံးသို့ အယူခံဆက်လက်ဝင်သွားမည်ဟု ဦးခင်မောင်ဝင်းက ပြောသည်။
သတင်းထောက် ကိုဇော်ဖေ(သူရသက်တင်)သည် ပညာသင်ဆုဆိုင်ရာ သတင်းကို မြို့နယ်ပညာရေးဌာန မှတစ်ဆင့် ရယူခဲ့ခြင်းသည် သတင်းထောက်တစ်ယောက်၏ အလုပ်ကို တာဝန်သိသိ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု DVB သတင်းဌာနက ယုံကြည်သည့်အတွက် ၎င်းအား ပြစ်ဒဏ်ချမှတ်မှုကို DVBသတင်းဌာနအနေဖြင့် လုံးဝကန့်ကွက် ရှုတ်ချကြောင်းနှင့် ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန် ဧပြီလ ၇ ရက်တွင် DVB သတင်းဌာနက ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။


News:mizzimaburmes

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ