Related Posts Plugin for WordPress, Blogger...

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားအက်ဥပဒေအရ ၅၃ မျိုးအထိ သတ်မှတ်ထားသည့် ချင်းမျိုးနွယ်စာရင်းကို ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူမှုများအပြီးတွင် ခုနစ်ခုအဖြစ် ပေါင်းစည်းသတ်မှတ်နိုင်ရေး ကြိုးပမ်းသွားမည်ဟု စစ်ကိုင်းတိုင်းအစိုးရ အဖွဲ့ဝင် ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးနိုထန်ကပ်က ဧပြီ ၃ ရက်တွင် ပြောသည်။
“အခု ချင်းမျိုးနွယ်စုတွေကို အစိုးရ သတ်မှတ်ထားတာက ကျွန်တော်တို့ သဘောမတူဘူး။ မျိုးနွယ်စုတွေ ပြန်ဖြေရှင်းရင် အဲဒီဟာကို လုပ်မယ်။ မျိုးနွယ်စုက အများဆုံး ခုနစ်မျိုးထက် ပိုမရှိနိုင်ပါဘူး။ လက်ရှိရှိတဲ့ မျိုးနွယ်တွေက နေရပ်တွေကို အစွဲပြုပြီး ကွဲနေတာတွေအားလုံး ထည့်ထားတာ ထပ်နေတာတွေ ပါနေ တယ်”ဟု ဦးနိုထန်ကပ်က ပြောသည်။ လက်ရှိတွင် ၅၃ မျိုးဖြင့်သာ အခြေခံကောက်ယူနေသည့် သန်း ခေါင်စာရင်းကိစ္စအပြီးတွင် မျိုးနွယ်စု ခုနစ်မျိုးသာ သတ်မှတ်နိုင်ရေးအတွက် ချင်းအမျိုးသား နိုင်ငံရေးပါတီ များ၊ ပညာရှင်များ ပါဝင်မည့် အမျိုးသားရင်ကြားစေ့ရေး ညီလာခံတစ်ရပ် ကျင်းပနိုင်ရေး ဆောင်ရွက်မည် ဟု ဦးနိုထန်ကပ်က ဆိုသည်။ ယခုကဲ့သို့ မျိုးနွယ်စုစာရင်း ဖောင်းပွမှုကြောင့် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင် ရွက်ရာတွင် အားနည်းချက်များဖြစ်ပေါ်စေသည်ဟု ၎င်းက သုံးသပ်သည်။ ထို့ပြင် မျိုးနွယ်စု အချင်းချင်းအကြား နိုင်ငံရေး အမြတ်ထုတ်မှုများ ဖြစ်ပေါ်နိုင်သည်ဟူသော စိုးရိမ်မှုနှင့် အထင်လွဲမှုတို့ ရှိနေသည်ဟု ရှင်းပြသည်။
ပထမအဆင့် ညီလာခံကျင်းပပြီးနောက် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် မျှော်မှန်းထားခြင်းဖြစ် သည်။

News: mizzimaburmese 

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ