Related Posts Plugin for WordPress, Blogger...

ရိုဟင်ဂျာသွေးစည်း ညီညွတ်ရေးအဖွဲ့ (RSO) ၀င် ရောက် အကြမ်းဖက်မည်ဟု သတင်းရရှိသောကြောင့် စစ်တွေ မြို့တွင် ဧပြီ ၄ ရက်မှစတင်၍ လုံခြုံရေး အထူးတင်းကျပ်ထား ကြောင်း သတင်းရရှိသည်။
ဧပြီ ၄ ရက် ညတွင် လက်နက်အပြည့်အစုံတပ်ဆင် ထားသော လုံခြုံရေးတပ်ဖွဲ့ဝင် များက လှည့်ကင်း အဖွဲ့များခွဲပြီး စစ်တွေမြို့ပေါ်တွင် လုံခြုံရေးတိုး မြှင့်ဆောင်ရွက်နေသည်ကို တွေ့ ရသည်။
ယင်းကိစ္စနှင့် စပ်လျဉ်း၍ အမှတ် (၄) ရဲတပ်ရင်းများ ကွပ် ကဲရေးအဖွဲ့ ဒုတိယကွပ်ကဲရေး မှူး ရဲမှူးကြီး ထွန်းဦးကို ဆက် သွယ်မေးမြန်းရာ ‘‘လှည့်ကင်းတိုး မြှင့်ထားတာပါ။ နောက်ဒီထက် ပို တိုးမြှင့်ဖို့ရှိတယ်။
တခြားနေရာက အဖွဲ့တွေကိုလည်း အင်အားဖြည့် ထားတယ်။ ပြီးတော့ ဒီမှာက ည မထွက်ရ အမိန့်ထုတ်ထားတာ ဆိုတော့ စည်းကမ်းချိုးဖောက်တာ တွေ့ရင် အရေးယူဖို့ အင်အား ထပ်တိုးတာ’’ဟု ပြန် လည်ဖြေ ကြားသည်။
ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ကို ည ၆ နာရီမှ နံနက် ၆ နာရီထိ ထုတ်ပြန်ထားသော စစ်တွေမြို့ နယ်တွင် ဧပြီ ၄ ရက်မှစတင်၍ လုံခြုံရေးထပ်မံတိုးမြှင့်လိုက်ခြင်း ဖြစ်သည်။
‘‘ထွေအုပ်က တစ်ဆင့် ရပ် ကွက် အုပ်ချုပ်ရေးမှူးတွေကို RSO က အကြမ်းဖက်မှုတွေပြု လုပ်မယ်လို့ သတင်းရလို့ လုံခြုံ ရေးသတိထားဖို့ အကြောင်းကြား ထားတယ်လို့ သိရတယ်’’ဟု စစ် တွေမြို့မိမြို့ဖ ဦးသန်းထွန်းက ပြောသည်။
ပြည်လုံးကျွတ်သန်းခေါင် စာရင်းကာလတွင် စစ်တွေမြို့ အတွင်း တပ်မတော်၊ ရဲတပ်ရင်း နှင့် နယ်မြေခံရဲတပ်ဖွဲ့များ ပူး ပေါင်း၍ လုံခြုံရေးတင်းကျပ်စွာ ဆောင်ရွက်နေသည်ကို တွေ့ရ သည်။
‘‘လှည့်ကင်းအဖွဲ့တွေခွဲပြီး လုံခြုံရေး တပ်လှန့်တာပါ’’ ဟု ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ အရာရှိ ကပြောသည်။

7Day Daily

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ