Related Posts Plugin for WordPress, Blogger...

ဧပြီ၊ (၆)ရက်

ကျောက်ဆည်မြို့နယ်၊ မြင်းစိုင်းမြို့သစ်နေ အသက်(၂၀)အရွယ် မိန်းကလေးကို ဦးလေးလင်မယားက မူဆယ်တွင်အလုပ်ရမည်ဆိုကာ တရုတ်နိုင်ငံသို့ ရောင်းစားခဲ့သဖြင့် ပြစ်မှုကျုးလွန်သူများအား ဧပြီ ၁ ရက်က ကျောက်ဆည်မြို့မရဲစခန်းက လူကုန်ကူးမှုဖြင့် ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။

 ဦးလေးလင်မယားက မူ ဆယ်တွင် အလုပ်ရမည်ဟု စည်း ရုံးပြောဆိုပြီး ကြိုတင်ငွေကျပ်နှစ် သိန်းခွဲကို မိခင်ဖြစ်သူအားပေးပြီး ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

 မူဆယ်သို့အရောက်တွင် တရုတ်နိုင်ငံနေ မနန်ကွယ်ဆိုသူ ကရွှေလီမြို့သို့ခေါ်ဆောင်ခဲ့ပြီးရွှေလီမှတဆင့် လိုင်းရင်း-ဂျန်ဟောင်မြို့များသို့ ခေါ်ဆောင်သွားခဲ့သည်။ တစ်လခန့်အကြာတွင် ဦး လေးလင်မယားက မိန်းမလေး၏ မိခင်ထံငွေကျပ် ၁၇ သိန်းခွဲလာပေးပြီး သမီးဖြစ်သူအိမ်ထောင်ကျသွားသဖြင့် တင်တောင်းငွေဟု ပြောဆိုခဲ့သည်။ တရုတ်နိုင်ငံတွင် တရုတ်လူမျိုးနှင့် အိမ်ထောင်ကျနေကြောင်း သိရသည့်အတွက် မိခင်က ကျောက်ဆည်မြို့မရဲစခန်းသို့ တိုင်တန်းခဲ့သည်။

ရောင်းစားခြင်းခံရသူ အမျိုး သမီးငယ်အား ကယ်တင်နိုင်ရေး နှင့် တရားခံမနန်ကွယ်အား ဖမ်း ဆီးရမိရေးအတွက် အမှတ်(၁၇) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု၊ မူဆယ်မှ ရွှေလီနယ်စပ်ဆက်ဆံရေးရုံးအဖွဲ့ BLO နှင့်ဆက်သွယ်ဆောင်ရွက်နေကြောင်းသတင်းရရှိသည်။

Author: ကျော်ဇေယျ


7Day Daily

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ