Related Posts Plugin for WordPress, Blogger...



Monday, April 7, 2014

လှည်းကူးမြို့နယ်တွင် လူစုလူဝေးနှင့် ဆူပူမှုများ ဖြစ်ပေါ်ခဲ့သော ကြောင့် အခြေအနေ တည်ငြိမ်သည်အထိ တုတ်၊ ဓား၊ လက်နက်ကိုင်ဆောင်ပြီး လူစု လူဝေး သွားလာခွင့်မပြုသည့် (ပုဒ်မ-၁၈၈) ကို ထုတ်ပြန်ထားမည်ဖြစ်ကြောင်း လှည်း ကူးမြို့မရဲစခန်းမှ ရဲမှူးခင်မြင့်က ပြောသည်။

ဧပြီ ၄ ရက် ညနေ ၃ နာရီခန့် တွင် လှည်းကူးမြို့နယ် မြို့မဈေးအနီး ဗံဒါ လမ်းတွင် မိုးကာဖျင်ချုပ်သည့် အစ္စလာမ် ဘာသာဝင်နှစ်ဦးနှင့် နာရီအပိုပစ္စည်းရောင်း ဝယ်ရေးမှ ကိုသက်ပိုင်ဦးတို့ ခိုက်ရန်ဖြစ်ပွား ခဲ့ရာမှ အစ္စလာမ်ဘာသာဝင်တစ်ဦးက ကတ် ကြေးနှင့် ထိုးခဲ့သည့်အတွက် ကိုသက်ပိုင်ဦး မှာ မျက်ခွံပေါက်ပြဲဒဏ်ရာ ရရှိခဲ့သည့်အ တွက် မကျေနပ်ကြသည့်လူများက အဆိုပါ မိုးကာဖျင်ဆိုင်ကို ခဲဖြင့်ထုကာ ဆူပူခဲ့ကြ သောကြောင့် ရဲတပ်ဖွဲ့ဝင်များက ထိန်းသိမ်း ကာ ပုဒ်မ-၁၈၈ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

''အခြေအနေ တည်ငြိမ်တဲ့အထိ (ပုဒ်မ-၁၈၈)ကို ထုတ်ထားမှာပါ။ ညက လက်နက်ကိုင်စုဝေးတဲ့ လူလေးယောက်ကို ဖမ်းထားပြီး အရေးယူထားပါတယ်။ ပြစ်မှု ကျူးလွန်သူသုံးဦးကိုတော့ အမှုဖွင့်ပြီး အင်း စိန်ထောင်ကို ပို့လိုက်ပါပြီ''ဟု ရဲမှူးခင်မြင့် ကပြောသည်။

အဆိုပါ ဖြစ်စဉ်တွင် ဒဏ်ရာရ ရှိခဲ့သည့် ကိုသက်ပိုင်ဦးကို ရန်ကုန်မျက်စိ အထူးကုဆေးရုံကြီးသို့ ပို့ဆောင်ကုသပေး ခဲ့ကြောင်း၊ မျက်စိကို ထိခိုက်ခြင်းမရှိဘဲ မျက် ခွံပြဲသည့်ဒဏ်ရာကိုသာ ရခဲ့သည်ဟု သိရ ကြောင်း ယင်းက ဆက်လက်ပြောသည်။

ပြစ်မှုကျူးလွန်သူသုံးဦးကို လှည်း ကူး မြို့မရဲစခန်းတွင် (ပ)၁၅၃/၂ဝ၁၄၊ ပုဒ်မ ၃၂၄၊ ၃၂၆ ဖြင့် အမှုဖွင့်အရေးယူကာ အင်း စိန်အကျဉ်းထောင်သို့ ပို့ဆောင်ထားကြောင်း လှည်းကူးမြို့မရဲစခန်းမှ သိရသည်။

လူစုလူဝေးများက ခဲများဖြင့်ပစ် ပေါက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်များ ပွန်းပဲ့ဒဏ် ရာရရှိခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များ၏ လူစုခွဲဖြေ ရှင်းမှုကြောင့် လူတချို့ ပွန်းပဲ့ဒဏ်ရာရရှိခဲ့ သည်ဟု ရဲအရာရှိတစ်ဦးကဆိုသည်။


FLOWER NEWS JOURNAL

Posted by Unknown on 4/08/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ