
ရန်ကုန်၊ ဧပြီ ၆
၃.၄.၂၀၁၄
ရက်နေ့ ၁၀၀၀ အချိန်ခန့်တွင် အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊
အထူးမှုခင်းနှိမ်နင်းရေး ဌာနစုမှတပ်ဖွဲ့ဝင်များသည် ကျောက်တံတားမြို့နယ်၊
ကမ်းနားလမ်းနှင့် ပန်းဆိုးတန်းလမ်းထောင့်တွင် အမျိုးသားတစ်ဦးအား
မသင်္ကာဖွယ်တွေ့ရှိသဖြင့် ၎င်းနောက်သို့ လိုက်လံစုံစမ်းစောင့်ကြည့်ခဲ့ရာ ၁၁၃၀
အချိန်ခန့်တွင် လမ်းမတော်မြို့နယ်၊ (၆)ရပ်ကွက်၊ ကမ်းနားလမ်းနှင့်
(၁၃)လမ်းထိပ်၌ရပ်ထားသော ဟွန်ဒါဖစ်အဖြူ ရောင်ယာဉ်၏တံခါးမှန်ကို
၎င်းအမျိုးသားမှခွဲခဲ့ပြီး အတွင်းရှိပစ္စည်းများခိုးယူရန်ပြုလုပ်ခဲ့ သည်ကို
တွေ့ရှိရသဖြင့် လိုက်လံဖမ်းဆီးရာ လမ်းမတော်မြို့နယ်၊ ဘုန်းကြီးလမ်းမ
ပေါ်တွင် ၀က်အူလှည့်(၁)ချောင်း၊ ကားသော့တွဲ(၁)တွဲနှင့်အတူ ဖမ်းဆီးရမိ
ခဲ့ပြီး ၎င်းမှာ ခင်အောင်၊ (၃၆)နှစ်၊ (ဘ)ဦးချစ်ခင်၊ ပေါင်မြို့နယ်၊ မွန်ပြည်နယ်
နေသူဖြစ်ကြောင်းသိရှိရပါသည်။
ထိုသို့ဖမ်းဆီးရမိသူ
ခင်အောင်ကိုစစ်ဆေးရာ ၁.၄.၂၀၁၄ ရက်နေ့ ၁၃၀၀ အချိန်ခန့်က
ကျောက်တံတားမြို့နယ်၊ ကုန်သည်ကြီးများဟိုတယ်အနီးရှိ
ကားမှတ်တိုင်တွင်ရပ်ထားသော ယာဉ်ပေါ်မှ အနက်ရောင်သားရေ
ဘေးလွယ်အိတ်(၁)လုံး၊ ဒစ်ဂျစ်တယ်ကင်မရာ(၁)လုံး၊ အသံဖမ်းစက် (၁)လုံးနှင့်
ရုံးစာရွက်စာတမ်းများခိုးယူခံခဲ့ရ၍ ပိုင်ရှင်ဖြစ်သူ ဦးသန်းထွေး၊
ပန်းဘဲတန်းမြို့နယ်နေသူမှ စုံစမ်းအရေးယူပေးရန် တိုင်တန်းခဲ့သော
ကျောက်တံတားမြို့မရဲစခန်း(ပ)၁၃၇/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၇၉ အမှုကို ၎င်းမှကျူးလွန်ခဲ့ကြောင်းနှင့် အခင်းဖြစ်ယာဉ်အား ၎င်းကိုင်ဆောင်လေ့ရှိ
သော ကားသော့ဖြင့်ဖွင့်၍ ပစ္စည်းများအားခိုးယူခဲ့ခြင်းဖြစ်ကြောင်းစစ်ဆေး
ပေါ်ပေါက်ခဲ့ပါသည်။
စစ်ဆေးပေါ်ပေါက်ချက်အရ အမှုမှပျောက်ဆုံးပစ္စည်းများဖြစ်သည့် ဒစ်ဂျစ်တယ်ကင်မရာ(၁)လုံး၊ အသံဖမ်းစက်ထည့်လျက် ကြိုးအစုံပါဘူး
(၁)ဘူးနှင့် ပြစ်မှုကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် ကားသော့(၁)ချောင်းတို့
ကို ၎င်းထံမှပြန်လည်သိမ်းဆည်းကာ အဆိုပါအမှုဖြင့် အရေးယူ
ဆောင်ရွက်လျက်ရှိပြီး အခြားခိုးမှုများ ကျူးလွန်ထားခြင်းရှိ/မရှိ ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
How Brand Mentions and Citations Improve SEO
2 days ago

0 comments