Related Posts Plugin for WordPress, Blogger...


ကရင်ပြည်နယ် ၊ မြ၀တီမြို့နယ် ၊ ရှေ့ရှမ်းကျေးရွာ ၊ ညောင်နန်းသာကျေးရွာ၌ KNU/KNLA ငြိမ်းချမ်းရေး ကောင်းစီအမည်ခံ လက်နက်ကိုင် NLD ပါတီဝင် (၃) ဦးကို KNU/KNLA ငြိမ်းချမ်းရေးကောင်စီ တာဝန်ရှိသူများက (၁၀.၃.၂၀၁၄) ရက်နေ့တွင် ဖမ်းဆီးလိုက်ကြောင်း ငြိမ်းချမ်းရေး ကောင်စီမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်။

အဆိုပါ ကိစ္စကို စုံစမ်းမေးမြန်းရာတွင် အမျိုးဘာသာ သာသနာကို ထိခိုက်ခြင်းမှ စတင်လာခဲ့သည်ဟု သိရသည်။၎င်းကိစ္စကို အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့မြ၀တီမြို့နယ်အတွင်းရေးမှူး (၂) ဆရာတော် ဦးသောဘတ (ရွှေကျွန်း)ကိုမေးမြန်း လျှောက်ထားရာတွင်

“ဘုန်းဘုန်းတို့ရဲ့မြို့ကနယ်စပ်မြို့ဖြစ်တဲ့အတွက် ဘုန်းဘုန်းတို့ရဲ့ ဘာသာ သာသနာအပေါ် အလေးထားပြီးစောင့်ရှောက်နေရတယ်။ ဒီကိစ္စကို အမျိုးဘုာသာ သာသနာ စောင့်ရှောက်ရေးအသင်း ဆရာတော်ကြီးများနဲ့ မြို့နယ်သံဃနာယက ဆရာတော်တွေဆီကို ညောင်နန်းသာကျေးရွာပြည်သူလူထုက လာလျှောက်ကြတယ်။ ရွာသားတွေကို KNU/KNLA အမည်ခံ လက်နက်ကိုင် NLDအဖွဲ့ဝင် (၃)ဦးက ပါးရိုက်နားရိုက်အမြဲတမ်း သေနတ်နဲ့ ခြိမ်းခြောက်နေတယ်။ ညောင်နန်းသာကျေးရွာက မဟာဂန္ဓ၀င်သုခ ဘုန်းကြီးကျောင်းက သံဃာတွေကိုမောင်းထုတ်ပြီး ဘုန်းကြီးကျောင်းကိုပါ ချိပ်ပိတ်ပစ်မယ်လုပ် နေတယ်။ သူတို့က လက်နက်တွေကိုင်ထားတယ်။သူတို့က KNU/KNLA ငြိမ်းချမ်းရေးကောင်စီကဆိုလို့ ငြိမ်းချမ်းရေးကောင်စီကို အကြောင်းကြားလိုက်တယ်။ ဒီကိစ္စအတွက် သူတို့တာဝန်ယူဖြေရှင်းပေး ပါ့မယ်လို့ ဗျူဟာမှူးတိုက်ဂါးက ပြောတဲ့ အတွက် အခု ငြိမ်းချမ်းရေးကောင်စီ က ဖမ်းပြီး စစ်ဆေးနေတယ်လို့ သိရတယ်”ဟု ဆရာတော်က မိန့်ကြားသည်။

ယင်းကိစ္စနှင့်ပတ်သတ်၍ လက်နက်ကိုင်၍သောင်းကျန်းနေသော NLD ပါတီဝင် (၃) ဦးကို ထိန်းသိမ်းထားသည့် KNU/KNLA မှ ဗျူဟာမှူးကို မေးမြန်းရာ

”အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် သင်္ကန်းညီနောင်အတွင်းရေးမှူး ဦးလှမောင် ၊ ပါတီဝင် ဦးရာဇာမင်း နဲ့ ဦးထားဝယ်တို့ဖြစ်ကြတယ်။ဆရာတော်တွေနဲ့ ညောင်နန်းသာ ကျေးရွာပြည်သူတွေက ကျွန်တော်တို့ကို အကူအညီ တောင်းတယ်။ နောက်တစ်ခုက KNU/KNLA ငြိမ်းချမ်းရေးကောင်စီနာမည်နဲ့ ဆိုတော့ မဖမ်းလို့ မဖြစ်လို့ ဖမ်းရတော့မယ်ဆိုပြီး ဖမ်းပါတယ်။လက်နက်တွေ မိပါတယ်။သူတို့ကို အခု နော်တယာမြို့တော်၊ ငြိမ်းချမ်းရေးကောင်စီ ဌာနချုပ်ဗဟိုတို့ ကော်ကိုးဒေသမှာ ထိန်းသိမ်းစစ်ဆေးပြီးရင် သက်ဆိုင်ရာ ဌာနတွေကို ပို့ဆောင်ပေးမှာပါ” ဟု ၎င်းက အတည်ပြုပြောကြားသွားသည်။

From : https://www.facebook.com/myanmarpeoplepower/photos/a.207766569390782.1073741828.207763009391138/279381312229307/?type=1&theater 

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ