From :The Melting Pot 4 U
ပျောက်ဆုံး မလေးရှားလေယာဉ် MH370 ရဲ့ အပိုင်းအစလို့ ယူဆရတဲ့ နောက်ထပ် ပစ္စည်းတချို့ ထပ်မံ
တွေ့ ရှိခဲ့တာကြောင့် သြစတြေးလျှ နယူးဇီလန်၊ အမေရိကန်၊ နော်ဝေ နဲ့ တရုတ် တို့ရဲ့ ကမ်းခြေစောင့်
လေယာဉ်တွေနဲ့ သဘောင်္တွေဟာ လေယာဉ်ပျောက်နဲ့ ပတ်သက်တဲ့ ရှာဖွေမှုတွေကို တိုးမြှင့် လုပ်ဆောင်
နေကြပြီ ဖြစ်ပါတယ်။
ပြင်သစ်နိုင်ငံက
ဆက်သွယ်ရေး ဂြိုလ်တုက တဆင့် နောက်ထပ် ရရှိတဲ့ ပုံရိပ်တွေအရ သြစတြေးလျ
နိုင်ငံ က တွေ့ခဲ့တဲ့ နေရာ တဝိုက်မှာပဲ တွေ့ရှိတယ်လို့
ကြေညာပြီးတဲ့နောက်ပိုင်း အခုလို နိုင်ငံကြီးတွေ ပူပေါင်းပြီး
လိုက်လံရှာဖွေနေတာ ဖြစ်ပါတယ်။
မလေးရှားလေယာဉ် MH370 ဟာပျောက်ဆုံးနေတာ ၂
ပတ်ကျော်ကြာလာခဲ့ပေမဲ့ လေယာဉ်ကို တွေ့မြင် မှုတွေနဲ့ ပတ်သက်ပြီး
သတင်းတွေကတော့ ဝေဝါးနေဆဲ ဖြစ်ပါတယ်။
နိုင်ငံစုံ ရှာဖွေရေးတွေ လုပ်နေတဲ့ မြင်ကွင်းတွေကိုလည်း ဧရာဝတီက ဖော်ပြပေးလိုက်ပါတယ်။
ငြိမ်းဇော်
RFI - Request for Inqulry
1 day ago

0 comments