Related Posts Plugin for WordPress, Blogger...

From : We Love True



မတ်လ(၂၃)ရက်နေ့မနက်ပိုင်းကမိုးကုတ်မြို့နယ်၊ကျပ်ပြင်အုပ်စု၊ကျပ်ပြင်ဘောလုံးကွင်းမှာNLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ အဖွဲ့ဟာ ၂၀၀၈ခုနှစ်၊ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လူထုဆန္ဒ ခံယူပွဲ ကျင်းပခဲ့ပါတယ်။ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်လို့ လွှတ်တော်အ တွင်းမှာ တရားဝင်ပြင်ဆင်ရေးတွေ လုပ်ဆောင်နေပေမယ့် NLD ပါတီအတွက် အဟန့်အတားဖြစ်နေတဲ့ ၅၉(စ)ကိုပြင်ဆင်မပေးမှာ စိုးရိမ်လို့ အခုလိုမျိုး လူထုအစည်းအဝေးတွေကျင်းပပြီး လှုံ့ဆော်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ကျပ်ပြင်ဘောလုံးကွင်းထဲမှာတော့လူဦးရေ(၂၀၀၀)ခန့်တက်ရောက်ခဲ့ပါတယ်။ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးမှာ ပြည်သူတွေပါဝင်ဖို့ တိုက်တွန်းနှိုးဆော်ခဲ့ပြီးဒေသခံပါတီ ၀င်တွေ ရဲ့မေးခွန်းတွေ ကိုဖြေကြားခဲ့ပါတယ်။

ပါတီတစ်ချို့ရဲ့မေးခွန်းတွေဟာ ထင်မှတ်မထားတဲ့ မေးခွန်းတွေ ဖြစ်နေလို့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရုပ်ပျက်ဆင်းပျက်မဖြစ်အောင် ကြိုးစားပြီးဖြေဆိုခဲ့ရပါတယ်။ မိုးကုတ်မြို့မှာရှိကြတဲ့NLD ပါတီဝင်တွေအနေနဲ့ ပြည်သူတွေအပေါ်မှာ ရှင်းရှင်းလင်းလင်းပြောဆိုခြင်းမရှိဘဲ ငွေကြေးတွေကောက် ခံနေကြပါတယ်။ 

ငွေကြေးအလွဲသုံးစားမှုတွေဖြစ်နေတာနဲ့ပတ်သက်လို့ မိုးကုတ်မြို့နယ် NLD ပါတီဝင် ဦးသန်းထွန်းက မိုးကုတ်မြို့နယ် ပါတီဝင်များအနေနဲ့ တန်ဆောင်တိုင်ပွဲမှာ ရန်ပုံငွေရှာခဲ့ပါကြောင်း၊ လူငယ်ထုအတွင်း ငွေကြေး မကျေနပ်ချက်တွေ ထွက်ပေါ်လာတော့မှ ဓမ္မရံသီဆရာတော် ဘုရားကြီး ဦးဆောင်တည်ဆောက်နေတဲ့ ဓမ္မဗိမာန်တော်ကြီးအတွက် အလှူခံသည်ဟုပြောဆိုခဲ့ပါကြောင်း။ ထိုကိစ္စနှင့်ပတ်သက်၍သိရှိလိုကြောင်း မေးမြန်းခဲ့ပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်က “ယခုပွဲဟာ NLD ပါတီအတွက်လုပ်ဆောင်သည့်ပွဲ မဟုတ်ဘဲ ပြည်သူများ အတွက် လုပ်ဆောင်သည့်ပွဲသာဖြစ်ကြောင်း၊ NLD ပါတီသည် ပြည်သူများအတွက်သာဖြစ်ပြီး ပြည်သူသည် NLD ပါတီအတွက်မဟုတ်ကြောင်း၊ NLD ပါတီဝင်တွေ ငွေကြေးအလွဲသုံးစားလုပ်တဲ့ ကိစ္စနဲ့ပတ်သက်၍လို့ စည်းကမ်းထိန်းသိမ်းရေးကိုတင်ပြရမည်ဖြစ်ပါတယ်” လို့ ဖြေကြားခဲ့ပါတယ်။ မိုးကုတ်က NLD ပါတီဝင် ဦးသန်းထွန်းအနေနဲ့ အခုလိုမျိုးသတ္တိရှိရှိမေးမြန်းလိုက်တာဖြစ်ပေမယ့် အဲဒီမေးခွန်းအပေါ်မှာ ဒေါ်အောင်ဆန်း စုကြည်အနေနဲ့ “သိပ်ဘ၀င်မကျဘူး“လို့ မိုးကုတ်မြို့နယ်NLD ပါတီဥက္ကဋ္ဌဒေါ်ခင်ဝင်းကြည်က ပြောပြခဲ့ ပါတယ်။ ။

ကိုမောင်ဝင်း

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ