Related Posts Plugin for WordPress, Blogger...

စစ်တွေမှာ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ ကူညီကယ်ဆယ်ရေး NGO ရုံးတွေကို ဒေသခံတွေက ခံစားချက်ရှေ့တန်းတင်ပြီး တိုက်ခိုက်တာဟာ ဥပဒေမဲ့လုပ်ရပ်ဖြစ်ပြီး တိုင်းပြည်ပုံရိပ် ကျဆင်းစေတယ်လို့ သမ္မတပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က ပြောဆိုလိုက်ပါတယ်။ 

နိုင်ငံတကာ NGO အဖွဲ့က အမျိုးသမီးဝန်ထမ်းတစ်ယောက်က ရုံးမှာထောင်ထားတဲ့ သာသနာ့အလံကို ဖြုတ်ချလို့ ဖြစ်ပွားခဲ့တဲ့ပဋိပက္ခကို ချက်ချင်းမထိန်းသိမ်းနိုင်ခဲ့တာဟာ ပြည်နယ်အစိုးရရဲ့ အားနည်းချက်လို့ မတ်လ ၂၉ရက်နေ့က ရန်ကုန်မြို့မှာ သတင်းမီဒီယာတွေကို ပြောဆိုခဲ့ပါတယ်။
စစ်တွေမှာ ရဲတပ်ဖွဲ့ အင်အားတစ်ထောင်ကျော်နဲ့ မော်တော်ယာဉ်တွေရှိပေမယ့် တပ်ဖွဲ့တွေကို ဖြန့်ကြက်ပြီး ထိန်းသိမ်းဖို့ ဓာတ်ဆီမလုံလောက်ခဲ့တာကြောင့် အချိန်မီ မထိန်းသိမ်းနိုင်ခဲ့တဲ့အကြောင်း၊ ရခိုင်ပြည်နယ်အစိုးရဟာ ကြိုတင်ပြင်ဆင်ဖို့အားနည်းပြီး လောင်စာဆီအလုံအလောက်ရှိတဲ့ စွမ်းအင်ဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်မှု မလုပ်ခဲ့ဘူးလို့ဆိုပါတယ်။

ဒါ့ကြောင့် ကုလသမဂ္ဂနဲ့ နိုင်ငံတကာအန်ဂျီအိုရုံးတွေကို အကြမ်းဖက်တိုက်ခိုက်သူတွေနဲ့ ပြည်နယ်အုပ်ချုပ်ရေးရဲ့ အဓိကတာဝန်ရှိသူတွေကို စုံစမ်းဖော်ထုတ်အရေးယူဖို့ စုံစမ်းရေးအဖွဲ့ကိုဖွဲ့ထားပြီး လက်ရှိမှာတော့ မတ်လ ၂၆ရက်နေ့က စတင်ခဲ့တဲ့ ပဋိပက္ခအခြေအနေ တည်ငြိမ်စပြုနေပြီလို့ ဆိုပါတယ်။
ရခိုင်ပြည်နယ် ဒေသခံတွေက မနက်ဖြန်မှာစတင်မယ့် ပြည်လုံးကျွတ်သန်းခေါင်းစာရင်းကို သပိတ်မှောက်တဲ့အနေနဲ့ အိမ်တိုင်းမှာ သာသနာ့အလံကို လွှင့်ထူနေကြပါတယ်။ ပဋိပက္ခတွေ ဆက်တိုက်ဖြစ်ပွားနေတဲ့ ရခိုင်ပြည်မှာ သန်းခေါင်စာရင်း မဖြစ်မနေ ကောက်ယူသွားမှာဖြစ်ပြီး မွတ်ဆလင်ဘာသာဝင်တွေက ဘင်္ဂါလီဆိုတဲ့အသုံးအနှုန်းနဲ့ ဖြည့်မှပဲ လက်ခံမှာဖြစ်ပြီး ရိုဟင်ဂျာလို့ဖြည့်ရင် လက်မခံဘူးလို့ ဦးရဲထွဋ်က ပြောဆိုခဲ့ပါတယ်။

စစ်တွေမှာရှိတဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအန်ဂျီအိုရဲ့ ဝန်ထမ်း ၇ဝကျော်ဟာ ရန်ကုန်မြို့ကို ဘေးအန္တရာယ်ကင်းကင်းနဲ့ ပြန်လာနေကြပါတယ်။

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ