မြန်မာပြည်ဖွား
ဂေါ်ရခါးလူမျိုးတွေကို မြန်မာအစိုးရက လာမဲ့ ပြည်လုံးကျွတ် သန်းခေါင်းစာရင်း
ကောက်တဲ့ အချိန်မှာ ဂေါ်ရခါးလူမျိုးနေရာမှာ နီပေါ ဒါမှမဟုတ်
မြန်မာနိုင်ငံတွင်းရှိ အခြားလူမျိုးများ လို့ ကောက်ခံမှာ ဖြစ်တယ်လို့
သိရပါတယ်။
ဒါနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံရောက် မြန်မာပြည်ဖွား
ဂေါ်ရခါးလူငယ်များ အစည်းအရုံးက ချင်းမိုင်မြို့မှာ မတ်လ ၂၇ ရက်နေ့က
ကန့်ကွက်တဲ့အနေနဲ့ ကြေငြာချက် ထုတ်ပြန်ခဲ့ကြပါတယ်။
ဂေါ်ရခါးလူမျိုးတွေဟာ
ကုန်းဘောင်မင်းလက်ထက် ဘိုးတော် ဦးဝိုင်းလို့ခေါ်တဲ့ ပဒုံမင်းလက်ထက်က တည်းက
မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၂၀၀ ကျော် အခြေကျ နေထိုင်လာခဲ့ကြတယ်လို့
သိရပါတယ်။
မြန်မာ နိုင်ငံ
လွတ်လပ်ရေးရပြီးတဲ့နောက် ၁၉၇၃ ခုနှစ်က ပထမအကြိမ် ပြည်လုံးကျွတ်
သန်းခေါင်စာရင်း ကောက်ခံရာမှာတော့ လူမျိုးစု ၁၄၄ ရှိတဲ့အထဲမှာ
ဂေါ်ရခါးလူမျိုးလို့ ထည့် သွင်း ကောက်ခံခဲ့တာ ဖြစ်ပါ တယ်။
၂
ရက်သာလိုတော့တဲ့ တနိုင်ငံလုံး အတိုင်းအတာ နဲ့ သန်းခေါင်စာရင်း
ကောက်ခံတဲ့အခါမှာ လူမျိုး ၁၃၅ မျိုးထဲမှာ မပါတဲ့ လူမျိုးတွေကို အခြား
ဆိုတဲ့ (မြန်မာနိုင်ငံတွင်းရှိ အခြားလူမျိုးများနှင့် အခြားနိုင်ငံခြား
သားများ) ထဲမှာ ထည့်သွင်းထားတယ်လို့ ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး
ဦးခင်ရီက ပြောပါတယ်။
ဂေါ်ရခါးလူငယ်များ အစည်းအရုံးက ထုတ်ပြန်တဲ့
ကြေငြာချက်ကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ လွတ် တော်နဲ့
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင်
သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို ပို့ဆောင်မှာ ဖြစ်ပါတယ်။
(ဓာတ်ပုံ - ငြိမ်းဇော် / ဧရာဝတီ)
ငြိမ်းဇော်
http://blog.irrawaddy.org/
How Brand Mentions and Citations Improve SEO
2 days ago









0 comments