Related Posts Plugin for WordPress, Blogger...




မတ် ၁၉ ရက်က မောင်တောနယ်စပ် အလယ်သံကျော်အုပ်စုတွင် ဘင်္ဂါလီနေအိမ် ခြံဝင်းမြေကျင်းထဲ၌ ၀ှက်ထားသည့် လက်နက်များအား ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သည်။ မောင်တောနယ်စပ် အလယ်သံကျော် အုပ်စုအတွင်း လက်နက်များ ဖမ်းဆီးရမိခြင်းမှာ ယခုအကြိမ်သည် ဒုတိယအကြိမ်မြောက်ဖြစ်ပြီး မတ် ၁၄ ရက်ကလည်း နတ်မြစ်ကမ်းချောင်းအတွင်း ရပ်ထားသော စက်လှေပေါ်မှ ခိုးဝင်လာသော ဘင်္ဂါလီများနှင့်အတူ ခြောက်လုံးပြူး တစ်လက်နှင့် ကျည်ဆန်များ၊ ဓားရှည်များ ဖမ်းဆီးရမိခဲ့သေးသည်။

မတ် ၃၁ ရက်တွင် စတင်ကောက်ယူတော့မည့် ပြည်လုံးကျွတ်သန်းခေါင်စာရင်း နီးကပ်လာချိန်တွင် လူမျိုးရေး ပဋိပက္ခမီးများ မငြိမ်းသေးသည့် ရခိုင်ပြည်နယ်၌ ပြဿနာများထပ်မံ ဖြစ်ပွားလာနိုင်သည့် လက္ခဏာများ ပြသလျက် ရှိနေသည်မှာ ရတက်မအေးစရာဖြစ်သည်။ ယခုလိုလက်နက်များ ဆက်တိုက်ဖမ်းဆီး ရမိနေခြင်းနောက် အကွက်ကျကျ စီမံအကောင်အထည် ဖော်နေသည့် လှုပ်ရှားမှုတစ်ခု ရှိနေသလားဆိုသည့် စိုးရိမ်မှုများကို ဖြစ်ပေါ်စေသည်။ ယခင်ကလည်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ် လာရောက်သည့်အချိန်၊ နိုင်ငံတကာ သံတမန်များလာရောက်သည့် အချိန်များတွင် ဘင်္ဂါလီများဘက်က အကွက်ကျ စီမံပုံဖော်သည့် အဓိကရုဏ်းများ ဖြစ်ပေါ်ခဲ့ဖူးသည်ကို သင်ခန်းစာယူရမည်ဖြစ်သည်။ ဥပမာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာကင်တားနား လာရောက်ရန် ရက်ပိုင်းအလိုတွင် မောင်တောမြို့နယ် ဒုချီးယားတန်း ကျေးရွာတွင် ရဲတပ်ကြပ်ကြီးတစ်ဦး ဘင်္ဂါလီများ၏ ၀ိုင်းဝန်းသတ်ဖြတ်ခံရခြင်း၊ ဘင်္ဂါလီများ အသတ်ခံနေရသည်ဟု ကောလာဟလများ နိုင်ငံတကာ သတင်းမီဒီယာများမှတစ်ဆင့် ဖြန့်ဝေဖိအားပေးခြင်း၊ ကိုယ့်အိမ်ကိုယ် မီးပြန်ရှို့ခြင်းများ ပြုလုပ်ခဲ့ဖူးကြသည်ကို သတိပြုရမည်ဖြစ်သည်။

ယခုတစ်ကြိမ် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရာတွင် ဘင်္ဂါလီများဟု သတ်မှတ်၍ ကောက်ယူမည် သို့မဟုတ် ရိုဟင်ဂျာအမည်ဖြင့် ကောက်ယူမည်စသည့် ကောလာဟလ များကလည်း တစ်ခါနှင့်တစ်ခါ မရိုးနိုင်အောင် တစ်နိုင်ငံလုံး၌ ထွက်ပေါ်လျက်ရှိနေသည်။ ဘင်္ဂါလီများက သူတို့အား ရိုဟင်ဂျာအမည်ဖြင့်သာ စာရင်းကောက်ယူ နိုင်စေရန်အတွက် နည်းလမ်းအမျိုးမျိုးဖြင့် ဖိအားပေးလျက်ရှိနေသည်။ ထိုပဏာမ သန်းခေါင်စာရင်း ကောက်ယူသော လူဝင်မှုကြီးကြပ်ရေး အဖွဲ့ဝင်များ ဘင်္ဂါလီကျေးရွာများတွင် စစ်တမ်းကောက်ယူစဉ်၌ ဘင်္ဂါလီများဘက်က ရိုဟင်ဂျာအဖြစ် အသိအမှတ်ပြု ကောက်ယူရန် အကြမ်းဖက်ဝိုင်းဝန်း တောင်းဆိုခဲ့သည်မှာ သာဓကပင်ဖြစ်သည်။ ဒေသခံရခိုင်တိုင်းရင်းသားများ ဘက်ကလည်း ရိုဟင်ဂျာအဖြစ် ထည့်သွင်းကောက်ယူခြင်း မပြုရန် ပြင်းထန်စွာကန့်ကွက် ဆန့်ကျင်လျက်ရှိနေသည်။

ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူမှု နီးကပ်လာသည်နှင့်အမျှ ရိုဟင်ဂျာအဖြစ်သာ ကောက်ယူရန် ဖိအားပေးနေသည့် ဘင်္ဂါလီအုပ်စုနှင့် ရိုဟင်ဂျာအဖြစ်ကောက်ယူမှုကို လက်သင့်မခံနိုင်သည့် ဒေသခံရခိုင် လူမျိုးများအကြား ပွတ်တိုက်မှုများ ပိုမိုဖြစ်ပွားလာဖွယ် ရှိနေသည်။ ယခင်ကလည်း စနစ်တကျ အစီအမံများဖြင့် အကွက်ချဖိအားပေးလေ့ ရှိခဲ့သည့်အတိုင်း ယခုအခေါက်တွင်လည်း အကွက်ချ လှုံ့ဆော်ဝါဒဖြန့်မှုများ ဖြစ်ပေါ်လာနိုင်သည့် အလားအလာများ ရှိနေသည်ကို လက်နက်ဖမ်းဆီးရမိမှုများ၊ ကိုယ့်ရွာကိုယ်မီးရှို့သည့် အဖြစ်အပျက်များက သက်သေထူလျက် ရှိနေပါသည်။ ထို့ကြောင့် မကြာမီစတင် ပြုလုပ်တော့မည့် ပြည်လုံးကျွတ် သန်းခေါင်းစာရင်း ကောက်ယူမှုတွင် မျှော်လင့်မထားသည့် အန္တရာယ်များ ဖြစ်ပေါ်လာနိုင်မှုအပေါ် အစိုးရရော ဒေသခံများအနေဖြင့်ပါ သတိကြီးစွာဖြင့် စောင့်ကြည့်ပြင်ဆင် ထားရတော့မည်ဖြစ်ကြောင်း The Daily Eleven သတင်းစာက တိုက်တွန်းရေးသား အပ်ပါသည်။



၂၂ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

Posted by Arakan Man on 3/23/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ